နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မတူညီတဲ့ ပွဲစဉ် နှစ်ပွဲ ကစားခဲ့ရသလိုပါပဲ ဆိုတဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

ချဲလ်ဆီး အသင်း ကတော့ ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက်ကို အသည်းအသန် ကစားခဲ့ရပေမယ့် အန်ကွန်ကူရဲ့ နောက်ကျဂိုးနဲ့ အတူ အဝေးကွင်း နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဘုန်းမောက်ရဲ့ ပထမပိုင်း တစ်ပိုင်းလုံး တိုက်စစ်ဖွင့် ခြိမ်းခြောက်မှုကို အသည်းအသန် တောင့်ခံခဲ့ရပြီးတော့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကလည်း ပွဲချိန် ၃၈ မိနစ်မှာ ပေးခဲ့ရတဲ့ အီဗန်နီလ်ဆင်ရဲ့ ပင်နယ်တီ ကိုလည်း ကာကွယ်သွားနိုင်ခဲ့ပါတယ်။ မားကပ်စ် တာဗာနီယာနဲ့ ရိုင်ယန် ခရစ္စတီ တို့ ထွက်ခွာသွားချိန်မှာတော့ အိမ်ရှင်တို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၈၇ မိနစ် မှာတော့ ဧည့်သည် ချဲလ်ဆီး အသင်း အဖိုးတန် အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ကစားသမားသစ် ဂျေဒန် ဆန်ချိုရဲ့ ဖန်တီးပေးမှု ကနေ ခရစ္စတိုဖာ အန်ကွန်ကူက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးက ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပြီး ရမှတ် ၇ မှတ်နဲ့ အတူ အဆင့် ၇ နေရာမှာလည်း ရပ်တည်နိုင်ခဲ့ပါတယ်။

နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာ ကတော့ ပထမပိုင်းမှာ သူ့ရဲ့ အသင်းက ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် အားရစရာ ကောင်းတဲ့ အသင်းရဲ့ တုံ့ပြန်မှုကို ကျေနပ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာက “ကျွန်တော်တို့ မတူညီတဲ့ ဂိမ်း နှစ်ခုကို ကစားခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ အချိတ်အဆက်တွေ မမိခဲ့ဘူး။ Second Balls တွေ မရခဲ့ပါဘူး။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ပိုကောင်းခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

 
ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးက ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပြီး ရမှတ် ၇ မှတ်နဲ့ အတူ အဆင့် ၇ နေရာမှာလည်း ရပ်တည်နိုင်ခဲ့ပါတယ်။
ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ၇ မှတ် ရရှိထားတဲ့ ချဲလ်ဆီး

ဆက်လက်ပြီး မာရက်စ်ကာက “ဘုန်းမောက်က အရမ်းကို ဖိအားပေး ကစားနိုင်ပြီး ကစားသမားချင်း ထိန်းချုပ်ထားနိုင်တဲ့ အသင်း ဆိုတာ ပွဲမစခင်ထဲက ကျွန်တော်တို့ သိပါတယ်။ ခပ်ကြမ်းကြမ်း ကစားတတ်တဲ့ အသင်း တစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ရုန်းကန်ခဲ့ရသလို ဘောလုံးပိုင်ဆိုင်မှု ကလည်း ပိုနည်းခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ပုံစံလုံးဝ ပြောင်းလဲသွားပါတယ်။ ဒါက ဘောလုံးပါပဲ။ နောက်ဆုံး အကြိမ် ပဲလေ့စ်နဲ့ ပွဲမှာ ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ အခွင့်အရေးတွေ ရခဲ့ပေမယ့် သရေကျခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ အဆုံးသတ်မှာ အနိုင်ရခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲမှာ ကွင်းလယ်ဒိုင် ဖြစ်တဲ့ အန်တိုနီ တေလာက အဝါကတ် ၁၅ ကတ် အထိ ပြသခဲ့ရပြီး တကယ့်ကို ကြမ်းတမ်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တာပါ။ ဒီအခြေအနေနဲ့ ပတ်သတ်လို့လည်း မာရက်စ်ကာက “ဒီကွင်းကို လာပြီ ဆိုရင် ခင်ဗျား တို့ရဲ့ တီရှပ်ကို မညစ်ပတ်ပဲ အနိုင်ရဖို့ စဉ်းစားလို့ မရပါဘူး။ မင်း duels တွေ ရဖို့ လိုတယ်၊ တိုက်ခိုက်ရမယ်။ ငါတို့ ဒါကို ၉၅ မိနစ်ကြာ လုပ်နိုင်ရင် အနိုင်ရဖို့ အခွင့်အရေး များပါတယ်။” လို့ ဆိုခဲ့ပါသေးတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာတော့ နိုင်ပွဲ ၂ ပွဲ၊ သရေ ၁ ပွဲ၊ ရှုံးပွဲ ၁ ပွဲ ရမှတ် ၇ မှတ် ရရှိထားပါတယ်။ ဘုန်းမောက် ကတော့ ၄ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး ၅ မှတ် ရရှိထားပြီး အဆင့် ၁၁ နေရာမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်