နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဟယ်ရီကိန်းကို ဂုဏ်ပြုခဲ့တဲ့ ဝိန်း ရွန်နီ၊ ၄၅ စက္ကန့် အတွင်း အဝါ နှစ်ကြိမ်ထိလို့ ထုတ်ပယ်ခံခဲ့ရတဲ့ လုခ်ရှော (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အင်္ဂလန်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဟယ်ရီကိန်းကို ဂုဏ်ပြုခဲ့တဲ့ ဝိန်း ရွန်နီ၊ ၄၅ စက္ကန့် အတွင်း အဝါ နှစ်ကြိမ်ထိလို့ ထုတ်ပယ်ခံခဲ့ရတဲ့ လုခ်ရှော စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၄ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟယ်ရီကိန်းကို ဂုဏ်ပြုခဲ့တဲ့ ဝိန်း ရွန်နီ

အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဝိန်း ရွန်နီက အီတလီ အသင်းနဲ့ ပွဲမှာ နိုင်ငံ အသင်း အတွက် အဖိုးတန် အနိုင်ဂိုး သွင်းပြီး သူ့ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ဟယ်ရီကိန်းကို ဂုဏ်ပြုခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ အီတလီနဲ့ ပွဲမတိုင်ခင်က ဝိန်း ရွန်နီနဲ့ အင်္ဂလန် လက်ရွေးစင်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ပူးတွဲ ရပ်တည်နေခဲ့တာပါ။

ဒါပေမယ့် ဒီပွဲမှာ ဟယ်ရီကိန်းက ပင်နယ်တီ ကနေ ဂိုးသွင်းပြီးနောက် ၅၄ ဂိုးနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝိန်းရွန်နီက ဒီစံချိန်ကို ၂၀၁၅ ကတည်းက တင်ထားခဲ့တာ ဖြစ်ပြီး အခုလို စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဟယ်ရီကိန်းကို ချက်ချင်းပဲ ဂုဏ်ပြုသွားခဲ့တာပါ။

ပရီးမီးယား လိဂ်
အာဆင်နယ်
လိဒ် ယူနိုက်တက်
1X2 လိဒ်ယူနိုက်တက် 8.00
လိဒ်ယူနိုက်တက် အာရှ ဟန်းဒီးကပ် +1.50 @ 2.00
ဂိုးပေါ် 3.00 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဝိန်း ရွန်နီက “အင်္ဂလန် အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ အတွက် ဂုဏ်ယူပါတယ် ဟယ်ရီရေ။ ဒါက အချိန် သိပ်မကြာဘူး ဆိုတာ သိပေမယ့် မြန်မြန်ဆန်ဆန်ပဲ ဖြစ်သွားခဲ့ပါတယ်။ မင်းက ကြီးကျယ် ခမ်းနားတဲ့သူ၊ မယုံနိုင်စရာ ကောင်းလောက်အောင် ဂိုးသွင်းနိုင်သူနဲ့ အင်္ဂလန်ရဲ့ ဂန္တဝင်ပါ” တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ ဒီပွဲမှာ ဟာရီကိန်းရဲ့ စံချိန်ချိုးခြင်းနဲ့ အတူ အီတလီ ကိုလည်း ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တာပါ။ ဒီနိုင်ပွဲဟာ အင်္ဂလန် အတွက် အီတလီကို ၁၉၆၁ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းက ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်း အတွက်လည်း ပွဲပေါင်း ၄၁၈ ပွဲ ကစာပြီး ၂၇၀ ဂိုး သွင်းယူပေးထားပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကစားသမား ဘဝ တစ်လျှောက်လုံးမှာ ကလပ်နဲ့ရော နိုင်ငံအသင်းနဲ့ပါ ဆုဖလား အောင်မြင်မှု လုံးဝ မရဖူးသေးသူ ဖြစ်ပါတယ်။


၄၅ စက္ကန့် အတွင်း အဝါ နှစ်ကြိမ်ထိလို့ ထုတ်ပယ်ခံခဲ့ရတဲ့ လုခ်ရှော

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လုခ်ရှော ကတော့ အင်္ဂလန် အတွက် အီတလီနဲ့ ယူရို ခြေစစ်ပွဲကို ဝင်ရောက် ကစားပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်မှာ ခြေစွမ်းပြနေတဲ့ လုခ်ရှောဟာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး နိုင်ငံ အသင်း အတွက်လည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ကလပ်မှာ ခြေစွမ်းပြနေတဲ့ လုခ်ရှောဟာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး နိုင်ငံ အသင်း အတွက်လည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
၄၅ စက္ကန့် အတွင်း အဝါကတ် ၂ ကြိမ်ပြကာ ထုတ်ပယ်ခံရတဲ့ လုခ် ရှော

လုခ်ရှောဟာ ပထမတကြိမ် အဝါကတ် ထိပြီးနောက် ၄၅ စက္ကန့် အကြာမှာပဲ နောက်ထပ် တစ်ဝါ ထပ်ပြီး ထိခဲ့တာပါ။ အီတလီ ကစားသမား မက်တီယိုရီ တီဂွီကို ပြစ်ဒဏ် ထပ်မံ ကျူးလွန်ခဲ့လို့ ကွင်းလယ်ဒိုင် ဂျိုဗန်နိုဗစ်က သူ့ကို အနီကတ်ပါ ပြသသွားခဲ့ရပါတယ်။ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ အင်္ဂလန်ဟာ အနိုင်ဂိုးကို ထိန်းနိုင်ဖို့ ခံစစ်အားပြုခဲ့ရပေမယ့် ၂-၁ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် လုခ်ရှော အထုတ်ခံခဲ့ရလို့ ထရစ်ပီယာ နေရာမှာ အစားဝင်လာတဲ့ ဖီးလ် ဖိုဒန်ဟာ ၁၂ မိနစ်သာ ကစားရပြီးနောက် လူစား ပြန်လဲခံခဲ့ရသေးပါတယ်။


ကစားသမားဘ၀ သွင်းဂိုး ၈၀၀ ပြည့်ဂိုးကို အလွတ်တည်ကန်ဘောကနေ မက်ဆီသွင်းယူ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဒီနေ့ မနက်က ကစားခဲ့တဲ့ ပနားမားနဲ့ ခြေစမ်းပွဲမှာ ကစားသမား ဘ၀ ၈၀၀ ပြည့် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၉ မိနစ်မှာ မက်ဆီက အလွတ်တည်ကန်ဘော ကနေ လှလှပပ သွင်းယူခဲ့တာ ဖြစ်ပြီး သူ့အတွက်တော့ တကယ့်ကို အမှတ်တရ ဖြစ်စေမယ့် ဂိုးလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံ တို့ဟာ ပနားမားကို အနိုင်ရဖို့ အနည်းငယ်တော့ အားစိုက်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုး လုံး၀ မသွင်းနိုင်ခဲ့ဘဲ ပွဲချိန် ၇၈ မိနစ် ရောက်မှ သီယာဂို အယ်လ်မာဒါက အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီက ၈၉ မိနစ်မှာ နောက်ထပ် တစ်ဂိုး ထပ်သွင်းခဲ့လို့ ၂-၀ နဲ့ ပနားမားကို အနိုင်ရရှိခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနား အတွက် ၉၈ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပြီး ကလပ် သွင်းဂိုး ကတော့ ၇၁၂ ဂိုး အထိ ရှိနေခဲ့တာပါ။ ထူးခြားမှု တစ်ခု ကတော့ ဂုတ်ကြီး ရော်နယ်ဒိုက ပေါ်တူဂီ အတွက် အလွတ်တည်ကန်ဘော ကနေ ဂိုးသွင်းယူနိုင်ခဲ့သလိုပဲ အာဂျင်တီးနား ဂုတ် ကလည်း အားကျမခံဘဲ အလွတ်တည်ကန်ဘော ကနေ ဂိုးသွင်းပြခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်