နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှားမခံစတမ်း ကစားဦးမယ့် ဗီလာ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ – ဘုန်းမောက်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ အက်စတွန်ဗီလာက ဘုန်းမောက်ကို ဗီလာပါ့ခ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် အားစိုက်နေတဲ့ ဗီလာတို့ ခြေစွမ်းထက်မြတ်နေတဲ့ ဘုန်းမောက်ကို အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပရီးမီးယားလိဂ်ကို အာရုံစိုက်နေသလို တစ်ဖက်က ယူရိုပါကွန့်ဖရင့်လိဂ် မှာလည်း ဆီမီးဖိုင်နယ် တက်သွားပါပြီ။ ဗီလာဟာ အမ်မရီ လက်အောက်မှာ တောက်လျောက် တိုးတက်နေတဲ့ အသင်း ဖြစ်ပြီး အချိန်တိုတွင်း ထိပ်သီး ၄ သင်း နေရာ ဝင်လာတာ ကလည်း အားရစရာပါ။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာဆိုရင် အာဆင်နယ်ကို အမ်းမရိတ်စ်မှာ ပါးပါးနပ်နပ်နဲ့ အနိုင်ယူထားတဲ့ ဗီလာက အဆင့် ၅ နေရာက စပါးထက် တစ်ပွဲသာ ၃ မှတ် ဖြတ်ထားပါတယ်။ ဗီလာရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားလို့ မဆိုးဘူးလို့ ပြောရပါမယ်။

ဘုန်းမောက် ကလည်း နောက်ပိုင်း ပွဲတွေမှာ ခြေပြန်မှန်နေပြီး လူတန်ကို မထင်မှတ်ပဲ ရှုံးခဲ့တာက လွဲရင် ကျန်ပွဲတွေမှာ ရလဒ်ကောင်းခဲ့ပါတယ်။ ဘုန်းမောက်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ မှာ ယူနိုက်တက်လို အသင်းကိုတောင် ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ကံဆိုးလို့သာ သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေတဲ့ ဘုန်းမောက်ဟာ ဖိအား ကင်းကင်းနဲ့ ကစားနိုင်ဖို့ ရှိပြီး ဗီလာကို နောက်ထပ် တစ်ကြိမ် ဒုက္ခပေးနိုင်ဦးမလား ဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို ဗီလာ ဘက်က ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မင်းဂ်၊ ဇန်နီအိုလို၊ ဟော့စ်၊ ရမ်ဆေး၊ ဘူအန်ဒီရာ၊ ကာမာရာ၊ မိုရီနို တို့ လွဲချော်ဖို့ ရှိနေပါတယ်။ 

ဘုန်းမောက် ဘက်မှာလည်း တိုင်လာ အဒမ်၊ ဖရက်ဒရစ်ခ်၊ တာဗာနီယာ၊ ဆင်နီစတာရာ၊ မီဖမ်း၊ ဆီမီညို တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘုန်းမောက်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ မှာ ယူနိုက်တက်လို အသင်းကိုတောင် ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ကံဆိုးလို့သာ သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေတဲ့ ဘုန်းမောက်

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ လန်းဂ်လတ်၊ ကွန်ဆာ၊ ဒစ်ဂ်နီး၊ မက်ဂင်းန်၊ တေးလီမန့်စ်၊ ဘိုင်လီ၊ ရော်ဂျာ၊ ဒီယာဘီ၊ ဝက်ကင်န်

ဘုန်းမောက် – နီတို၊ စမစ်သ်၊ ဇဘာညီ၊ ဆီနက်ဆီ၊ ကယ်လီ၊ ခရစ္စတီ၊ ကွတ်ခ်၊ ဆီမီညို၊ စကော့တ်၊ ကလွိုင်ဗက်၊ ဆိုလန်ကီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ အက်စတွန်ဗီလာက ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဘုန်းမောက်က ၄ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ဘုန်းမောက်က ၂ ကြိမ် အနိုင်ရထားပြီး ဗီလာ ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ တွေ့ဆုံမှုမှာလည်း တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၁.၈၄ ဆ၊ ဘုန်းမောက် နိုင်ရင်တော့ ၃.၄၈ ဆ၊ သရေ ဆိုရင်တော့ ၃.၇၀ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အက်စတွန်ဗီလာက သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ ကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ အနည်းဆုံး ၃ လုံးက စဖွင့်ပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းက လက်ရှိမှာ ခြေစွမ်း ထက်မြတ်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အားစိုက်နေလို့ ဘုန်းမောက်တို့ မလွယ်ပါဘူး။ ဘုန်းမောက် ကလည်း အဆိပ်ရှိတဲ့ အသင်း ဖြစ်လို့ ဗီလာတို့ လျှော့တွက်ရင်လည်း မှားပါလိမ့်မယ်။ မဖြစ်မနေ ရွေးချယ်ရမယ် ဆိုရင်တော့ အိမ်ရှင် ဗီလာ ဘက်မှာပဲ နေချင်ပါတယ်။ ကြိုက်တာ ကတော့ ဂိုးပေါင်း အပေါ်ပါ။


ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၃-၂ ဘုန်းမောက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်