နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှားလုပ်ပြီးတိုင်း တောင်းပန်တဲ့ PGMOL၊ လန်ဒန် ကြက်ကြီးရဲ့ အငြင်းပွားဖွယ် နိုင်ပွဲနဲ့ နစ်နာခဲ့ရတဲ့ ကြိုးကြားနီ (ပရီးမီးယားလိဂ်)

မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ လစ်ဗာပူးလ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အငြင်းပွားစရာတွေ တော်တော်များခဲ့ပြီး VAR နဲ့ ဒိုင်လူကြီး ဖျင်းချက်က ဩချရလောက်အောင် ဖြစ်ခဲ့ပြီး လစ်ဗာပူးလ်တို့ မိအေး ၂ ခါနာခဲ့ရပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ဘစ်ဆူးမားရဲ့ ခြေကျင်းဝတ် အထက်ပိုင်းကို မတော်တဆ တက်နင်းမိတဲ့ ကာတစ် ဂျုံးစ်ကို ဘယ်အချိန်ကတည်းက အမြင်ကတ်နေမှန်း မသိတဲ့ VAR က ထုတ်ကွာ ဆိုတာနဲ့ ဒိုင်လူကြီး ကလည်း အဆင်သင့် နှိုက်ထားပြီးသား အနီကတ်ကို ထုတ်ပြခဲ့လို့ လစ်ဗာပူးလ်တို့ စောစောစီးစီး တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာပါ။
တစ်ယောက်လျော့သွားတဲ့ ပြိုင်ဘက်ကို စပါးက ပိုဖိလာပြီး ကလော့ပ်ရဲ့ အသင်းက ကောင်တာ တစ်ခုတည်း အားကိုးခဲ့ရပါတယ်။ အခြေအနေမလှ ဖြစ်ခဲ့ပေမယ့်လည်း ၃၄ မိနစ်မှာ ဆာလာရဲ့ ပေးပို့မှု ကနေ လူးဝစ္စ ဒီးယက်ဇ်က ပက်ဒရို ပေါ်ရိုနဲ့ ယှဉ်ပြေးပြီး အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့ပေမယ့် ကောင်းခန်းရောက်ရင် ဗီလိန်ဝင်သလို VAR က တစခန်း ထလာပြန်ပါတယ်။ ဘယ်လိုမျဉ်းပဲ ဆွဲဆွဲ လူမကျွံတဲ့ အနေအထားကြီးကို VAR က မသိဘူး ကျွံတယ် ဇွတ်လုပ်ခဲ့လို့ ကလော့ပ် တစ်ယောက် ပေါက်ကွဲခဲ့ရပြီး ၃၆ မိနစ်မှာ ဒီလောက် မျက်နှာသာ ပေးတာတောင် ဂိုးမသွင်းနိုင်ရင် မဖြစ်ပေတော့ဘူး ဆိုတဲ့ပုံစံနဲ့ စပါးတို့ ဂိုးသွင်းယူခဲ့ပါတယ်။

ကံကောင်းခဲ့တဲ့ စပါး ကတော့ ဒီရာသီ အတွက် ၅ ပွဲ မြောက် ပရီးမီးယားလိဂ် နိုင်ပွဲနဲ့ အတူ ရှုံးပွဲ မရှိ စံချိန်ကို မြို့ခံပြိုင်ဘက် အာဆင်နယ်လိုပဲ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
မကြာခဏဆိုသလို အမှားတွေ လုပ်နေတဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးများ

ဒီဂိုးမှာ ဘယ်ခြမ်းမှာ နောက်ခံ တောင်ပံလိုလို ဗဟိုခံစစ်လိုလို မမဆောင်းဆန်နေတဲ့ ဂျိုး ဂိုးမက်ဇ်ရဲ့ ဖင်လေးနေမှုကို ရစ်ချာလီဆန်က အခွင့်ကောင်းယူ ကျော်ပြေးပြီး ဂိုးရှေ့ ချိုးပေးခဲ့ရာမှာ ဗန်ဒိုက်ခ်နဲ့ မက်တစ်ပ် တို့ကြား ဆွန်ဟောင်မင်က ရအောင် ပြေးထွက်ပြီး အနီးကပ် ပိတ်သွင်းယူသွားခဲ့တာပါ။ နာကျင် အချိန်ပို ၄ မိနစ်မှာ လစ်ဗာပူးလ်က ဆဘို့ဇ်လိုင်းရဲ့ ဖြတ်တင်ပေးပို့မှုကို ဗန်ဒိုက်က ခေါင်းတိုက်ပြန်ချပေးခဲ့ရာ ကနေ ဂတ်ခ်ပိုက တစ်ပတ်လှည့်ပြီး လှလှပပ ကန်သွင်းယူပြီး ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကလော့ပ် ကိုယ်တိုင် နောက်ပိုင်းမှာ နဖူးရိုက်မိပြီး ငါမလုပ်မိရင် အကောင်းသား ဆိုတဲ့ အတွေးမျိုး တွေးခဲ့မယ့် ဂျိုတာကို ဂက်ခ်ပို နေရာမှာ လူစားလဲလှယ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ၂ မိနစ်အတွင်း ၂ ဝါထိပြီး ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နှစ်ယောက်အထိ အထုတ်ခံခဲ့ရပြီးတဲ့ နောက်မှာတော့ ကလော့ပ်ဟာ ဒီယက်ဇ်၊ ဂျိုး ဂိုးမက်ဇ်၊ ဆာလားနဲ့ မာ့ခ် အယ်လစ္စတာတို့ နေရာမှာ အန်ဒို၊ ကိုနာတေး၊ အာနိုးနဲ့ ဂရာဗင်ဘာ့ချ် တို့ကို ထည့်သွင်းပြီး ခံစစ်ပိတ်ဆော့ဖို့ လုပ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ပြည့်လို့ နာကျင်အချိန်ပိုမှာ လစ်ဗာပူးလ်တို့ ကံအဆိုးဆုံး အခိုက်အတန့်နဲ့ ရင်ဆိုင်ခဲ့ရပြီး စကစ်ပ်ရဲ့ ဂိုးသွင်းယူမှုကို တားဆီးဖို့ ကြိုးပမ်းခဲ့တဲ့ မာတစ်ပ်က မက်ဂွိုင်းယား ဆန်ဆန် ကန်ချက်နဲ့ OG သွင်းသွားလို့ တစ်ပွဲလုံး ကောင်းခဲ့တဲ့ အယ်လစ်ဆန် ချုံးပွဲချ ငိုချင်စိတ်ပေါက်သွားခဲ့ရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာ ယူနိုက်တက်
ဂါလာတာစရေး စတား
1X2 မန်ချက်စတာ ယူနိုက်တက် @ 1.41
ဂိုးအောက် 3.00 @ 1.91
ဂိုးပေါင်း 2-3 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ်ဟာ ၂ ယောက်လျော့နဲ့တောင် စပါး အိမ်ကွင်းမှာ အကောင်းဆုံး စိတ်ဓာတ်ပိုင်းနဲ့ သရေ ၁ မှတ် ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေ အထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း VAR နဲ့ ဒိုင် ပူးပေါင်းမှုကြောင့် ဒီရာသီ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ PGMOL က ဒီတိုင်းနေလို့ မဖြစ်တော့မှန်းသိလို့ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံဘော အဖြစ် ပယ်ဖျက်ခဲ့တာက သိသာထင်ရှားတဲ့ လူသားအမှား ဖြစ်တယ်လို့ အောက်က ဒိုင်လူကြီးတွေကို ခေါင်းရောင်းလိုက်ပြီး ကလော့ပ် ကတော့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ခုမှ ဒါတွေ လာပြောနေလဲ ငါတို့က အမှတ် မရတော့ဘူးကွလို့ ပြန်ပြောသွားပါတယ်။

ဒီပွဲအပြီး မှာတော့ လစ်ဗာပူးလ်တို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ရှုံးပွဲနဲ့ အတူ အဆင့် ၄ နေရာကို ဆင်းပေးခဲ့ရပါတယ်။ ကံကောင်းခဲ့တဲ့ စပါး ကတော့ ဒီရာသီ အတွက် ၅ ပွဲ မြောက် ပရီးမီးယားလိဂ် နိုင်ပွဲနဲ့ အတူ ရှုံးပွဲ မရှိ စံချိန်ကို မြို့ခံပြိုင်ဘက် အာဆင်နယ်လိုပဲ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်