နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမား ၃ ဦး ထပ်ခေါ်ဦးမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ယူရို သန်း ၁၀၀ ကျော် သုံးစွဲပြီး ကစားသမား နှစ်ဦး ခေါ်ယူထားခဲ့သလို လက်ရှိ မှာလည်း နောက်ထပ် ကစားသမား ၃ ဦးနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီ ဈေးကွက်မှာပဲ တကယ်ကို စနစ်တကျနဲ့ အားရစရာ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ ပြုလုပ်နေပြီးတော့ ဆက်လက်လည်း လုပ်ဆောင်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေဟာ ပြိုင်ဘက် အသင်းတွေထက် တော်တော်လေး အားရ ကောင်းမွန်နေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကစားသမားသစ် (၂)ဦး ခေါ်ယူထားပြီးနောက် ကစားသမား ၅ ဦးကို လက်လွှတ်ထားခဲ့တဲ့ ယူနိုက်တက်က လက်ရှိမှာတော့ နောက်ထပ် ကစားသမား ၃ ဦးကို ထပ်မံ ခေါ် ယူသွားဖို့လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် အဲ့ဒီ ကစားသမား ၃ ဦး အတွက် သက်ဆိုင်ရာ ကလပ်တွေနဲ့ ဆွေးနွေး ညှိနှိင်းမှုတွေ လုပ်ဆောင်လျက် ရှိပြီး မကြာခင်မှာတော့ ထူးခြားလာဖွယ် ရှိနေပါသေးတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ယိုရိုကို အသင်းဆီ တရားဝင် ခေါ်ယူ အပြီး မှာတော့ ယိုရိုနဲ့ အေးဂျင့် အတူတူပဲ ဖြစ်တဲ့ ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ထပ်မံ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ ပီအက်စ်ဂျီ နဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ကြိုးပမ်းနေပြီး ပီအက်စ်ဂျီ ကလည်း ဆန်ချိုကို လိုချင်နေလို့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ်လည်း ရှိနေပါတယ်။ ပီအက်စ်ဂျီဟာ အူဂါတီ အတွက် ယူရို သန်း ၇၀ လိုချင်နေပြီး ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ဘယ်လိုမျိုး ဆက်စပ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ဒီလစ်ဂျ် အတွက် ယူရို သန်း ၄၀ ထက် မပိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းချင်နေပေမယ့် ဘေယန် ဘက်ကတော့ ယူရို သန်း ၅၀ အနိမ့်ဆုံး ရမှ ရောင်းချသွားချင်နေပါတယ်။
ကစားသမား နှစ်ဦး အတွက် ယူရို သန်း ၁၀၀ ကျော် သုံးစွဲထားတဲ့ ယူနိုက်တက်

ဒါ့အပြင် ယူနိုက်တက်က လီနီ ယိုရိုကို မခေါ်ယူခင် အဓိက ပစ်မှတ် ဖြစ်ခဲ့တဲ့ မားသီးယက်စ် ဒီလစ်ဂျ်နဲ့ အပြောင်းအရွှေ့ အတွကလည်း ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဘေယန် ဘက်ကလည်း ဒီလစ်ဂျ်ကို ရောင်းထုတ်မယ့် အရိပ်အယောင် မှာရှိနေပြီး ပြောင်းရွှေ့ကြေး အတွက်ပဲ ညှိနှိုင်းသွားရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ဒီလစ်ဂျ် အတွက် ယူရို သန်း ၄၀ ထက် မပိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းချင်နေပေမယ့် ဘေယန် ဘက်ကတော့ ယူရို သန်း ၅၀ အနိမ့်ဆုံး ရမှ ရောင်းချသွားချင်နေပါတယ်။

အပြီးသတ် ဝယ်ယူဖို့ ရှိတဲ့ ကစားသမားတွေ အပြင် ယူနိုက်တက်က မနှစ်က အငှား+အပြီးသတ် ခေါ်ယူခွင့် သဘောတူညီမှုနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ကြောင်း ဖီအိုရင်တီးနား အသင်းထံ အကြောင်းကြားထားပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် တစ်ရာသီ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ဒါမှမဟုတ် ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူဖို့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ယူနိုက်တက်က မိုနာကို ကွင်းလယ်လူ ဖိုဖာနာနဲ့ ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီ တို့ကိုလည်း စိတ်ဝင်စားမှု ပြသထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်