နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချို အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ အလိုရှိနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချို ကတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ချဉ်းကပ်မှုတွေ စတင် ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ပီအက်စ်ဂျီ အပြင် ဂျုဗင်တပ်စ် ကလည်း စိတ်ဝင်စားနေတဲ့ ဂျေဒန် ဆန်ချိုကို ပြောင်းရွှေကြေး ပေါင် သန်း ၄၀ လောက်ရရင် ရောင်းထုတ်သွားဖို့ ရှိနေကြောင်း The Mirror က ဖော်ပြလာခဲ့ပါတယ်။

ဆန်ချိုက နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ပြန်လည် အဆင်ပြေခဲ့ပြီးနောက် ရိန်းဂျားစ်နဲ့ ခြေစမ်းပွဲ မှာလည်း ယူနိုက်တက် အတွက် ပြန်လည် ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန်ချို အနေနဲ့ ယူနိုက်တက်ရဲ့ ဘယ်ခြမ်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချို တို့ ရှိနေတာကြောင့် ပွဲထွက်ခွင့် အတွက် မသေချာသလို အသင်း ဘက်ကလည်း အသင်းမှာ ဆက်ထားဖို့ထက် ရောင်းထုတ်ဖို့ပဲ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ဆန်ချိုက ပရီးမီးယားလိဂ် ကလပ်မှာ ဆက်နေဖို့ထက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားလာခဲ့ပါတယ်။ ဆန်ချိုဟာ ပီအက်စ်ဂျီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ နီးစပ်လျက်ရှိပြီး ယူနိုက်တက် ဘက်ကတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ယတိပြတ် ဆုံးဖြတ်ချက် မချရသေးပါဘူး။ သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်က ဆန်ချို အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ လောက် အလိုရှိနေပြီး ပီအက်စ်ဂျီ ဘက်က ပေးချေမယ် ဆိုရင်တော့ အပြောင်းအရွှေ့ ချက်ချင်း ဖြစ်မြောက်သွားဖို့ ရှိနေပါတယ်။

လက်ရှိ အခြေအနေအရ ဆန်ချိုက ပရီးမီးယားလိဂ် ကလပ်မှာ ဆက်နေဖို့ထက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားလာခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ တန်ဟက်ဂ်နဲ့ ပြန်လည် အဆင်ပြေနေခဲ့တဲ့ ဆန်ချို

Foot Mercato ကလည်း ပီအက်စ်ဂျီက အသင်း ကနေ ထွက်ခွာသွားတဲ့ ကီလီယန် အမ်ဘာပေးရဲ့ နေရာမှာ အစားထိုးဖို့ ဆန်ချိုကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြထားပါတယ်။ အသက် ၂၄ နှစ် အရွယ် အင်္ဂလန် ဘယ်တောင်ပံ ကစားသမားက ၂၀၂၁ ခုနှစ်မှာ ဒေါ့မန် ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက ယူနိုက်တက်နဲ့ အံ့မဝင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း နည်းပြ တန်ဟက်ဂ် နဲ့ပါ အချင်းများပြီး အသင်းဟောင်း ဒေါ့မန်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။

လက်ရှိမှာတော့ ဆန်ချိုနဲ့ တန်ဟက်ဂ်တို့ အကြားမှာ ဆက်ဆံရေး ပြန်လည် ပြေလည်သွားပြီလို့ သိရပြီး တန်ဟက်ဂ် ကလည်း ဆန်ချိုကို ပြန်ရလိုက်တာ အရမ်းကောင်းကြောင်း ဖွင့်ဟထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလို အဆင်ပြေသွားခဲ့သည့်တိုင်အောင် ဆန်ချိုဟာ ယူနိုက်တက်မှာ သေချာမှု မရှိသေးပဲ ဒီကစားသမားကို ဂျုဗင်တပ်စ် အပြင် ပီအက်စ်ဂျီကပါ ကမ်းလှမ်းမှု လုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းတွေ အရ ဆိုရငတော့ ပီအက်စ်ဂျီနဲ့ ယူနိုက်တက် တို့ အကြားမှာ ဆန်ချို အပြောင်းအရွှေ့ အပြင် ဥရုဂွေး ကွင်းလယ်လူ မန်ဝဲလ် အူဂါတေးရဲ့ အပြောင်းအရွှေ့ပါ ပါဝင်ပတ်သက်လာဖို့တော့ ရှိနေပါတယ်။ ယူနိုက်တက် ကလည်း အူဂါတီကို ခေါ်ယူဖို့ ပုဂ္ဂိုလ် ရေးဆိုင်ရာ သဘောတူညီချက်က ရရှိထားပြီ ဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီ ကတော့ အူဂါတီ အတွက် ပေါင် သန်း ၇၀ လောက်အထိ အလိုရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက်-ဆန်ချို-အူဂါတီ-ပီအက်စ်ဂျီ အပြောင်းအရွှေ့ ဇာတ်လမ်းက ဘယ်လိုမျိုး အဆုံးသတ်မလဲ ဆိုတာ စောင့်ကြည့်ရဖို့တော့ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်