ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လိဂ်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် အနေနဲ့ တောင်ကိုရီးယား လက်ရွေးစင် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆွန်ဟောင်မင် ကတော့ လက်ရှိ ရာသီအကုန်မှာ စပါးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်အရ ဆိုရင်တော့ စပါး ဘက်က ဆွန်ကို တစ်နှစ် ထပ်မံ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက် ပါဝင်နေပေမယ့်လည်း လမ်းခွဲဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင် အနေနဲ့ လက်တလောမှာ ခြေစွမ်းပြနေပေမယ့်လည်း လာမယ့် ဇူလိုင်လ မှာတော့ အသက် ၃၃ နှစ် ပြည့်မှာ ဖြစ်တာကြောင့် စပါးက သက်တမ်းတိုးလိုခြင်း မရှိတော့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဒီလို အခြေအနေမှာ ဆွန်ဟောင်မင်ကို ခေါ်ယူချင်တဲ့ ဥရောပထိပ်တန်း ကလပ် များစွာ ရှိလာပြီး အဲဒီ အထဲမှာ ယူနိုက်တက်လည်း ထိပ်ဆုံးက ပါဝင်လာတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ကြယ်ပွင့် ဆွန်ဟောင်မင် ကတော့ ဟယ်ရီကိန်း အသင်း ကနေ ထွက်ခွာသွားချိန်က စပြီး စပါးရဲ့ အသင်းခေါင်းဆောင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ရာသီမှာ တော့တင်ဟမ်ဟော့စပါးမှာ ၁၀ ရာသီမြောက် အဖြစ် ကစားနေတာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင် ကတော့ ဂျာမန် ကလပ် ဟမ်းဘတ်နဲ့ အတူ ကစားသမားဘဝ စတင်ခဲ့ပြီးတော့ ၂၀၁၀ ကနေ ၂၀၁၃ အထိ ၇၈ ပွဲ ကစားကာ ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ် မှာတော့ လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့ပြီးတော့ နှစ်ရာသီကျော် ကာလ အတွင်း ၈၇ ပွဲ ကစားကာ ၂၉ ဂိုး သွင်းယူခဲ့ပါတယ်။ ဆွန်ဟာ ၂၀၁၅ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့ခဲ့ပြီးတော့ လက်ရှိ အချိန်ထိ ပွဲပေါင်း ၄၂၃ ပွဲ ကစား ၁၆၆ ဂိုး သွင်းယူထားပါတယ်။ ဆွန် အနေနဲ့ ဒီရာသီ မှာတော့ ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားပြီး ၄ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဆွန်ဟောင်မင်ကို ခေါ်ယူလိုတဲ့ အသင်းတွေ အထဲ မှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ဘွန်ဒက်စ်လီဂါ ကလပ် များစွာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက် ကတော့ နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ တိုက်စစ်ပိုင်း အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ပရိသတ် တော်တော်များများ ကတော့ ကစားသမားရဲ့ အသက်အရွယ်ကြောင့် ခေါ်ယူစေလိုခြင်း မရှိဘူးလို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.