နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီမစခင်မှာပဲ အဓိက ကစားသမား ၂ ဦး ဒဏ်ရာရသွားတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဒီကနေ့ မနက်မှာ ကစားသွားတဲ့ ရာသီကြို ခြေစမ်းပွဲမှာတော့ အာဆင်နယ်ကို သာမန် ပွဲချိန် အတွင်း ၂-၁ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ပင်နယ်တီ ကန်သွင်းရာမှာတော့ ၃-၄ ရလဒ်နဲ့ ပြန်လည် အနိုင်ရခဲ့ပေမယ့် အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ လီနီ ယိုရိုတို့ ဒဏ်ရာ ရရှိခဲ့တာက အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ SoFi အားကစားကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်က ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး နှစ်သင်းစလုံးက လူငယ် ကစားသမားလေးတွေရဲ့ ခြေစွမ်းခြေစတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ဟွိုက်ဂျ်လန်းက ပွဲချိန် ၁၀ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဂျေဇုစ်က ချေပဂိုးနဲ့ မာတင်နယ်လီက အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ အာဆင်နယ်ကို ၁-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒီရှုံးပွဲဟာ ယူနိုက်တက် အတွက် ရာသီကြို ခြေစမ်းပွဲ ဒုတိယမြောက် ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ခြေစမ်းပွဲ ဖြစ်တာကြောင့် အနိုင်အရှုံး ရလဒ်က အရေးမပါခဲ့ပေမယ့် အဓိက ကစားသမား နှစ်ဦး ရာသီသစ် မစတင်ခင်မှာ ဒဏ်ရာရသွားတာ ကတော့ ယူနိုက်တက် အတွက် စိတ်ပျက်စရာပါပဲ။

ဒိန်းမတ် တိုက်စစ်မှူး ဟွိုက်ဂျ်လန်းဟာ အဖွင့်ဂိုး သွင်းပြီး ၆ မိနစ် အကြာမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရသလို အသစ်စက်စက် ခံစစ် ကြယ်ပွင့်လေး လီနီ ယိုရို ကိုတော့ ၃၅ မိနစ်မှာ ဘန်းနက်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ တန်ဟက်ဂ်ရဲ့ ပြောကြားချက် အရတော့ ကစားသမား နှစ်ဦးစလုံးရဲ့ ဒဏ်ရာတွေ အတွက် လက်တလော ပြောရခက်ပြီး ၂၄ နာရီကြာ စောင့်ကြည့်သွားရမယ်လို့ သိရပါတယ်။

ဝါရင့်ဗဟိုနောက်ခံလူ ဂျွန်နီ အီဗန့်စ် ကတော့ ကစားသမား နှစ်ဦး ဒဏ်ရာရသွားတာနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “အထူးသဖြင့် ရာသီကြို ကာလမှာ ဘယ်သူမှ ဒဏ်ရာမရချင်ကြပါဘူး။ အရေးအကြီးဆုံးက ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုအပ်သလို ဒီလို အခြေအနေမျိုးကို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့ ဒဏ်ရာတွေ ဘယ်လောက် အခြေအနေ ဆိုးလဲ ကျွန်တော်တို့ မသိပါဘူး။ ရက်စ်မက်စ် ကတော့ သူတံကောက်ကြော ဒဏ်ရာရတယ်လို့ ပြောပေမယ့် လီနီ ကတော့ ဘာဖြစ်လဲ မသိပါဘူး။” လို့ အီဗန့်စ်က ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ အသင်းပါ။ သူတို့ အနေနဲ့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ အဆင့် ၈ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်တို့ ရလဒ်တွေ ဆိုးရွားခဲ့ခြင်းရဲ့ အဓိက ပြဿနာ တစ်ခုက နေရာစုံမှာ ဒဏ်ရာရ ကစားသမားတွေ များပြားခဲ့လို့ ဆိုပြီးတောင် ပြောလို့ ရပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲပြီးရင်တော့ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ ရှိပြီး ရီးရဲလ်ဘက်တစ်၊ လစ်ဗာပူးလ်တို့နဲ့ ကစားရမှာပါ။ အဲ့ဒီပွဲတွေ ပြီးရင်တော့ ဩဂုတ်လ ၁၀ ရက်နေ့မှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်