ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ စပိုတင်းလစ္စဘွန်းရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းမှာ အကောင်းဆုံး ခြေစွမ်းပြပြီး ဂိုးမြူးနေတဲ့ ဆွီဒင် တိုက်စစ် ကြယ်ပွင့်ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်နိုင်ဖို့ အတွက် စပိုတင်းလစ္စဘွန်းနဲ့ ကနဦး ဆွေးနွေးမှုတွေတောင် လုပ်ဆောင်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြ ရူဘင် အမော်ရင်က စပိုတင်းလစ္စဘွန်း နည်းပြ အဖြစ် လုပ်ကိုင်ခဲ့စဉ်ကလည်း ဗစ်တာ ယိုကီးရက်စ်ကို ကိုဗင်ထရီ ကနေ အရ ခေါ်ယူခဲ့သူ ဖြစ်ပါတယ်။ အမော်ရင်ဟာ တိုက်စစ် ခြေစွမ်းခြေစရှိတဲ့ ယိုကီးရက်စ်ကို ပုံမှန် ဂိုးသွင်းစက် ဖြစ်လာအောင် အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦး ဖြစ်လာအောင် ပုံသွင်းပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ယိုကီးရက်စ် ကလည်း အမော်ရင် လက်အောက်မှာ တကယ့်ကို စွမ်းဆောင်ရည် မြင့် မားတဲ့ တိုက်စစ်မှူးတစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ စပိုတင်းလစ္စဘွန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်ဒို၊ နာနီ၊ ဘရူနို ဖာနန်ဒက်စ် တို့လို ကစားသမားတွေ အပြင် လက်ရှိမှာ အမော်ရင်လို နည်းပြမျိုးကို ခေါ်ယူထားခဲ့ဖူးပါတယ်။ ဒါပေမယ့် ယိုကီးရက်စ်ကို ခေါ်ယူနိုင်ဖို့ အနည်းငယ် ခက်ခဲနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အဓိက ကတော့ ကစားသမားရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အပြင် ဒီကစားသမားကို စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်တန်း ကလပ် များစွာ ရှိနေပြီး မန်စီးတီး ကလည်း ပစ်မှတ်ထားနေတာကြောင့် ယူနိုက်တက်တို့ ခက်ခက်ခဲခဲ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။
လက်ရှိမှာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း မှာတော့ ဟွိုက်ဂျ်လန်း၊ ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ ရပ်ရှ်ဖို့ဒ် တို့လို ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း နည်းပြ ရူဘင် အမော်ရင် ကတော့ စပိုတင်းလစ္စဘွန်းမှာ သူနဲ့ အတွဲညီခဲ့တဲ့ ဗစ်တာ ယိုကီးရက်စ်ကို အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး လက်ရှိမှာ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ စပိုတင်းလစ္စဘွန်းနဲ့ပါ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဗြိတိန် သတင်းမီဒီယာတွေမှာ ဖော်ပြနေခဲ့တာ တွေ့ရပါတယ်။
အသက် ၂၆ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကတော့ ပြီးခဲ့တဲ့ ရာသီကမှ ကိုဗင်ထရီ ကနေ စပိုတင်းလစ္စဘွန်းကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ သူ့ရဲ့ ပွဲဦးထွက်ရာသီ မှာပဲ ပြိုင်ပွဲစုံ ၄၃ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး အခု နှစ် ဘောလုံးရာသီမှာလည်း သွင်းဂိုး ၂၄ ဂိုး အထိ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ဒီလို ဂိုးသွင်းအား ကောင်းနေတဲ့ ယိုကီးရက်စ် ကိုတော့ ဥရောပ ထိပ်တန်း ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ကို စပိုတင်းလစ္စဘွန်းမှာ အရောင်တင်ပေးခဲ့တဲ့ နည်းပြ ရူဘင် အမော်ရင် အနေနဲ့ ယူနိုက်တက်ဆီ ထပ်မံ ခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.