နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိုနာကို ကွင်းလယ်လူ ဖိုဖာနာ ကိုလည်း ပစ်မှတ်ထားနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဒီနွေရာသီမှာ ကစားသမား နှစ်ဦး ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်ဟာ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ အဆင့် ၈ နေရာ ရခဲ့ပေမယ့် အက်ဖ်အေဖလား ချန်ပီယံတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်း တာဝန်ရှိသူတွေ ကတော့ ဒါဟာ အောင်မြင်မှု ရခဲ့တယ်လို့ မမှတ်ယူပဲ ရာသီသစ်မှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လည် မြင်တွေ့ရဖို့ စနစ်တကျ ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသင်း ပူးတွဲ ပိုင်ရှင်သစ် INEOS လက်အောက်မှာတော့ စနစ်တကျ လည်ပတ်နေပြီးတော့ ဇီယက်ခ်ဇီးနဲ့ လီနီ ယိုရို တို့လို ထိပ်တန်း အပြောင်းအရွှေ့တွေမှာလည်း အောင်မြင်ထားတာ တွေ့ရပါတယ်။

ယူနိုက်တက်ဟာ လက်တလောမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပြီး ဒီတစ်ကြိမ်မှာတော့ ကွင်းလယ်ပိုင်းကို ဦးစားပေး ဖြည့်တင်းဖွယ် ရှိနေခဲ့တာပါ။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ကွင်းလယ်ပိုင်း အတွက် မန်ဝဲလ် အူဂါတီ၊ ဇူဘီမန်ဒီ၊ အက်ဒရီယန် ရာဘီယော့တ်နဲ့ အခုနောက်ဆုံး မိုနာကိုက ပြင်သစ် ကွင်းလယ်လူ ဖိုဖာနာ ကိုပါ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အမ်မရာဘတ် ကိုလည်း နောက်ထပ် တစ်ရာသီ အငှားနဲ့ ခေါ်ယူသွားဖို့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

 
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား ၄ ဦးထဲမှာတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီနဲ့က ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိထားပါတယ်။
ဖိုဖာနာကို အေစီမီလန် မရောက်ခင် ဖြတ်ခုတ်ချင်နေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား ၄ ဦးထဲမှာတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီနဲ့က ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိထားပါတယ်။ ဒါပေမယ့် ပြင်သစ် ကလပ် ဘက်က အူဂါတီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ လောက် အလိုရှိနေလို့ နှစ်သင်း အကြား သဘောတူညီချက် ရယူနိုင်ဖို့တော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ အကယ်၍ ဆန်ချိုနဲ့ ပီအက်စ်ဂျီရဲ့ အပြောင်းအရွှေ့သာ အဆင်ပြေခဲ့မယ် ဆိုရင်တော့ အူဂါတီ ကို ယူနိုက်တက်တို့ ခေါ်ယူနိုင်ဖွယ် ရှိသွားမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ယူနိုက်တက်က ဆိုစီဒက်စ်ရဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီနဲ့ မိုနာကိုက ပြင်သစ် ကွင်းလယ်လူ ယူဆွတ်ဖ် ဖိုဖာနာ တို့ကို မျက်စိကျနေခဲ့ပါတယ်။ ဒီကစားသမား နှစ်ဦး မှာတော့ ဖိုဖာနာက ပိုမို ဖြစ်နိုင်ချေ ရှိပြီး ယူနိုက်တက် အနေနဲ့ အေစီမီလန်ရဲ့ ပစ်မှတ် ကစားသမားကို နောက်ထပ် တစ်ကြိမ် ဖြတ်ခုတ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။

ဖိုဖာနာဟာ လက်ရှိမှာ မီလန်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီး မိုနာကို ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းသာ သတ်မှတ်ထားလို့ ယူနိုက်တက် အတွက် မခက်ခဲနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါ့အပြင် ဇူဘီမန်ဒီ၊ အူဂါတီ တို့ထက် သက်သာတဲ့ ပြောင်းရွှေ့ကြေး ဖြစ်နေလို့ ယူနိုက်တက် ပိုမို ဦးစားပေး စဉ်းစားသွားနိုင်ပါတယ်။ ယူနိုက်တက် အနေနဲ့ ဖိုဖာနာကို ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင်တော့ လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကို မက်ဒရစ်နဲ့လည်း အပြိုင်လုရဖွယ် ရှိနေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်