နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် သို့မဟုတ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့က အိမ်မက်ပါ ဆိုတဲ့ အူနိုင်း အမ်မရီ | ပရီးမီးယားလိဂ်

မန်စီးတီးကို အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီ ကတော့ အက်စတွန်ဗီလာ အသင်းကို နှစ်ပေါင်း ၄၀ ကျော် အကြာမှ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူ ဖြစ်ပါတယ်။ အမ်မရီက သူ့ရဲ့ အသင်း ပရီးမီးယားလိဂ် အဆင့် ၄ နေရာ ရရှိခဲ့ပြီးနောက်မှာတော့ အခုထက် ပိုကြီးမားပြီး ပိုအောင်မြင်တဲ့ အသင်း တစ်သင်း ဖြစ်လာစေဖို့ မျှော်လင့်ထားကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

စပိန်လူမျိုး နည်းပြ အူနိုင်း အမ်မရီဟာ ဗီလာကို ထိပ်ဆုံး ၄ သင်း နေရာဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် သို့မဟုတ် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ပါ မျှော်မှန်းနေတာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ ရာသီသိမ်းဖို့ တစ်ပွဲ အလိုမှာပဲ စပါးက မန်စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပြီး ရာသီဟောင်း မကုန်ခင်မှာပဲ အခုလိုမျိုး ကြုံးဝါးခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃၈ ပွဲ ကစား ပွဲ ၂၀ နိုင်၊ ၈ ပွဲ သရေ၊ ၁၀ ပွဲရှုံး၊ ရမှတ် ၆၈ မှတ်နဲ့ အဆင့် ၄ နေရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီက “(စပါး-မန်စီးတီး) ပွဲစဉ် ပြီးသွားချိန်မှာတော့ တကယ့်ကို အံ့ဩစရာပါပဲ။ “ရာသီအစတုန်း ကတော့ ဒါဟာ တကယ့်ကို အိပ်မက် တစ်ခုပါပဲ။ သေချာပါတယ်၊ ကျွန်တော်တို့ အဲဒီမှာ ရှိဖို့ ကြိုးစားခဲ့ပါတယ်။

“ကျွန်တော်တို့ အခုထက် ပိုပြီး ကောင်းလာချင်တယ်၊ အိပ်မက်တွေလည်း ရှိတယ်၊ အိမ်မက်တွေကို ယုံကြည်တယ်။ ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေက ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ပါ။ ကျနော် တို့က ပြိုင်ဘက်တွေ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီလိုမျိုး တစ်ခုခုကို အောင်မြင်ဖို့ ဆိုတာ ကျွန်တော် တို့ရဲ့ အိပ်မက်ပါပဲ။ ဒါပါပဲ။” လို့ ပြောကြားသွားခဲ့တာပါ။

ဒီလို ကြုံးဝါး ပြီးနောက် အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မှာ ခရစ္စတယ်ပဲလေ့စ်ကို ၅-၀ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အူနိုင်း အမ်မရီဟာ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာကို ၈၁ ပွဲ ကိုင်တွယ်ထားရာမှာ ၄၄ ပွဲနိုင်၊ ၁၆ ပွဲ သရေ၊ ၂၁ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိစေခဲ့တာ ဖြစ်ပါတယ်။ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာဟာ ဒီရာသီမှာလည်း ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

အူနိုင်း အမ်မရီဟာ ဆီဗီလာ၊ ပီအက်စ်ဂျီ၊ အာဆင်နယ်၊ ဗီလာရီးရဲလ် အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ဆီဗီလာနဲ့ ယူရိုပါလိဂ် ဖလား ၃ ကြိမ်၊ ဗီလာရီးရဲလ်နဲ့ ၁ ကြိမ်၊ အာဆင်နယ်နဲ့ ဒုတိယ တစ်ကြိမ် ရရှိခဲ့ဖူးသူပါ။ ပီအက်စ်ဂျီနဲ့တော့ လီဂူးဝမ်း အပါအဝင် ပြည်တွင်း ဆုဖလား ၇ လုံး ရရှိခဲ့တဲ့ နည်းပြလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်