နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုနေးကို ခေါ်ချင်ရင် ပြောင်းရွှေ့ကြေး များများ ပေးရလိမ့်မယ်လို့ သတိပေးလိုက်တဲ့ သောမက်စ် ဖရန့်ခ် | ပရီးမီးယားလိဂ်

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့လို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ လက်ရှိ အချိန်ထိ မျက်စိကျနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အခြေအနေမှာ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ်က သူ့ အသင်းရဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေးကို စိတ်ဝင်စားသည့် ကလပ်တွေ အနေနဲ့ အခု နွေရာသီမှာ ခေါ်ယူချင်ရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေရလိမ့်မယ်လို့ သတိပေးစကား ပြောကြားလိုက်ပါတယ်။

တိုနေး အနေနဲ့ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ အင်္ဂလန် အသင်းနဲ့ အတူ ပွဲချိန် အနည်းငယ်သာ ပါဝင်ကစားခဲ့ရပေမယ့် ပရီးမီးယားလိဂ် ကလပ် များစွာရဲ့ အာရုံစိုက်မှုကိုတော့ ခံနေရဆဲ ဖြစ်ပါတယ်။ တိုနေးကို အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီး တို့က တော်တော်လေး စိတ်ဝင်စားနေခဲ့ပြီးတော့ ခေါ်ယူဖို့ အတွက်လည်း မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပျား အသင်းရဲ့ မန်နေဂျာ ဖရန့်ခ် ကတော့ သူ့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူးကို လွယ်လွယ်နဲ့ လက်မလွှတ်လိုကြောင်း ဝန်ခံထားခဲ့ပြီး အနောက် လန်ဒန် ကလပ်မှာ ဆက်ရှိနေဖို့သာ လိုလားကြောင်း အတည်ပြုခဲ့တာပါ။

လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က ရာသီသစ် အတွက် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ရှိနေပြီး ကစားသမား တချို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ လက်ရှိ အာဆင်နယ်ရဲ့ တိုက်စစ်မှာ ဂါဘရီရယ် ဂျေဇုစ် ရှိနေသလို ကိုင် ဟာဗက်ဇ်လည်း ကစားနိုင်နေပေမယ့် ဂိုးသွင်းသေချာတဲ့ အထောင် တိုက်စစ်မှူး တစ်ဦးတော့ လိုအပ်နေတာ ဖြစ်ပါတယ်။ တိုနေးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်လည်း ပါဝင်ခဲ့ပြီး ဇီယက်ခ်ဇီးကို ခေါ်ယူနိုင်ခဲ့လို့သာ တိုနေးကို မစဉ်းစားတော့တာ ဖြစ်ပါတယ်။

သောမက်စ် ဖရန့်ခ်က “သူဟာ ဘရန့်ဖို့ဒ်ရဲ့ ကစားသမား ဖြစ်ပြီး သူ့ကို အသင်းမှာပဲ ဆက်နေစေချင်ပါတယ်” လို့ Sky Sports ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖရန့်ခ်က “ဒါက ကျွန်တော့် အတွက် အရမ်းကို အပြုသဘောဆောင်တဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တတ်နိုင်သလောက် ကစားသမားကောင်းတွေ အများကြီး မလိုချင်တဲ့ နည်းပြကို ကျွန်တော် မတွေ့ဖူးသေးပါဘူး။ အခု အိုင်ဗန်ဟာ ဘရန့်ဖို့ဒ် ကစားသမား တစ်ဦးပါ။ အင်္ဂလန်နဲ့ ကစားအပြီးမှာ သူ ရသင့်တဲ့ အားလပ်ချိန်တွေကို အပြည့်အဝ ခံစားနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ သူ ကျွန်တော် တို့နဲ့ အတူ ရှိနေရင် ကျွန်တော် ပိုပျော်ပါလိမ့်မယ်။ သူက ဂိုးသွင်း ထူးချွန်ပြီး အသင်းမှာ ဆက်ရှိနေတာ အရမ်းကောင်းပါတယ်၊ ခင်ဗျားတို့ သူ့ကို ဝယ်ချင်ရင် ဈေးကြီးပေးရပါလိမ့်မယ်။”

၂၀၂၀ ခုနှစ်မှာ ပီတာဘရော့ဂ် ကနေ ဘရန့်ဖို့ဒ်ကို ရောက်ရှိလာတဲ့ လက်ရှိ အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူး တိုနေးဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေပါသေးသည်။ ဒီကစားသမားဟာ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်း ပြောင်းရွှေ့ဖို့ များပေမယ့် ဘရန့်ဖို့ဒ် ကတော့ သက်တမ်းတိုးချင်နေပါတယ်။ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ် အတွက် ၁၇ ပွဲသာ ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်