နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တဖြည်းဖြည်း မေးခွန်းထုတ်စရာတွေ များလာတဲ့ ပရီးမီးယားလိဂ် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်များ

အခုတစ်ပတ် ညက စပါးနဲ့ ၃-၃ ဖြစ်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) မှာ ကွင်းလယ်ဒိုင် ဆိုင်မွန်ဟူးပါးရဲ့ ပွဲပြီးခါနီး ဆုံးဖြတ်ချက် ကတော့ မန်ချက်စတာစီးတီး အတွက် တကယ်ကို ပေါက်ကွဲချင်စရာပါ။ မန်စီးတီး တိုက်စစ် ပြန်စတော့ ကွင်းလယ်နားမှာ အာလင်း ဟာလန်းက ပြစ်ဒဏ် ကျူးလွန်တာ ခံရတယ်။ ဒါပေမယ့် ဘောလုံးကို သူပဲ ရအောင် ပြန်ယူနိုင်ခဲ့တော့ ဒိုင်က ပြစ်ဒဏ်ဘော မပေးဘဲ ဆက်ကစားပါ ဆိုပြီး လက်ဟန်ခြေဟန်နဲ့ပါ ပြခဲ့တာပါ။ ဟာလန်းက အဲဒီ ဘောလုံးကို ဂရီးလစ်ရှ်ဆီ ကန်တင်ပေးခဲ့ပြီး အင်္ဂလန်သား ကလည်း လွတ်လွတ်ကျွတ်ကျွတ်ပဲ ဆွဲပြေးပြီး ဂိုးကန်သွင်းလို့ ရမယ့် အခွင့်အရေး ဖြစ်သွားပါပြီ။ အဲဒီအချိန်ကျမှ ဒိုင်က ဝီစီကောက်မှုတ်ပြီး ဖောင်းဘောပါ လုပ်တော့ ဟာလန်းတို့ အသားကုန် ပေါက်ကွဲတော့တာပဲ။ တစ်သင်းလုံးလည်း ဒိုင်ကို ဝိုင်းပြောခဲ့ကြပေမယ့် နောက်ကျသွားခဲ့ပါပြီ။

ပရီးမီးယားလိဂ် ဒိုင်တွေရဲ့ အရည်အသွေး၊ ဆုံးဖြတ်ချက်တွေက မေးခွန်းထုတ်စရာ ဖြစ်လာပြီ။
ဒိုင်လူကြီးများရဲ့ ဆုံးဖြတ်ချက်ကြောင့် နစ်နာမှုတွေ ရှိနေတဲ့ ပရီးမီးယားလိဂ် ကလပ်များ

တကယ်ဆို ဒိုင်က ဖောင်းဘော ပေးချင်ရင် အစကတည်းက ပေးလို့ ရပါတယ်။ ထုံးစံအရ ဘောလုံးကို ပြစ်ဒဏ်ကျူးလွန်ခံရသူက ရသွားရင် ပွဲကို ဆက်ကစားစေတယ် ဆိုတာလည်း မှန်တယ်။ ဒါပေမယ့် မန်စီးတီးက ဂိုးရသွားနိုင်တဲ့ အခွင့်အရေးကြီး ပိုင်ဆိုင်တော့မှပဲ ဖောင်းဘော ထလုပ်တာက နည်းနည်းတော့ မဟုတ်ဘူး၊ အရမ်းကို များသွားတာပါပဲ။ ပရီးမီးယားလိဂ် ဒိုင်တွေရဲ့ အရည်အသွေး၊ ဆုံးဖြတ်ချက်တွေက မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ အားလုံးစွပ်စွဲ ပြောနေသလို လုပ်ပွဲတွေကို ဖန်တီးနေတာလား ဆိုတာ ကလည်း ထည့် စဉ်းစားရပါတော့မယ်။ အခုတော့ မန်စီးတီးတို့ အနိုင်ရသွားနိုင်တဲ့ အခွင့်အရေး လက်လွှတ်လိုက်ရပါတယ်။ ဒိုင်လည်း တော်တော်လေးကို ဝေဖန်ခံနေရပါပြီ။

ဒီရာသီမှာ VAR ပြန်ကြည့်ပြီးတော့ ဆုံးဖြတ်တာ ကိုမှ လွဲမှားနေတဲ့ ဒိုင်တွေကြောင့် ပရီးမီးယားလိဂ်က လုပ်ပွဲတွေ ကစားနေတာ ဆိုပြီး စွပ်စွဲခံနေရတာပါ။ တကယ်လည်း သူတို့ လုပ်နေတာတွေက အဲလိုသဘောမျိုးကို သက်ရောက်လို့နေပါတယ်။ ညကတော့ အဆိုးရွားဆုံးကို ဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ လုပ်ရပ်က အရမ်း သံသယဝင်စရာ ကောင်းလောက်အောင်ကို ရှိနေခဲ့ပါတယ်။ သူပဲ ပွဲကို ဆက်ကစားစေတယ်၊ မန်စီးတီးက ဂိုးသွင်းနိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေးရချိန်မှာ ပွဲကို ရပ်ပြီး ပြစ်ဒဏ်ဘော ပြန်ကန်ခိုင်းတာက ဘာအဓိပ္ပာယ်မှကို မရှိတဲ့ လုပ်ရပ်ပါ။ ဒိုင်လူကြီးတွေပါ လုပ်ပွဲမှာ ထဲထဲဝင်ဝင် ပါဝင်နေပြီ ဆိုတဲ့ သံသယတွေကို ပိုခိုင်မာလာစေခဲ့ပါတယ်။

ပုံမှန်ဆိုရင် ပြစ်ဒဏ် ကျူးလွန်ခံရတယ်၊ ဒါပေမယ့် ဘောလုံးကို ရအောင်ယူနိုင်လို့ ဆက်ကစားခိုင်းတယ်၊ အဲဒီနောက်မှာမှ လူပေးမှားသွားတာ၊ ဒါမှမဟုတ် ပြိုင်ဘက်က ထပ်ချပ်မကွာ ဖိအားလိုက်ပေးလို့ အနှောင့်အယှက် ဖြစ်တယ် ဆိုမှ ပြစ်ဒဏ်ဘော အဖြစ် ထပ်ပြီး သတ်မှတ်ပေးတာပါ။ အခုက ဆက်ကစားခိုင်းတယ်၊ ဘောလုံးကို ရအောင် ယူနိုင်ပြီးတော့ လွတ်လွတ်ကျွတ်ကျွတ်လည်း ဖြစ်တယ်။ အဲဒါကိုမှ ဒီလိုတွလုပ်ခဲ့တာက စဉ်းစားကြည့်ရင်ကို နားမလည်နိုင်စရာပါ။ ပရိသတ်တွေ ကတော့ ဒိုင်လူကြီး လာဘ်စားထားတာ၊ မန်စီးတီးကို ဂိုးမရစေချင်တာ၊ စပါး ပရိသတ် ဖြစ်နေတာ ဆိုပြီး အမျိုးမျိုးပြောနေတာပါ။

ပရီးမီးယားလိဂ် အနေနဲ့ ဒိုင်တွေကို ကြီးကြီးမားမား ဖိအားပေး တင်းကျပ်နေသင့်ပါပြီ။ ဒိုင်တွေကြောင့် လိဂ်နာမည်နဲ့ ပုံရိပ်က ဆိုးဆိုးရွားရွား ထိခိုက်လာတာ ဒီရာသီစကတည်းကပါ။ ဒါကို လွှတ်ပေးထားမယ်၊ ဒီလိုတွေ ဆက်ဖြစ်လာမယ် ဆိုရင် ဘွတ်ကီနဲ့ အခြားသော ဓနရှင်တွေ လွှမ်းမိုးထားတဲ့ လိဂ် ဆိုတာ သေချာသထက် သေချာလာပြီးတော့ ရုပ်ပျက်ဆင်းပျက်တွေ ပိုဖြစ်လာမှာ သေချာပါတယ်။ တော်တော်များများ ကလည်း လိဂ် အနေအထား အပေါ် သံသယဝင်နေပြီး အဖွဲ့ချုပ် ကိုယ်တိုင်က ဒီအရေးကိစ္စတွေမှာ ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ သက်သေတွေ ကိုပါ ရှာနေကြပါပြီ။ အမှန်တကယ်သာ ရှာတွေ့ခဲ့ရင်တော့ ပွဲကလှပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်