တော့တင်ဟမ်ဟော့စပါး – နယူးကာဆယ်
အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးက နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ စပါးတို့ ပုံစံကောင်းရနေပြီး နိုင်ပွဲတွေ ဆက်နေတဲ့ နယူးကာဆယ်ကို အသာရသွားပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
စပါးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းလောက်ထဲက ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ မတည်ငြိမ် ဖြစ်နေတာပါ။ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို အဝေးကွင်းမှာ ၀-၄၊ ဆောက်သမ်တန်ကို ၀-၅၊ ခရာဘောင်ဖလားမှာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ၄-၃ ရလဒ်တွေနဲ့ နိုင်ခဲ့တာက လွဲရင် ကျန်ပွဲတွေမှာ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရှုံးပွဲတွေလည်း များခဲ့ပါတယ်။ စပါးဟာ နောက်ဆုံး ၃ ပွဲ မှာ ဆိုရင် လစ်ဗာပူးလ်ကို ၃-၆၊ ဖောရက်စ်ကို ၁-၀ ရလဒ်တွေနဲ့ ရှုံးခဲ့ပြီး ဝုဗ် နဲ့တော့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ နည်းပြ အန်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်းက လက်တလောမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၁၁ နေရာ အထိ ရောက်ရှိနေပါတယ်။
အက်ဒီဟောင်းဝ်ရဲ့ နယူးကာဆယ် ကတော့ ရာသီ အစမှာ ရလဒ်တွေ ယိမ်းယိုင်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲဆက် အနိုင်ရရှိထားပြီး ပရီးမီးယားလိဂ် မှာတော့ ၄ ပွဲဆက် အနိုင်ရထားတာ ဖြစ်ပါတယ်။ ငှက်ကြားတွေဟာ တန်းဆင်းဇုန်နားက အသင်းတွေရော၊ ဇယား အထက်က အသင်းတွေ ကိုပါ ဂိုးပြတ် အနိုင်ယူနေတာ တွေ့ရပြီး နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က ၁၆ ဂိုး အထိ ရခဲ့ပြီး ပေးဂိုး ကလည်း ၁ ဂိုးသာ ရှိခဲ့တာပါ။ အက်စတွန်ဗီလာ၊ ယူနိုက်တက် တို့လို အသင်းတွေကို ဂိုးပြတ် အနိုင်ယူထားတဲ့ နယူးကာဆယ်က အခုပွဲမှာလည်း မြင့်မားတဲ့ စိတ်ဓာတ်နဲ့ စပါးကို အနိုင်ယူဖို့ အားခဲထားမှာ သေချာပါတယ်။
နှစ်ဖက်အသင်း သတင်းများ
နယူးကာဆယ် ဘက်မှာတော့ ဖေဘီယန် ရှား ပွဲပယ်ထိထားပြီးတော့ ဝီလ်ဆင်၊ ဘော့တ်မန်း၊ လက်ဆဲလက်စ်၊ ခရက်ဖ်၊ ပုပ် တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
တော့တင်ဟမ်ဟော့စပါး – ဖော်စတာ၊ ပေါ်ရို၊ ဂရေး၊ ဒရာဂူဆင်၊ စပန့်စ်၊ ကူလူဆက်ဗ်စကီး၊ ဆား၊ မက်ဒီဆင်၊ ဂျွန်ဆင်၊ ဆွန်၊ ဆိုလန်ကီ
နယူးကာဆယ် – ဒူဗရက်ဗ်ကာ၊ လစ်ဗရာမန်တို၊ ကယ်လီ၊ ဘန်း၊ ဟောလ်၊ ဂီမာရေးစ်၊ တိုနာလီ၊ ဂျိုးလင်တန်၊ မာဖီ၊ ဂေါ်ဒွန်၊ အိဆက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ စပါးက ၁၄ ကြိမ် နိုင်ပြီး နယူးကာဆယ်က ၁၀ ကြိမ် နိုင်ကာ ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် မှာတော့ နယူးကာဆယ်က ၄ ကြိမ် အနိုင်ရခဲ့ပြီး စပါးက ၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ စပါး ကွင်းမှာ ကစားတဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ စပါးက ၂ ကြိမ်၊ နယူးကာဆယ်က ၂ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ စပါး နိုင်ရင် ၂.၅၈ ဆ၊ နယူးကာဆယ် နိုင်ရင် ၂.၂၈ ဆနဲ့ သရေ ဆိုရင်တော့ ၃.၆၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အဝေးကွင်းမှာ လာကစားမယ့် နယူးကာဆယ် ဘက်ကတောင် ခပ်ပါးပါး ကြေးကြောပေးထားပါတယ်။ ပေါက်ကြေးအရတော့ အန္တရာယ်များတဲ့ ပွဲမို့လို့ သတိထား ကစားရမယ့် ပွဲ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရရော နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှုတွေ အရပါ နယူးကာဆယ်က အနည်းငယ် ပိုသာနေလို့ အခုလို ကြေးမျိုးပေးထားတာလည်း ဖြစ်နိုင်ပါတယ်။ စပါးဟာ ဒဏ်ရာရ ကစားသမားတွေ များပြီး ရုန်းကန်နေရချိန် နယူးကာဆယ် ကတော့ အမြင့်ပျံနေလို့ ဒီပွဲမှာတော့ ဧည့်သည် အသင်းဘက်ကနေ ရပ်တည်ထားတာကပဲ စိတ်ချရမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
တော့တင်ဟမ်ဟော့စပါး ၁-၂ နယူးကာဆယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.