နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဖီးလ်မှာ ဂိုးသွင်းယူရတာ ပျော်ရွှင်ကြောင်း ပြောလာတဲ့ မိုဟာမက် ဆာလာ | ပရီးမီးယားလိဂ်

မိုဟာမက် ဆာလာ ကတော့ လစ်ဗာပူးလ်ကို ရောက်ရှိချိန် ကတည်းက အသင်း အတွက် အရေးအပါဆုံး မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်နေခဲ့သူပါ။ လက်ရှိမှာ မိုဟာမက် ဆာလာက ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်း ပြောင်းရွှေ့နိုင်ကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့သူလည်း ဖြစ်ပါတယ်။

ဒီလို အချိန်မှာ အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာက အနာဂတ်မှာ ဘယ်လို အရာတွေ ဖြစ်ပျက်လာမလဲ ဆိုတာ မသိပေမယ့် အန်ဖီးလ်ကွင်းမှာ ဂိုးသွင်းယူရတဲ့ ခံစားချက်ကို သူ့အနေနဲ့ ဘယ်တော့မှ မေ့ဖျောက်လို့ ရမှာ မဟုတ်ကြောင်း လူမှုကွန်ရက် ကနေ တဆင့် ရေးသားလာခဲ့ပါတယ်။ အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ မိုဟာမက် ဆာလာက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုးဖို့လည်း မသေမချာ ဖြစ်နေပြီး အခုလိုပဲ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ဆာလာက “အသင်း အားလုံး နိုင်ပွဲ ရရင်လည်း နောက်ဆုံး ချန်ပီယံ ဖြစ်မှာ ကတော့ တစ်သင်းတည်းပါပဲ။ အဲဒါ ကျွန်တော်တို့ ဖြစ်ချင်တဲ့အရာပါ။ ဘာတွေပဲ ဖြစ်လာပါစေ အန်ဖီးလ်ကွင်းမှာ ဂိုးသွင်းရတဲ့ ခံစားချက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် မိုဟာမက် ဆာလာ အနေနဲ့ သူအလိုရှိတဲ့ စာချုပ်သက်တမ်းနဲ့ ကမ်းလှမ်းခြင်း မရှိရင်တော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ လမ်းခွဲပြီး အသင်းသစ် ရှာဖွေသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်မှာ အနာဂတ် မသေချာတော့တဲ့ မိုဟာမက် ဆာလာ

သတင်းတွေအရ ဆိုရင် မိုဟာမက် ဆာလာ အနေနဲ့ သူအလိုရှိတဲ့ စာချုပ်သက်တမ်းနဲ့ ကမ်းလှမ်းခြင်း မရှိရင်တော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ လမ်းခွဲပြီး အသင်းသစ် ရှာဖွေသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ မိုဟာမက် ဆာလာ ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အသင်း တော်တော်များများက မြင့်မားတဲ့ လုပ်ခလစာ ပေးချေကာ ခေါ်ယူသွားဖို့လည်း အသင့် ရှိနေတာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကမ္ဘာကျော် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီးနောက် အခြားသော နာမည်ကျော်တွေ ကိုလည်း ဆက်တိုက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ ကလပ်တွေဟာ အစိုးရရဲ့ အားရစရာ ထောက်ပံ့ ကူညီပေးမှုနဲ့ နေမာ၊ ကာရင်မ် ဘန်ဇီမာ၊ မာနေး၊ ဖေမီနို၊ မီလင်ကိုဗစ် ဆာဗစ်၊ အလက်ဇန္တား မီထရိုဗစ် တို့လို ထိပ်တန်း ကစားသမားတွေကို များပြားတဲ့ လစာငွေတွေ ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကလည်း ဆော်ဒီပရိုလိဂ် ကလပ်တွေ အနေနဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်လည်း မိုဆာလာ အနေနဲ့ လစ်ဗာပူးလ် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ အိုဆင်မ်ဟန် ကလည်း ဥရောပမှာ ဆက်လက် ကစားလိုတဲ့ အတွက် ဂါလာတာဆာရေး အသင်းဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ မိုဟာမက် ဆာလာနဲ့ အိုဆင်မ်ဟန်တို့ အနေနဲ့ ဥရောပမှာ ဆက်လက် ကစားနေကြပေမယ့်လည်း ဆော်ဒီပရိုလိဂ် အားကစား ဒါရိုက်တာ အီမန်နယ်လိုက ဒီကစားသမား တို့အား ခေါ်ယူမယ့် အစီအစဉ်ကို လက်လျှော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်