တံကောက်ကြော ဒဏ်ရာကြောင့် ၃ လ နီးပါး အနားယူခဲ့ရတဲ့ အာဆင်နယ် တောင်ပံ ကစားသမား ဘူကာယို ဆာကာ ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီလို့ သိရပါတယ်။ ဒါကြောင့် ဆာကာ အနေနဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ အာဆင်နယ် လူစာရင်းမှာ ပြန်လည် ပါဝင်နိုင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။
အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆာကာဟာ တံကောက်ကြော ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ၃ လ ဝန်းကျင် အနားယူခဲ့ရပြီး လက်ရှိမှာ လေ့ကျင့်ခန့် အပြည့်အဝ ပြန်ဆင်းနေနိုင်ပြီ ဖြစ်ကြောင်း အာဆင်နယ်က ပြီးခဲ့တဲ့ ရက်မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဆာကာ အနေနဲ့ အခုတစ်ပတ် အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားရမည့် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်း လူစာရင်းမှာ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိကြောင်း ဗြိတိန် မီဒီယာတွေက သုံးသပ် ဖော်ပြနေကြပါတယ်။
ဆာကာ အနေနဲ့ အဲဒီပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ရင်လည်း ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ သေချာနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဘူကာယို ဆာကာ ကတော့ အာဆင်နယ် အတွက် အားအထားရဆုံး ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပြီးတော့ ၂၀၂၇ မှာ လက်ရှိ ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဆာကာကို အာဆင်နယ်က သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီး ဆာကာ ဘက်ကလည်း သဘောတူညီဖို့ များနေပါတယ်။

ဆာကာဟာ အာဆင်နယ်ရဲ့ နာမည်ကျော် ဟေးအန့်ဒ် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ်မှာ စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက် ဆာကာက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက စပြီး အာဆင်နယ် အတွက် ရာသီတိုင်းမှာ ဂိုးပါဝင် ပတ်သတ်မှု (သွင်းဂိုး+ဖန်တီးမှု) အများဆုံး ကစားသမား အဖြစ် ရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဆာကာဟာ အာဆင်နယ် အတွက် ၇ ရာသီ အတွင်း ပွဲပေါင်း ၂၅၀ ကစားကာ ၆၇ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၆၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဆာကာ ပြန်လည် ကစားနိုင်ခြင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့ အာဆင်နယ် အတွက်တော့ ဝမ်းသာစရာ သတင်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု အတွက် သင်္ချာနည်းအရ ဖြစ်နိုင်ချေ ရှိနေသေးပေမယ့် လက်ကျန် ပွဲစဉ်တွေက ခက်ခဲဦးမှာပါ။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၉ ပွဲမှာ လစ်ဗာပူးလ်၊ နယူးကာဆယ် တို့နဲ့ ကစားဖို့ ကျန်နေသေးသလို ဖူလ်ဟမ်၊ အဲဗာတန်၊ ဘုန်းမောက် တို့လို ဒုက္ခပေးတတ်တဲ့ အသင်းတွေနဲ့လည်း ရင်ဆိုင်ရဦးမှာပါ။ ဒါ့အပြင် ချန်ပီယံလိဂ် မှာလည်း အာဆင်နယ်က ကွာတားဖိုင်နယ် အထိ ရောက်ရှိနေပြီး ရီးရဲလ်မက်ဒရစ်လို အသင်းကို ကျော်ဖြတ်ရဦးမှာ ဖြစ်လို့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ဆက်လျှောက်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.