နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီနှစ် ဘယ်လွန်ဒေါဆုကို ဟာလန်း ရလိမ့်မယ် ဆိုတဲ့ ဝိန်း ရွန်နီ၊ တိုင်ပတ်နေတဲ့ ချဲလ်ဆီးကို ကိုင်တွယ်ပေးတော့မယ့် ပိုချက်တီနို (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒီနှစ် ဘယ်လွန်ဒေါဆုကို ဟာလန်း ရလိမ့်မယ် ဆိုတဲ့ ဝိန်း ရွန်နီ၊ တိုင်ပတ်နေတဲ့ ချဲလ်ဆီးကို ကိုင်တွယ်ပေးတော့မယ့် ပိုချက်တီနို အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၅ ရက်နေ့ ညနေခင်းရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီနှစ် ဘယ်လွန်ဒေါဆုကို ဟာလန်း ရလိမ့်မယ် ဆိုတဲ့ ဝိန်း ရွန်နီ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီက ဒီနှစ်ရဲ့ ဘယ်လွန်ဒေါဆုကို မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ရရှိလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဝိန်း ရွန်နီက ရော်နယ်ဒိုနဲ့ မက်ဆီတို့ ခေတ်က ကုန်ဆုံးသွားပြီလို့ ပြောဆိုလိုက်ကာ ဟာလန်းက နောက်ထပ် ခမ်းနား ကြီးကျယ်တဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ သုံးသပ်လိုက်တာပါ။ 

ရွန်နီ ကတော့ ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်မှာ အသင်းဖော်တွေ အဖြစ် ကစားခဲ့သူ ဖြစ်ကာ သူလည်းပဲ ကစားသမား ဘ၀မှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။ ဟာလန်း ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၈ ပွဲ ကစားပြီး ၃၂ ဂိုး အထိ သွင်းယူထားကာ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ သေချာနေသူ ဖြစ်ပါတယ်။

“ ဒီနှစ် ဘယ်လွန်ဒေါဆုကို ဘယ်သူရမလဲ ဆိုတာ ကြည့်ရင် သူက လွဲပြီး တခြား သူမရှိဘူး၊ ဒါကို ဒီရာသီမှာ ဟာလန်းက သက်သေပြပြီးသားပါ၊ ၂၆၄ ပွဲ ကစားပြီး ၂၂၄ ဂိုးသွ င်းယူထားတဲ့ မှတ်တမ်း တခုကို ရထားတဲ့ ကစားသမားကို ဆွဲချလို့ မရပါဘူး၊ မက်ဆီနဲ့ ရော်နယ်ဒိုခေတ်ကို ကျနော်တို့ ဖြတ်သန်းခဲ့ရပြီး အခုတော့ သူ့ အချိန်ပါပဲ၊ အခုက ဟာလန်းနဲ့ အမ်ဘာပေး တို့ရဲ့ ခေတ်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ 


တိုင်ပတ်နေတဲ့ ချဲလ်ဆီးကို ကိုင်တွယ်ပေးတော့မယ့် ပိုချက်တီနို

ပိုချက်တီနိုက လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေပြီး ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ယာယီ နည်းပြ ဖရန့်ခ် လမ်းပတ်နဲ့ ရာသီကုန်ရင် လမ်းခွဲမှာပါ။
ဖရန့်ခ် လမ်းပတ်နဲ့ ရာသီကုန်ရင် လမ်းခွဲမယ့် ချဲလ်ဆီး

တော့တင်ဟမ်ဟော့စပါးနဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုဟာ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဂျင်တိုင်း နည်းပြနဲ့ ချဲလ်ဆီး အကြားမှာ နောက်ဆုံး အဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရတာပါ။ 

ပိုချက်တီနိုက လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေပြီး ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ယာယီ နည်းပြ ဖရန့်ခ် လမ်းပတ်နဲ့ ရာသီကုန်ရင် လမ်းခွဲမှာပါ။ ဒါကြောင့် နည်းပြသစ် ရှာပုံတော် ဖွင့်နေရာမှာ ပိုချက်တီနိုနဲ့ တော်တော်လေး အဆင်ပြေနေပြီး မကြာခင်မှာ စာချုပ်ချုပ်ဆိုနိုင်လိမ့်မယ်လို့ အင်္ဂလန် သတင်းဌာနတွေ ကလည်း ဖော်ပြခဲ့ကြပါတယ်။ 

ပိုချက်တီနို ကတော့ စပါး နည်းပြ ဘ၀တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုတော့ မရခဲ့လို့ လမ်းခွဲခဲ့ရပြီး ပီအက်စ်ဂျ်ီကို ကိုင်တွယ်ချိန်မှာ ပြည်တွင်း အောင်မြင်မှုတွေ ရခဲ့ပေမယ့် ချန်ပီယံလိဂ် ဖလားကို မဆွတ်ခူးပေးနိုင်တာကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 


ဖလား လက်မဲ့ ရာသီနဲ့ ရင်ဆိုင်ရဖို့ နီးစပ်သွားတဲ့ ရော်နယ်ဒို

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အယ်လ်နာဆာနဲ့ အတူ ဖလား တစ်လုံး ထပ်မံ လက်လွှတ်လိုက်ရပြန်ပြီ ဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီ King’s Cup မှာ အယ်လ်ဝါဒါ အသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး ဖလား တလုံး ဆုံးရှုံးလိုက်ရတာပါ။ အယ်လ်ဝါဒါ အသင်းကို အရေးနိမ့်ခဲ့ရာမှာ ပြိုင်ဘက် အသင်းက ပွဲချိန် ၅၃ မိနစ်မှာ တစ်ယောက် ထုတ်ပယ်ခံခဲ့ရပေမယ့် ရော်နယ်ဒိုတို့ တသိုက် ကတော့ ချေပဂိုး ပြန်မသွင်းနိုင်ခဲ့ပါဘူး။ 

ဒီပွဲမှာ အယ်လ်နာဆာက ဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းချက် ၁၇ ကြိမ် အထိ ရှိကာ ဂိုးပေါက် တည့်မှု ၆ ကြိမ် ရှိခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့ပါဘူး။ ပြိုင်ပွဲစုံ ၃ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ခဲ့တာ ဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲ မှာလည်း အယ်လ်အီတီဟတ်ရဲ့ နောက် ၃ မှတ်အကွာမှာ ရှိနေလို့ အယ်လ်နာဆာတို့ ဒီရာသီ ဆုဖလား ဆွတ်ခူးနိုင်ပါ့မလား ဆိုတာ သံသယဝင်စရာ ရှိလာခဲ့ပါပြီ။ 

ရော်နယ်ဒို ရောက်လာပြီးနောက်မှာ အယ်လ်နာဆာက ဆော်ဒီ စူပါဖလား ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပြီး အခု နောက်ထပ် ဖလား ပြိုင်ပွဲ တစ်ခု ကနေပါ ထပ်မံ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ မနေ့ညက ရှုံးပွဲ ကတော့ အဆိုးဝါးဆုံး ဖြစ်ပြီး ဖလားပွဲမှာ အမှတ်ပေးဇယား အဆင့် ၁၃ က အသင်းကို ရှုံးနိမ့်ခဲ့ကာ တယောက် အသာနဲ့ ကစားခဲ့ရပေမယ့် ချေပဂိုးတောင်မှ မသွင်းနိုင်ခဲ့လို့ ပိုပြီး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်