နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခု အတွက် တွေ့ဆုံခဲ့ကြတဲ့ မန်စီးတီးနဲ့ ရိုဒရီဂိုရဲ့ ဖခင်၊ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ မျှော်လင့်နေတဲ့ ကာကက်ဇ် | ပရီးမီးယားလိဂ်

ရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုရဲ ဖခင် ကတော့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခု အတွက် ပရီးမီးယားလိဂ် မန်စီးတီးနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ်သားဟာ ဘယ်တောင်ပံ ကစားသမား အဖြစ် ရီးရဲလ်မက်ဒရစ်မှာ အခွင့်အလမ်း မရှိတာကြောင့် စိတ်ပျက်လျက် ရှိပြီး လစာလည်း တိုးမြှင့် ရယူလိုနေတယ်လို့ သိရပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ အခုနွေရာသီမှာ နောက်ခံလူသစ် တစ်ဦး အလိုရှိနေပြီးတော့ အာဆင်နယ်က ရီကာဒို ကလာဖီအိုရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရသည်။ ကာလာဖီအိုရီ ကတော့ အာဆင်နယ် အတွက် ပွဲထွက်ကစားခွင့် ရရှိချိန်တိုင်း ခြေစွမ်းပြနိုင်နေပေမယ့် ကြံခိုင်မှု အပိုင်းမှာ အားနည်းတာကြောင့် အာဆင်နယ် အသိုင်းအဝိုင်းက စိတ်ပျက်လျက် ရှိနေပါတယ်။

ဂျူဗင်တပ်စ် ကတော့ အသင်း ကနေ ထွက်ခွာဖို့ များနေတဲ့ တူရကီ ကစားသမား ကီနန် ယီလ်ဒစ်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ချေရှိတဲ့ ကစားသမားတွေကို ရှာဖွေနေပြီလို့ သိရပါတယ်။ ယီလ်ဒစ်ဇ် ကိုတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ခေါ်ယူချင်နေတာကြောင့် တူရင် ကလပ် ဘက်က အလက်ဟန်ဒရို ဂါနာချိုနဲ့ အလဲအလှယ် ပြုလုပ်ဖို့ ကမ်လှမ်းလာဖွယ် ရှိနေပါတယ်။ ဂျူဗင်တပ်စ် ကလည်း ဂါနာချိုကို စိတ်ဝင်စားနေပြီးတော့ အာဂျင်တီးနား လက်ရွေးစင် ကိုတော့ နာပိုလီနဲ့ အပြိုင် ကြိုးပမ်းရဖွယ်လည်း ရှိနေပါတယ်။

ယီလ်ဒစ်ဇ် ကိုတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ခေါ်ယူချင်နေတာကြောင့် တူရင် ကလပ် ဘက်က အလက်ဟန်ဒရို ဂါနာချိုနဲ့ အလဲအလှယ် ပြုလုပ်ဖို့ ကမ်လှမ်းလာဖွယ် ရှိနေပါတယ်။
ယီလ်ဒစ်ဇ်နဲ့ ဂါနာချိုကို အလဲအလှယ် ပြုလုပ်ဖွယ်ရှိနေတဲ့ ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်

တော့တင်ဟမ်ဟော့စပါး ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ တိုက်စစ်မှူး ဒီဂျန် ကူလူဆက်ဗ်စကီး အတွက် အေစီမီလန်နဲ့ တခြားသော ပရီးမီးယားလိဂ် ကလပ် များစွာရဲ့ ချဉ်းကပ်မှု အများအပြားကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ 

ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား လူးကပ်စ် ပက်ကေးတား အနေနဲ့ လောင်းကစား ကိစ္စတွေ အတွက် နှစ်ရှည်လများ ပွဲပယ်ခံရခြင်းကို ရှောင်ရှားနိုင်ရင်တော့ ၂၀၂၃ ခုနှစ်မှာ အဆိုပြုထားတဲ့ ပေါင် သန်း ၈၀ ထက် လျော့နည်းတဲ့ စာချုပ်နဲ့ မန်စီးတီးကို ပြောင်းရွှေ့နိုင်ချေ ရှိနေပါတယ်။

အာဆင်နယ် ကတော့ အခုနွေရာသီမှာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့သလို တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ အတွက် လိုအပ်တဲ့ ရန်ပုံငွေရှာဖွေရေး ကိုလည်း အာရုံစိုက်သွားမယ်လို့ သိရပါတယ်။ 

ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ အခုနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်အားထက်သန်နေပြီး အသင်း၏ ထာဝရ ဂိုးသွင်း စံချိန်ကို ချိုးဖျက်ဖို့ ဆန္ဒရှိနေပါတယ်။ 

ရှော်လ်ကေး တိုက်စစ်မှူး မူဆာ ဆိုင်လာ ကိုတော့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဘုန်းမောက် ဘယ်နောက်ခံလူ မီလော့စ် ကာကက်ဇ် ကတော့ သူ့ အနေနဲ့ ဒီနွေရာသီမှာ လစ်ဗာပူးကို ပြောင်းရွှေ့ဖို့ မျှော်လင့်ထားကြောင်း သူ့ရဲ့ သူငယ်ချင်းတွေကို ဖွင့်ဟထားခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ လစ်ဗာပူးလ် ကလည်း ဟန်ဂေရီ လက်ရွေးစင်ကို အသင်းရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ကတော့ အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဆန်းဒါးလန်း ကွင်းလယ် ကစားသမားလေး ခရစ္စ ရစ်ဂ်ကို ခေါ်ယူဖို့ အတွက် ယူရို ၄၅ သန်း (ပေါင် ၃၇.၆ သန်း) နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်