နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်လွန်ဒေါဆုသာ ရရင် အိမ်မက် တစ်ခုလို ဖြစ်လာလိမ့်မယ် ဆိုတဲ့ ရိုဒရီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးရဲ့ စပိန် ကွင်းလယ်လူ ရိုဒရီ ကတော့ ဘယ်လွန်ဒေါဆု ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်ထားနေတဲ့ စကားတွေ ပြောကြားလာခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီး ကွင်းလယ်ရဲ့ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရိုဒရီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်တဲ့ ဘယ်လွန်ဒေါဆု ကိုသာ ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင် သူ့အတွက် အိမ်မက် တစ်ခုလို ဖြစ်လာပါလိမ့်မယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရိုဒရီက ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အတွက်ရော စပိန် လက်ရွေးစင် အသင်း အတွက်ပါ အောင်မြင်မှုတွေ ရယူပေးထားတဲ့ ကွင်းလယ်လူ လည်း ဖြစ်ပါတယ်။ ရိုဒရီဟာ ၂ဝ၂၄ ခုနှစ် အတွက် ဘဘ်လွန်ဒေါဆု အတွက် ဆန်ကာတင် အယောက် ၃၀ စာရင်းမှာ ပါဝင်လာခဲ့ရင်း ရီးရဲလ်မက်ဒရစ် တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်နဲ့ အပြိုင် ဘယ်လွန်ဒေါဆုရှင် ဖြစ်လာဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။

စပိန် လက်ရွေးစင် အသင်းမှာ နှစ်စဉ် နှစ်တိုင်း ဘောလုံးသမားကောင်းတွေ စဉ်ဆက်မပြတ် ပေါ်ထွန်းနေပေမယ့်လည်း ဘယ်လွန်ဒေါဆု ရရှိတဲ့ စပိန် ကစားသမား တစ်ဦးတည်းသာ ရှိသေးတာ ဖြစ်ပါတယ်။ ဒါကလည်း အချိန်ကာလ တော်တော်လေး ဝေးကွာနေပြီ ဖြစ်ပြီး ၁၉၆၀ ခုနှစ်တုန်းက လူးဝစ္စ ဆွာရက်ဇ် တစ်ဦးတည်းသာ ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ကတည်းက စပိန်ကစားသမားတွေဟာ ဆန်ကာတင် စာရင်းမှာ ပါဝင်ပေမယ့် ဘယ်လွန်ဒေါဆု ကိုတော့ မဆွတ်ခူး နိုင်ခဲ့ကြပါဘူး။ အချိန်ကာလ အားဖြင့်တော့ ၆၄ နှစ် အထိ ကြာမြင့်သွားခဲ့ပြီလို့လည်း ပြောလို့ ရပါတယ်။

လက်ရှိမှာတော့ ရိုဒရီက စပိန်ဘောလုံး သမိုင်းတစ်လျှောက် ဒုတိယမြောက် ဘယ်လွန်ဒေါဆုရှင် ဖြစ်လာဖို့ အလွန် နီးစပ်လျက် ရှိနေပြီး ဒီအခြေအနေတွေ အပေါ် မှာလည်း ရိုဒရီက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ရိုဒရီက “ဒါဟာ ကျွန်တော့် အတွက် အိမ်မက် တစ်ခု ဖြစ်လာမှာပါ။ ဇာဗီ တို့ အင်နီယေစတာ တို့လို ကစားသမားတွေတောင် မရခဲ့တဲ့ ဆုကို ကျွန်တော် ဘယ်လို ရနိုင်မလဲ မေးလာကြတဲ့အခါ ဒါကိုလည်း ကျွန်တော် လက်ခံပါတယ်။ သူတို့က ခေတ် တစ်ခေတ်ကို ပြသနိုင်ခဲ့ကြပြီး ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်နိုင်ခဲ့ကြပေမယ့် ရော်နယ်ဒိုနဲ့ မက်ဆီတို့ လွှမ်းမိုးနေတဲ့ အချိန်မှ ဒီကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့်ပါ။ တကယ်လို့ ဘယ်လွန်ဒေါဆုသာ ဆွတ်ခူးနိုင်မယ် ဆိုရင် ကျွန်တော့် အတွက်နဲ့ စပိန် အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာ ဖြစ်လာပါလိမ့်မယ်။ စပိန် ကစားသမား တစ်ယောက်က ဒီဆုကို နောက်ထပ် တစ်ကြိမ် ရရှိမယ် ဆိုရင် မယုံနိုင်လောက်စရာ အသိအမှတ်ပြုမှု တစ်ခု ဖြစ်လာမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရိုဒရီက“လူတွေက ကျွန်တော် ဗင်နီးစီးယပ်စ်နဲ့ ပြိုင်ရမယ်လို့ ပြောကြပါတယ်။ သူ့ကို ကျွန်တော် တကယ် လေးစားပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားပါ။ ဒီလို ရေပန်းစားနေတာနဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်ဆောင်ခဲ့တာတွေ အားလုံး အတွက် ဂုဏ်ယူမိပါတယ်။ ဆန်ကာတင် စာရင်း မှာလည်း ကစားသမားတွေ အများကြီး ပါနေသေးတာ ဖြစ်လို ပရိသတ်တွေက ဘယ်သူ့ကို မဲပေးရွေးချယ်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။ လူတွေက ကျွန်တော့်ကို ဘယ်လွန်ဒေါဆု ရသင့်တယ်လို့ ပြောနေကြတာနဲ့တင် ကျွန်တော်က တကယ့်ကို အနိုင်ရရှိသူ တစ်ဦးလို့ကို ခံစားနေရပါပြီ။ ဒီလို ဖြစ်လာမယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။ ဒါပေမယ့် ကျွန်တော် နှစ်ပေါင်း များစွာ ကြိုးစား အားထုတ်ခဲ့ပြီး ယုံကြည်မှုထားခဲ့တာတွေကြောင့် အခုလို ဖြစ်လာခဲ့တာပါ။”လို့ ရိုဒရီက ပြောဆိုသွားခဲ့ပါတယ်။

ရိုဒရီဟာ မန်စီးတီး အတွက် ၅ ရာသီကြာ ကစားထားပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် အခြား ဆုဖလား များစွာ ရရှိထားသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်