နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးမရလို့ အရန်ခုံမှာ ထိုင်ငိုခဲ့တဲ့ ရစ်ချာလီဆန် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂိုးမရလို့ အရန်ခုံမှာ ထိုင်ငိုခဲ့တဲ့ ရစ်ချာလီဆန်

ရစ်ချာလီဆန်ဟာ သောကြာနေ့ ညနေက ဘိုလစ်ဗီးယားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့တဲ့နောက် အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ပထမဆုံး ကစားခဲ့တဲ့ ပွဲမှာ ဘိုလစ်ဗီးယားကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး တိုက်စစ်က ရာဖင်ညာ၊ နေမာ၊ ရိုဒရီဂိုတို့ အားလုံး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရစ်ချာလီဆန် ကတော့ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ဂိုးသွင်းခွင့်ကို လွဲချော်ခဲ့တာ ဖြစ်ပြီး ဘိုလစ်ဗီးယား နောက်ခံလူကို ဂိုးနဲ့ ၆ ကိုက် အကွာမှာ ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ဂိုးကန်သွင်းမှုက ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟာ လက်ရှိ မှာတော့ လက်ရွေးစင် အတွက် နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ရစ်ချာလီဆန်ဟာ ဘိုလစ်ဗီးယားနဲ့ ပွဲမှာလည်း ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရပြီးနောက် အရန်ခုံတန်းမှာ မျက်ရည်လည်ရွဲ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။


မတရားစွပ်စွဲခံရတာပါလို့ မျက်ရည်တွေနဲ့ ဖြေရှင်းခဲ့တဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အန်တိုနီဟာ ဘရာဇီးလ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရည်းစားဟောင်းကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်စော်ကားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မျက်ရည်တွေနဲ့ ငြင်းပယ်ခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် ဘရာဇီးလ် တောင်ပံကစားသမားရဲ့ ချစ်သူဟောင်း ဂါဘရီယယ်လာ ကာဗယ်လင်က မန်ချက်စတာနဲ့ ဘရာဇီးလ်မှာ အတူတူ နေခဲ့တဲ့ အချိန်တွေ အတွင်း အန်တိုနီရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် အမျိုးသမီး ၂ ဦး ဖြစ်တဲ့ ရေးဆာ ဒီ ဖရေတက်စ်နဲ့ အင်ဂရစ် လာနာ တို့ကလည်း အန်တိုနီရဲ့ အလားတူ ပြုမူခြင်းကို ခံခဲ့ရတယ်လို့ စွပ်စွဲထားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက် ဘက်ကတော့ ဘရာဇီးလ် ကြယ်ပွင့်နဲ့ ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အန်တိုနီက လက်ရှိမှာတော့ သောကြာနေ့က ဘရာဇီးလ် တီဗွီရှိုး Fofocalizando နဲ့ တွေ့ဆုံရာမှာ စွပ်စွဲမှုတွေကို ငြင်းပယ်ခဲ့ပြီး အမျိုးသမီး တစ်ယောက်ကို လက်ဖျားနဲ့တောင် ဘယ်တုန်းကမှ မထိခဲ့ဘဲ သက်သေပြသွားမှာ ဖြစ်တာကြောင့် လူတွေ အမှန်တရားကို မြင်တွေ့ရလိမ့်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


နိုင်ငံတကာပွဲတွေက အာဆင်နယ် အတွက် အိမ်မက်ဆိုးတွေ ဖြစ်နေပြီလား

အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် မာဂယ်ဟေးစ်ဟာ သောကြာနေ့ညက ဘိုလစ်ဗီးယားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲလှယ်ခြင်း ခံခဲ့ရပါတယ်။ အသက် ၂၅ နှစ် အရွယ် နောက်ခံလူဟာ ယခုရာသီမှာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၄ ပွဲမှာ ၁ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အားလပ်ရက် အပြီးမှာ အရင်ကလို ပုံမှန်ပွဲထွက်ခွင့် ပြန်ရတော့မယ်လို့ မျှော်မှန်းခြင်းခံထားရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 ဘရိုက်တန် @ 2.84
ဂိုးပေါ် 3.25 @ 2.11
ပထမပိုင်း ဂိုးအောက် 0-1 @ 5.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂါဘရီယဲလ်ဟာ ဘိုလစ်ဗီးယားနဲ့ ပွဲမှာ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ပွဲထွက် ပါဝင်ကစားပေးခဲ့ရာမှာ ပွဲပြီးခါနီးမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခံရပြီးနောက် အရန်ခုံမှာ ညာဘက်ပေါင်ကို ရေခဲထုပ်နဲ့ ပတ်ထားခဲ့ရတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပထမပိုင်း ၆ မိနစ်တုန်းကလည်း ဂါဘရီရယ်ဟာ ဘိုလစ်ဗီးယား ကွင်းလယ်လူ ဒီယေဂို ဘီဂျာရာနိုရဲ့ ဒူးနဲ့ ရင်ဘတ်ကို ပစ်တိုက်ခြင်း ခံခဲ့ရပြီး ဘရာဇီးလ် ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ပီရူးနဲ့ ကစားရမယ့်ပွဲ အတွက် ဂန်းနားနောက်ခံလူရဲ့ ကြံ့ခိုင်မှု အခြေအနေကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်