နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာနိုးလ်ကို ဆက်တိုက် ဆက်သွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်၊ လော်တာရို မာတီနက်ဇ်ကို ကစားသမား ၃ ဦး အလိုက်ပေး ခေါ်ယူသွားမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ၂၀၂၅ ခုနှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို အဆက်မပြတ် ဆက်သွယ်နေတယ်လို့ သိရပါတယ်။ အကယ်၍ အာနိုးလ် အနေနဲ့ အန်ဖီးလ်မှာ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဇန်နဝါရီမှာ အကြိုသဘောတူညီမှု ရယူထားပြီး ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

နောက်ထပ် ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ ချဲလ်ဆီး အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ်က ကစားသမား အနေနဲ့ ဒဏ်ရာ ပြဿနာတွေကို ကျော်ဖြတ်နိုင်ပြီး ကြံ့ခိုင်မှု ပြည့်ဝမှာသာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

ဆက်စပ် သတင်းတွေ အရ အင်တာမီလန် တိုက်စစ် ကြယ်ပွင့် လော်တာရို မာတီနက်ဇ် ကိုတော့ ချဲလ်ဆီးက ကစားသမား ၃ ဦး အလိုက်ပေး ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး အနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူးကို ဘာဒီယာရှီးလ်၊ ချူကွယ်မီကာ၊ မီခိုင်လို မူဒရစ်ခ် တို့နဲ့ အလိုက်ပေး လဲလှယ်ဖို့ အဆင်သင့် ရှိနေတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဘေယန်မြူးနစ် ကြယ်ပွင့် ဂျမဲလ် မူဆီအာလာ ကို ခေါ်ယူဖို့ တခြား အသင်းတွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ မူဆီအာလာ ကိုတော့ လစ်ဗာပူးလ်နဲ့ မန်စီးတီး အသင်းတွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အထောင် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေတဲ့ အာဆင်နယ်ဟာ ပြင်သစ် လိုင်လီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျိုနသန် ဒေးဗစ်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး ကတော့ နော့တင်ဟမ်ဖောရက်စ်က မော်ဂန် ဂစ်ဘ်ဝှိုက်ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နော့တင်ဟမ်ဖောရက်စ် ကတော့ သူတို့ရဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ 

ဘာစီလိုနာ ကတော့ လက်ရှိမှာ တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အစီအစဉ်တွေကို ခေတ္တဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ ဘာစီလိုနာက လစ်ဗာပူးလ် တောင်ပံ ကစားသမား လူးဝစ္စ ဒီးယက်ဇ်နဲ့ ဘေယန်မြူးနစ်က ကင်စလေ ကိုမန်ကို အာရုံစိုက် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဖာလန်း မန်ဒီနဲ့ စာချုပ် သက်တမ်းတိုးဖို့ သဘောတူညီထားပေမယ့် လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ဆုံးရှုံးခဲ့ရရင်တော့ အေစီမီလန် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ဖာမင်း လိုပက်ဇ်ကို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဒီပရီးမီးယားလိဂ် ကလပ် နှစ်ခုက နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမား အကြောင်း စုံစမ်းမေးမြန်းခဲ့ပေမယ့် ဘာစီလိုနာက သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၄၀၀ ရမှ ရောင်းထုတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ အသင်း ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီ ပွဲစဉ်မှာ ဘရာဇီးလ် နောက်ခံလူ ဝီလီယံ ဆာလီဘာနဲ့ ဂါဘရီရယ် တို့ကို စောင့်ကြည့်ဖို့ အတွက် ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ 

ရက်ဘူးလ် ဆဲလ်ဘာ့ဂ် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ နောက်ခံလူ အိုမာ ဆိုလက်ကို အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်