တော့တင်ဟမ်ဟော့စပါး – လက်စတာစီးတီး
ပရီးမီးယားလိဂ် ပွဲစဉ် ၈ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် တော့တင်ဟမ်ဟော့စပါးတို့ လက်စတာစီးတီးကို ဧည့်ခံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ တချိန်က အကြိတ်အနယ် ယှဉ်ပြိုင်ကြရတဲ့ ပြိုင်ဘက်တွေ ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရတော့ ကွာဟမှုတွေ ရှိနေလို့ စပါးတို့ အလွယ်တကူပဲ အနိုင်ရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးတို့ မန်စီးတီး လိုပဲ အခုနှစ် ပရီးမီးယားလိဂ်မှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ ၄ ပွဲနိုင်၊ ၂ ပွဲ သရေ ကျပြီး ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ တော့တင်ဟမ်ဟော့စပါးတို့ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ကတည်း ရှုံးပွဲ မရှိခဲ့သမျှ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ စပို့တင်းလစ္စဘွန်းကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ လက်ရှိ အန်တိုနီယို ကွန်တီရဲ့ အသင်းရဲ့ ခြေစွမ်းက မဆိုးဘူးလို့ ပြောလို့ ရပေမယ့် သိပ်ပြီး တည်ငြိမ်မှု မရှိသေးပါဘူး။ အဓိက ဟယ်ရီကိန်း ခြေစွမ်းမပြနိုင်ရင် တိုက်စစ်က ဂိုးရဖို့ ခက်ခဲသွားတတ်တာ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ စပါး တိုက်စစ်က လူးကပ်စ် မော်ရာ တစ်ဦးတည်း လွဲချော်ဖို့ ရှိပြီး ကျန်အဓိက ကစားသမား အားလုံးနီးပါး ကတော့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။
ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ လက်စတာစီးတီး ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ တော်တော်လေး အခြေအနေ ဆိုးရွားနေပြီး ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်အထိ ၁ မှတ် သာ ရရှိထားပါတယ်။ အမှတ်ပေးဇယား အဆင့် ၂၀ နေရာ ကနေ ရုန်းထဖို့ ကြိုးစားနေရတဲ့ လက်စတာစီးတီးတို့ စပါးနဲ့ တွေ့ဆုံနေလို့ ဒီတစ်ပတ်လည်း ရမှတ် ဗလာနဲ့ပဲ အိမ်ပြန်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အချိတ်အဆက် မမိသေးပဲ ခံစစ် ကလည်း တစ်ပွဲကို ၃ ဂိုးနှုန်း ပေးထားရပြီး ဒါဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက် ပြီးရင် ပေးဂိုး အများဆုံးပါပဲ။ အခုပွဲမှာ လက်စတာစီးတီး ဘက်က ဘာထရန်၊ ရီကာဒို ပရဲရား၊ ပရတ်တို့ လွဲချော်ဖို့ ရှိနေတာ ကလွဲရင် လူစာရင်း အပြည့်အစုံနဲ့တော့ စပါးကို ရင်ဆိုင်နိုင်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
တော့တင်ဟမ်ဟော့စပါး – လိုရစ်၊ ဒိုင်ယာ၊ လန်းဂ်လတ်၊ ရိုမဲယို၊ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ဒိုဟာတီ၊ ဆက်ဆနွန်၊ ဆွန်၊ ကူလူဆက်ဗ်စကီး၊ ကိန်း
လက်စတာစီးတီး – ဝက်ဒ်၊ အီဗန်စ်၊ အမာတေး၊ ကတ်စတန်ညာ၊ ဂျက်စတင်၊ အန်ဒီဒီ၊ ဒရူးဘရီဟောလ်၊ တေးလီမန့်စ်၊ ဘန်းစ်၊ မက်ဒီဆင်၊ ဗာဒီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
စပါးတို့ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၃ ပွဲဆက် လက်စတာစီးတီးကို အနိုင်ရထားပြီး တစ်ပွဲကို အနည်းဆုံး ၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ စပါးတို့ လက်စတာစီးတီးကို ၁ ကြိမ်သာ ရှုံးနိမ့်ခဲ့ပြီး ကျန် ၄ ပွဲစလုံး အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP 1X2 မှာ တော့တင်ဟမ်ဟော့စပါး အနိုင် အတွက် ၁.၄၆ ဆ၊ လက်စတာစီးတီး အနိုင် ဆိုရင် ၆.၂၀ ဆ၊ သရေ အတွက် ကတော့ ၄.၅၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ လက်စတာစီးတီးတို့ စပါးကို ပွဲချိန်ပြည့် ဘယ်လိုမှ တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဂိုးမပြတ်ဖို့ပဲ ကြိုးစားရမှာ ဖြစ်ပြီး ဒါကလည်း ဖြစ်နိုင်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဒါကြောင့် စပါး အနိုင်နဲ့ ဂိုးပေါ် ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
တော့တင်ဟမ်ဟော့စပါး ၃-၁ လက်စတာစီးတီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.