အခုတစ်ခါ မှာတော့ ဇွန်လ ၂၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ပစ်မှတ်ကို ပေါင် သန်း ၆၀ ပေးပြီး ဖြတ်ခုတ်သွားတဲ့ ချဲလ်ဆီး
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းက အချိန်ကာလ တစ်ခု အကြာ ကြိုးပမ်းနေခဲ့တဲ့ လိဒ်စ် တောင်ပံ တိုက်စစ် ကစားသမား ရာဖင်ညာကို ချဲလ်ဆီးက ပေါင် သန်း ၆၀နဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ချဲလ်ဆီးရဲ့ လန်ဒန် မြို့ခံပြိုင်ဘက် အာဆင်နယ် အနေနဲ့ ရာဖင်ညာကို ခေါ်ယူဖို့ အတွက် အစောပိုင်း မှာကတည်းက လှုပ်ရှားနေခဲ့ပေမယ့် လိဒ်စ်ယူနိုက်တက်ရဲ့ ပယ်ချခြင်း ခံခဲ့ရပြီးနောက် ချဲလ်ဆီးရဲ့ ကနဦး ပေါင် ၅၅ သန်းနဲ့ အပိုဆုကြေး ၅ သန်း စုစုပေါင်း ပေါင် သန်း ၆၀ နဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင် ရာဖင်ညာရဲ့ အေးဂျင့် ဖြစ်သူ ချဲလ်ဆီး ကစားသမားဟောင်း ဒေကို အနေနဲ့ ကစားသမားနဲ့ ချဲလ်ဆီးတို့ အကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ ရာဖင်ညာဟာ ပြီးခဲ့တဲ့ ရာသီက လိဒ်စ်ယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး အတွက် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး ၁၁ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
နောက်ဆက်တွဲ သတင်းတွေ အရ ဆိုရင် ဂန်းနားတို့ ရာဖင်ညာကို လွဲချော်ခဲ့ပြီးနောက် အေဂျက်စ် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ဆက်လက် ကြိုးပမ်းနေပေမယ့် ယူနိုက်တက်ရဲ့ ကြားဝင် ကမ်းလှမ်းလာမှုနဲ့လည်း ကြုံနေရတယ်လို့ သိရပါတယ်။ အာဆင်နယ် တို့ အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား လူငယ် ကြယ်ပွင့်ကို ပေါင် ၃၄ သန်းခွဲနဲ့ ကမ်းလှမ်းထားခဲ့ပြီး အေဂျက်စ် ဘက်ကတော့ စဉ်းစားနေဆဲလို့ သိရပါတယ်။ အေဂျက်စ် ကတော့ မာတီနက်ဇ် အတွက် ပေါင် ၄၃ သန်း လိုချင်နေပြီး ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ဈေးပြိုင်ပေး ခေါ်ယူမယ့် အခြေအနေကို မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဂန်းနား ပရိသတ်တွေ ကတော့ ရာဖင်ညာ၊ မာတီနက်ဇ် တို့ကို မရခဲ့ရင် လက်စတာစီးတီး ကွင်းလယ်လူ ယူရီ တေးလီးမန့်စ်ကို အရ ခေါ်ယူဖို့ မျှော်လင့်နေကြပါတယ်။
အင်တာမီလန်ကို ပြန်လာရလို့ အရမ်းပျော်တယ်လို့ ဆိုလိုက်တဲ့ လူကာကူ
ဘယ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ကတော့ အင်တာမီလန် အသင်းကို ပြန်လာရလို့ အရမ်းကို ပျော်ရွှင်ကြောင်း မီလန် မြို့ကို ရောက်ရှိချိန် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားလိုက်ပါတယ်။
ချဲလ်ဆီးနဲ့ အင်တာမီလန် တို့ဟာ ပြီးခဲ့တဲ့ တစ်ပတ်က လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်တို့ အသက် ၂၉ နှစ် အရွယ် တိုက်စစ်မှူးကို အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ နှစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ညှိနှိုင်းခဲ့ပေမယ့် လက်တလော မှာတော့ တစ်ရာသီ အငှားနဲ့ပဲ အရင်ဆုံး သဘောတူညီမှု ရရှိခဲ့တယ်လို့ 90 Minutes က ဖော်ပြပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ကမှ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်တာမီလန် အသင်း ကနေ ပေါင် ၉၇.၅ သန်းနဲ့ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ထင်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့သလို လန်ဒန် ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့လည်း ပုဂ္ဂိုလ်ရေး အရ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အီတလီကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန် အသင်း အနေနဲ့ မနေ့ကပဲ လစ်ဗာပူးလ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မကြာခင်မှာပဲ လူကာကူရဲ့ အပြောင်းအရွှေ့ကိုလည်း တရားဝင် ထုတ်ပြန်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ တိုက်ဆိုင်တာက အင်တာမီလန်တို့ ပရီးမီးယားလိဂ် ကလပ်တွေမှာ ရုန်းကန်ခဲ့ရတဲ့ ဘယ်ဂျီယံ တိုက်စစ်မှူး နှစ်ဦးကို ဆက်တိုက် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ဘယ်ဂျီယံ တိုက်စစ်မှူးဟာ ၂၀၁၄ ခုနှစ်တုန်းက လိုင်လီ ကနေ ပြောင်းရွှေ့လာခဲ့ပေမယ့် မကြာခဏ အငှားထွက်ကစားခဲ့ရပြီး လစ်ဗာပူးလ်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၇၀ ကျော်လောက်သာ ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
မလာဆီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဖီယင်နော့ဒ် ဘယ်တောင်ပံ ကစားသမား တိုင်ရဲယ် မလာဆီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ မလာဆီယာကို ပြင်သစ် ကလပ် လိုင်ယွန် အသင်း ကလည်း ကြိုးပမ်းခဲ့သေးပေမယ့် ကစားသမား ကိုယ်တိုင်က ပရီးမီးယားလိဂ် ကလပ်ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်ခဲ့တယ်လို့ သိရပါတယ်။
လက်တလောမှာ ယူနိုက်တက်တို့ အသက် ၂၂ နှစ် အရွယ် နယ်သာလန် တောင်ပံ ကစားသမား ကို ပေါင် ၁၂.၉ သန်းနဲ့ ခေါ်ယူဖို့ ဖီယင်နော့ဒ်နဲ့ သဘောတူညီမှု ရထားခဲ့တာ ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မလာဆီယာဟာ ပြီးခဲ့တဲ့ ရာသီက ဖီယင်နော့ဒ်တို့ ယူရိုကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ တက်ရေး အတွက် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး လူးဝစ် ဗန်ဟားလ်ရဲ့ နယ်သာလန် လက်ရွေးစင် အသင်း အတွက်လည်း ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်တို့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေသလို အေဂျက်စ်က အန်တိုနီနဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ကိုလည်း ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.