အခုတစ်ခါ မှာတော့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက် အပြောင်းအရွှေ့ လှုပ်ရှားမှုကို စိတ်ပျက်နေပြီး ဘေယန်မြူးနစ်နဲ့ သတင်းကြီးနေပြန်တဲ့ ရော်နယ်ဒို
မန်ချက်စတာယူနိုက်တက်တို့ အပြောင်းအရွှေ့ ကာလမှာ အားရစရာ အခြေအနေ မရှိတာကြောင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ အလေးအနက်ထား စဉ်းစားနေပြီလို့ ပေါ်တူဂီ မီဒီယာတွေက ဖော်ပြနေပါတယ်။
ရော်နယ်ဒိုဟာ ၁၃ နှစ် ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ကို ပြန်လာခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ယူနိုက်တက် ကတော့ ဆုဖလား အောင်မြင်မှု မရရှိခဲ့သလို ယူရိုပါလိဂ် ဝင်ခွင့်ပဲ ရခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒို ဟာ သူ့ရဲ့ ကစားသမား သက်တမ်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ကစားခွင့်နဲ့ လွဲချော်ထားခဲ့တာကြောင့် အသင်းပြောင်းရွှေ့မယ်လို့ သတင်းထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင် ကတော့ နည်းပြသစ် တန်ဟက်ဂ် လက်အောက်မှာ ယူနိုက်တက်နဲ့ ဆက်လက် ဖြတ်သန်းဖို့ စီစဉ်ထားပေမယ့် လက်တလော အပြောင်းအရွှေ့ အခြေအနေတွေကြောင့် အသင်းပြောင်းဖို့ စဉ်းစားလာခြင်း ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပြီး အစောပိုင်းမှာ တန်ဟက်ဂ်ရဲ့ ကစားသမား ခေါ်ယူရေး ပေါ်လစီကို သဘောကျခဲ့သူ ဖြစ်ပါတယ်။ သို့ပေမယ့် ယူနိုက်တက် တို့ လက်ရှိ အချိန်အထိ ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိသေးပဲ ဘာစီလိုနာက ဖရန်ကီ ဒီယောင်ကို ကြိုးစားနေဆဲ ဖြစ်သလို အေဂျက်စ်က အန်တိုနီ ကို ခေါ်ယူရေး ကလည်း အပြီးသတ်နိုင်ခြင်း မရှိသေးတာကြောင့် ရော်နယ်ဒို အနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်လျက် ရှိတယ်လို့ ပေါ်တူဂီ သတင်းဌာန Recordက ဖော်ပြထားပါတယ်။
နယူးကာဆယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ နစ်ခ်ပုပ်
ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့တဲ့ ဘန်လေ အသင်းရဲ့ ဂိုးသမား နစ်ခ် ပုပ် ကတော့ နယူးကာဆယ်ကို ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက် ၃၀ အရွယ် အင်္ဂလန် ဂိုးသမား နစ်ခ် ပုပ်ဟာ နယူးကာဆယ် အသင်း အတွက် လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာခဲ့ပြီး ၄ နှစ်စာချုပ်ချုပ်ဆို သွားမယ်လို့ သိရပါတယ်။ ပထမအပြောင်းအရွှေ့ ကတော့ အက်စတွန်ဗီလာ ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ မတ် တားဂတ်ကို အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ် အနေနဲ့ အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဒူဗရက်ဗ်ကာရဲ့ နေရာမှာ အစားထိုးဖို့ နစ်ခ်ပုပ်ကို ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘန်လေ အသင်းမှာ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့တဲ့ နစ်ခ်ပုပ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ပါဝင်လိုတာကြောင့် ပရီးမီးယားလိဂ် ကလပ် ဖြစ်တဲ့ နယူးကာဆယ်ကို ပြောင်းရွှေ့ခဲ့တာလို့လည်း ပြောလို့ ရပါတယ်။
နစ်ခ်ပုပ်ဟာ ပြီးခဲ့တဲ့ရာသီက ၃၆ ပွဲ ပွဲထွက်ကစားရာမှာ ၉ ပွဲ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၃၈ ပွဲမှာ ၈ ပွဲ ပေးဂိုး မရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်က ဒါးဗစ် ဒက်ဟဲယား၊ ၃၇ ပွဲမှာ ၈ ပွဲ ပေးဂိုး မရှိခဲ့တဲ့ ဖေဘီယန်စကီး တို့ထက် သာလွန်နေခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ်က “နစ်ခ်ပုပ်ဟာ ပရီးမီးယားလိဂ်နဲ့ နိုင်ငံအဆင့် ရှိတဲ့ ဂိုးသမား တစ်ယောက်ပါ။ ဒီလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲ တစ်ခုမှာ ယှဉ်ပြိုင်ဖို့ အရေးပါတဲ့ တစ်နေကို ဖြည့်တင်းနိုင်ခဲ့တဲ့ အတွက် အရမ်းကို ကျေနပ်မိပါတယ်” လို့ ပြောကြားခဲ့ပတယ်။
နယူးကာဆယ် အသင်း ဟာ ဘရိုက်တန်က ထွက်လာတဲ့ ဒန်အက်ရှ်ဝက်ဒ်ကို အားကစားဒါရိုက်တာ အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ချိတ်ဆက်လျက် ရှိပြီး လိုင်လီ နောက်ခံလူ ဆဗန် ဘော့တ်မန်း၊ ရိုင်းမ်စ် တိုက်စစ်မှူး ဟူဂို အက်ကီတီကီ တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ရာဖင်ညာကို ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်
ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် အသင်း ကတော့ လိဒ်စ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာကို ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ ပထမအကြိမ် သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပယ်ချ ခံရပြီးနောက် နောက်ထပ် တစ်ကြိမ် ယူရို ၅၅ သန်း+အပိုဆုကြေး ၁၅ သန်း၊ စုစုပေါင်း ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး လိဒ်စ်ယူနိုက်တက် ဘက်က အဖြေကို စောင့်ဆိုင်းနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အာဆင်နယ် ဟာ ပေါ်တို ကွင်းလယ် ကြယ်ပွင့် ဖေဘီယို ဗီအဲရာ ကို ခေါ်ယူပြီးနောက် မန်စီးတီးက ဂါဘရီရယ် ဂျီဆုစ်၊ လိဒ်စ်က ရာဖင်ညာ တို့ကို အသည်းအသန် ကြိုးပမ်းနေတာ ဖြစ်ပြီး လာမယ့် တစ်ပတ် အတွင်းမှာတော့ ဘယ်ကစားသမားတွေ အမှန်တကယ် ရောက်ရှိမလဲ ဆိုတာ အဖြေ ပေါ်လာဖို့တော့ ရှိနေပါတယ်။
စပိန်က လာတဲ့ သတင်းတချို့မှာတော့ လိဒ်စ်ယူနိုက်တက်တို့ ရာဖင်ညာ အတွက် ငြင်းပယ်ရခက်တဲ့ ကမ်းလှမ်းမှု လက်ခံရရှိထားပေမယ့် လာလီဂါ ကလပ် ဘာစီလိုနာ မဟုတ်တာကြောင့် အာဆင်နယ် ပရိသတ်တွေ အတွက် ပိုပြီး ရင်ခုန်စရာ ကောင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အေဂျက်စ် နောက်တန်းက လီဆန်ဒရို မာတီနက်ဇ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် မပါဝင်တော့တာကြောင့် နည်းပြ မီခယ်အာတေးတား အနေနဲ့ သူ သဘောကျတဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေတယ်လို့ သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.