နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၂/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အာဆင်နယ်ဟာ ကမ္ဘာ့အခမ်းနားဆုံးအသင်း တစ်သင်း ဖြစ်တယ်လို့ ဆိုလာတဲ့ ဖေဘီယို ဗီအဲရာ

ကမ္ဘာ့အခမ်းနားဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်သလို သမိုင်းကြောင်း အစဉ်အလာ ကြီးမားတဲ့ အသင်း ဖြစ်တာကြောင့် အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်း ကွင်းလယ် ကစားသမားသစ် ဖေဘီယို ဗီအဲရာက‌ ပြောကြားလိုက်ပါတယ်။

ဖေဘီယို ဗီအဲရာက “အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝ အတွက် အရေးပါတဲ့ ခြေလှမ်း တစ်လှမ်းပါပဲ။ အာဆင်နယ် ဟာ ခမ်းနားထည်ဝါပြီး သမိုင်းကြောင်း ကြီးမားတဲ့ ကလပ်အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့် အိမ်အသစ်ကို ပြောင်းရွှေ့နိုင်ခဲ့တာ ဝမ်းသာမိပါတယ်လို့ပဲ ပြောရတော့မှာပေါ့။” လို့ အသင်းသစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဗီအဲရာက သူ့ရဲ့ အပြောင်းအရွှေ့ဟာ မြန်ဆန်ခဲ့ပြီး ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့သလို ကလပ် အတွက် အရာရာ ပေးဆပ်ဖို့ လာခဲ့တာ ဖြစ်တယ်လို့ ဆက်လက် ပြောပါတယ်။

အသက် ၂၂ နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင်ဟာ အာဆင်နယ် အသင်းထံ ပေါင် သန်း ၃၀+အပိုဆုကြေး ပေါင် ၄.၂ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ကာလရှည် စာချုပ် ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။ ဗီအဲရာဟာ ပြီးခဲ့တဲ့ ရာသီက ပေါ်တို အသင်း အတွက် ၇ ဂိုးသွင်းပြီး ဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပြီး အာဆင်နယ် ပရိသတ်တွေ မထင်မှတ်ထားတဲ့ အဲ့အားသင့်စရာ ခေါ်ယူမှု တစ်ခု ဆိုရင်လည်း မမှားပါဘူး။

၂၀၁၅-၂၀၁၆ ဘောလုံးရာသီ နောက်ပိုင်း ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာ မဝင်တော့တဲ့ အာဆင်နယ်တို့ ရာသီသစ်မှာ အောင်မြင်မှုတွေ ပြန်လည် ရရှိနိုင်ဖို့ အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဂန်းနားတို့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ မာကွင်ညော့စ်၊ မတ် တန်နာ၊ ဖေဘီယို ဗီအဲရာ စတဲ့ ကစားသမားသစ် ၃ ဦး ခေါ်ယူထားနိုင်ခဲ့ပြီး သတင်းတွေအရ ဆိုရင် လိဒ်စ်ယူနိုက်တက်က ရာဖင်ညာ၊ မန်စီးတီးက ဂါဘရီရယ် ဂျီဆုစ် တို့ကိုလည်း ခေါ်ယူဖို့ အခြေအနေ ကောင်းနေတယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
အက်စတန် ဗီလာ
1X2 AFC ဘုန်းမောက် @ 3.05
အက်စတန် ဗီလာ အာရှ အကျောပေး -0.50 @ 2.17
ဂိုး‌ပေါ်် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မိုနာကို အသင်းထံ ပြောင်းရွှေ့တော့မယ့် မီနာမီနို

90 Minutes ရဲ့ ဖော်ပြချက် အရ မိုနာကို အနေနဲ့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် အသင်းရဲ့ တိုက်စစ်မှူး တာကူမီ မီနာမီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

ဂျပန် လက်ရွေးစင် တိုက်စစ်မှူး မီနာမီနိုဟာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲ အကြာက ဩစတြီးယား ကလပ် ဆဲလ်ဘတ် အသင်း ကနေ ပြောင်းရွှေ့လာခဲ့ပြီး လစ်ဗာပူးလ်မှာ ပုံမှန် ပွဲထွက်ခွင့် မရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မီနာမီနို အနေနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက ဆောက်သမ်တန် အသင်းထံ အငှားနဲ့ သွားကစားခဲ့ရပြီးနောက် လစ်ဗာပူးလ်ကို ပြန်လည် ရောက်ရှိချိန်မှာလည်း ၈၉၄ မိနစ်သာ ပွဲထွက်ခွင့်ရခဲ့သလို ၁၀ ဂိုး သွင်းပြီး ၁ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် ကပဲ လစ်ဗာပူးလ် ကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ ဆိုထားတဲ့ မီနာမီနိုကို လိဒ်စ်ယူနိုက်တက်နဲ့ တန်းတက် ဖူလ်ဟမ် အသင်းက ချဉ်းကပ်ခဲ့သေးပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ မိုနာကို အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 90 Minutes ရဲ့ ဆက်လက် ဖော်ပြချက်တွေအရ မိုနာကို အသင်း အနေနဲ့ မီနာမီနိုကို ပေါင် ၁၂.၉ သန်း+အပိုဆုကြေး ပေါင် ၂.၆ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ လစ်ဗာပူးလ်တို့ ဆာဒီယို မာနေး အပြင် မီနာမီနို ကိုပါ လက်လွှတ်ခဲ့ရပေမယ့် မိုဟာမက်ဆာလာ၊ ဂျိုတာ၊ လူးဝစ် ဒီးရာ့ဇ် အပြင် ဒါဝင်နူညက်ဇ်၊ ဖေဘီယို ကာဗယ်လ်ဟို တို့ကိုပါ ထပ်မံခေါ်ယူပြီး အကောင်းဆုံး အင်အား ဖြည့်တင်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ကစားသမား ၃ ဦးကို အသင်းနဲ့ အစောဆုံး လာရောက် ပူးပေါင်းဖို့ ညွှန်ကြားထားတဲ့ ကွန်တီ

တော့တင်ဟမ်ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီ အနေနဲ့ အိုလီဗာ စကစ်ပ်၊ မတ် ဒိုဟာတီနဲ့ ဂျက်ဖ် တန်ဂန်ဂါ တို့ ၃ ဦးကို ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်မှာ အစောဆုံး လာရောက် ပူးပေါင်းကြဖို့ အသိပေးလိုက်ပါတယ်။ ဒီကစားသမား ၃ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက မတူညီတဲ့ ဒဏ်ရာ ကိုယ်စီနဲ့ ရုန်းကန်ခဲ့ရသူတွေ ဖြစ်ပြီး လက်ရှိ မှာတော့ ပြန်လည် သက်သာနေပြီ ဖြစ်တာကြောင့် အသင်းထံ စောစောပြန်လာဖို့ ကွန်တီက ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၁ နှစ် အရွယ် ကွင်းလယ် ကစားသမား အိုလီဗာ စကစ်ပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန် ကတည်းက တင်ပါးဆုံ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူ ဖြစ်ပြီး စပါး အတွက် တစ်ရာသီလုံး ၁၈ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စကစ်ပ်ဟာ နည်းပြ အန်တိုနီယို ကွန်တီရဲ့ ချီးကျူးခြင်းကို ခံထားရပြီး ခွဲစိတ်ကုသမှု ခံယူပြီးနောက် စာချုပ်သစ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။

ဒိုဟာတီ ကတော့ ပြီးခဲ့တဲ့ ဧပြီလက အက်စတွန်ဗီလာကို ၄ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲရဲ့ ပထမပိုင်းမှာ ညာဘက် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာရရှိခဲ့ပြီး တန်ဂန်ဂါ ဟာလည်း ဒူးဒဏ်ရာ ရရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီကစားသမား ၃ ဦးစလုံး စပါးရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်လာဖို့ ရှိပြီး အဓိက တိုက်စစ်မှူး ကိုရီးယားသား ဆွန်ဟောင်မင် ကတော့ လွဲချော်မယ်လို့ သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်