နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာနေးရဲ့ အနိုင်ဂိုးကြောင့် မန်စီးတီးနဲ့ ရမှတ်တူသွားတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အက်စတွန်ဗီလာ ၁-၂ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ရဲ့ ပွဲကျန် တစ်ပွဲ အဖြစ် အက်စတွန်ဗီလာနဲ့ လစ်ဗာပူးလ်တို့ ဗီလာပါ့ခ်မှာ ယှဉ်ပြိင်ကစားသွားခဲ့ပြီး လစ်ဗာပူးလ်တို့ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ဗီလာကို ခက်ခက်ခဲခဲ ကစားပြီးမှ အဖိုးတန် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် မန်စီးတီးနဲ့ ရမှတ်တူသွားခဲ့ပေမယ့် တစ်ပွဲပို ကစားထားသလို ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာပဲ ဆက်လက် ရပ်တည်နေဆဲပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဂျရတ်ရဲ့ အသင်းက ၄-၃-၁-၂ အခင်းအကျင်းနဲ့ ရင်ဆိုင်လာခဲ့ပြီး လစ်ဗာပူးလ် ကတော့ ၄-၃-၃ ကစားကွက်ကိုပဲ ခင်းကျင်းလာခဲ့ပါတယ်။ ဗီလာတို့ မာတီနက်ဇ်၊ ကွန်ဆာ၊ မင်းဂ်၊ ဒစ်ဂ်နီး၊ ကတ်ရှ်၊ နာကမ်ဘာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်းန်၊ ကော်တင်ဟို၊ အင့်ဂ်၊ ဝက်ကင်န် တို့ပါဝင်တဲ့ လူစာရင်းနဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ဒီပွဲ ပြီးရင် ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိတာကြောင့် ဆာလာ၊ သီယာဂို၊ ဟန်ဒါဆင်၊ ရော်ဘတ်ဆန်၊ ကိုနာတေး တို့လို အဓိက ကစားသမား တချို့ ချန်လှပ်ထားခဲ့ပြီး မာနေး၊ ဂျိုတာ၊ ဒီးရာ့ဇ် တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဖာဘင်ဟို၊ ကာတစ်ဂျုံးစ်၊ နာဘီကေတာ၊ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ အာနိုးလ်နဲ့ ဆီမီကတ်စ် တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့တဲ့ ဗီလာ ကတော့ ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး လက်ကျန် ၃ ပွဲ ကစားဖို့ ကျန်နေသးလို့ အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ အက်စတွန်ဗီလာ

ပွဲအစပိုင်းမှာ ဗီလာရဲ့ တိုက်စစ်ဆင်မှုကြောင့် အထနှေးနေတဲ့ လစ်ဗာပူးလ်တို့ ရုန်းကန်ခဲ့ရပြီး ဝက်ကင်န်ရဲ့ ကန်ချက်ကို အလီဆွန် ကာကွယ်နိုင်ခဲ့ပေမယ့် မိနစ်ပိုင်း အကြာမှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ဂိုးရရေး ကြိုးပမ်းမှုကို အလီဆွန် ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးခဲ့ရပါတယ်။ ဒါပေမယ့် ၂ မိနစ် အကြာမှာပဲ လစ်ဗာပူးလ်တို့ ချေပဂိုး ပြန်ရခဲ့ပြီး မက်တစ်ပ်က ဗီလာ နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတဲ့ကြားက ပြေးဝင် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာလည်း ပွဲက အပြန်အလှန် ရှိခဲ့ပြီး လစ်ဗာပူးလ် ကွင်းလယ် ခံစစ် ကစားသမား ဖာဘင်ဟို ဒဏ်ရာရသွားတာကြောင့် ဟန်ဒါဆန်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒုတိယပိုင်း မှာတော့ လစ်ဗာပူးလ်တို့ ပွဲကို ပိုမို လွှမ်းမိုးနိုင်ခဲ့ပြီး ပွဲချိန် ၆၅ မိနစ် မှာတော့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ တန်ပြန် တိုက်စစ် ကနေ လူးဝစ် ဒီးရာ့ဇ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆာဒီယို မာနေးက အမှားအယွင်း မရှိ ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ မာနေး အတွက် ဒီနှစ် ပရီးမီးယားလိဂ် ၁၅ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ နှစ်သင်းလုံး ဂိုးရဖို့ ထပ်မံ ကြိုးစားခဲ့ပေမယ့် အဆုံးသတ် လိုအပ်ချက်တွေကြောင့် ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး လစ်ဗာပူးလ်တို့ ဗီလာပါ့ခ် ကနေ ၃ မှတ်ယူပြီး ပြန်နိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ချဲလ်ဆီး
1X2 လိဒ်စ်ယူနိုက်တက် @ 4.90
ဂိုးပေါ် 3.00 @ 2.00
ဂိုးပေါင်း 0-1 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဗီလာတို့ အမှတ်မလိုပေမယ့် လစ်ဗာပူးလ်ကို ပုံစံကောင်း တစ်ခုနဲ့ တုန့်ပြန်နိုင်ခဲ့ပြီး ဂျရတ် အနေနဲ့လည်း အသင်းဟောင်းနဲ့ ပြန်တွေ့ချိန်မှာ ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အဓိက ကတော့ လစ်ဗာပူးလ်မှာ အဓိက ကစားသမား တချို့ မပါလာတဲ့ အပြင် ချဲလ်ဆီးနဲ့ ပွဲအတွက် ကစားအား ချွေတာခဲ့တာကြောင့် ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်ရဲ့ အသင်း အနေနဲ့ ထုံးစံ အတိုင်း အခက်အခဲတွေ ကြားက လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အရယူသွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မျှော်လင့်ချက် မကုန်သေးဘူး ဆိုတာ သက်သေပြသွားနိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် လစ်ဗာပူးလ်တို့ မန်စီးတီးနဲ့ ရမှတ်တူသွားခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပြီး ဒီနေ့ညမှာ ကစားမယ့် မန်စီးတီးနဲ့ ဝုဗ် ပွဲ အပါအဝင် လက်ကျန် ပွဲစဉ်တွေကို ဆက်လက် ရင်ခုန်ရဦးမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့တဲ့ ဗီလာ ကတော့ ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး လက်ကျန် ၃ ပွဲ ကစားဖို့ ကျန်နေသးလို့ အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အက်စတွန်ဗီလာ တို့ လာမယ့် မေလ ၁၅ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ၁၄ ရက်နေ့မှာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်