နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုအပ်ချက် များစွာ ရှိခဲ့လို့ အန်ဖီးလ်မှာ ဂိုးပြတ် အရှုံးပေးခဲ့ရပြန်တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၄ – ၀ အာဆင်နယ်

အခုတစ်ပတ် ပရီးမီးယားလိဂ် စနေနေ့ည ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲ အဖြစ် လစ်ဗာပူးလ်တို့ အာဆင်နယ်ကို အန်ဖီးလ်မှာ ဧည့်ခံ ကစားပြီး ၄-၀ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ပထမပိုင်း တစ်ပိုင်းလုံး အကောင်းဆုံး တောင့်ခံကစားသွားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ လစ်ဗာပူးလ်ရဲ့ ကစားအားကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပဲ ခြေပြတ်၊ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ် အကျဉ်း

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်ရဲ့ အဓိက ကစားသမား တချို့ ဒဏ်ရာပြသနာတွေကြောင့် လွဲချော်ခဲ့ပေမယ့် အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်မှာ မိုဟာမက် ဆာလာ၊ ဒီယိုဂို ဂျိုတာ၊ ဆာဒီယို မာနေး၊ ကွင်းလယ်မှာ ချိန်ဘာလိန်၊ ဖာဘင်ဟို၊ သီယာဂို၊ နောက်တန်းမှာ အလက်ဇန္တား အာနိုးလ်၊ မက်တစ်ပ်၊ ဗန်ဒိုက်ခ်၊ ဆီမီကတ်စ်၊ ဂိုး မှာတော့ အလီဆွန် ဘေကာ တို့ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ် ကတော့ ၄-၂-၃-၁ ကစားကွက် အစား ၄-၄-၁-၁နဲ့ ပြောင်းလဲ အသုံးပြုလာခဲ့ပြီး ရမ်းစ်ဒေးလ်၊ တာဗာရက်စ်၊ ဂါဘရီရယ်၊ ဘန်ဝှိုက်၊ တိုမီယာဆု၊ စမစ်ရိုးဝ်၊ လိုကွန်ညာ၊ ပါတေး၊ ဘာကာယို ဆာကာ၊ လာကာဇက်၊ အော်ဘာမီယန်း တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ပေါ်တို
1X2 သရေ @ 3.55
လီဗာပူးလ် အာရှ ဟန်းဒီးကပ် -3.00 @ 2.36
ဂိုးပေါင်း 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိမ်ရှင် လစ်ဗာပူးလ်တို့ ပွဲစတင်ချိန် ကတည်းက အာဆင်နယ် ဘက်ကို တရစပ် ဖိအားပေး ကစားနိုင်ခဲ့တယ် ဆိုပေမယ့် ဂါဘရီရယ်၊ တာဗာရက်စ်၊ ဝှိုက်၊ တိုမီယာဆုနဲ့ အာရွန် ရမ်းစ်ဒေးလ် တို့ရဲ့ အကောင်းဆုံး ပိတ်ဆို့ တားဆီးနိုင်မှုတွေကြောင့် ဂိုးရဖို့ ခက်ခဲပါတယ်။ အာဆင်နယ် က‌တော့ တန်ပြန် တိုက်စစ်ကို အားပြု ကစားခဲ့ပေမယ့် လစ်ဗာပူးလ် တိုက်စစ်က မာနေး၊ ဆာလာနဲ့ ဂျိုတာတို့ကို ထိန်းချုပ်ကစားနေရတာနဲ့တင်ပဲ အချိန်ကုန်ခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း ပြန်လည် ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် တောက်လျောက် ထိန်းချုပ်နေတဲ့ ကြားက ပွဲချိန် ၃၉ မိနစ်မှာ ထရန့် အာနိုးလ်ရဲ့ ကန်တင် ပေးပို့မှုကနေ ဆာဒီယိုမာနေးရဲ့ ခေါင်းတိုက် သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရလို့ ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ အတွေ့အကြုံက စကားပြောလာခဲ့ပြီး ကလော့ပ် အသင်းရဲ့ Pressing ကစားပုံကို အာတေးတားရဲ့ အသင်းက လုံးဝ မထိန်းချုပ်နိုင်တော့ပဲ ဂိုးတွေ ဆက်တိုက် ခွင့်ပြုပေးခဲ့ရပါတယ်။ ပွဲချိန် ၅၂ မိနစ်မှာ ဒီယိုဂို ဂျိုတာ၊ ၇၃ မိနစ်မှာ မိုဟာမက် ဆာလာနဲ့ ၇၇ မိနစ်မှာ  မီနာမီနို တို့က ၃ ဂိုး ဆက်တိုက် သွင်းယူခဲ့လို့ ၄-၀ ရလဒ်နဲ့ လစ်ဗာပူးလ်တို့ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ထပ်မံ ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရှာဖွေ နိုင်ခဲ့တဲ့ လစ်ဗာပူးလ်တို့ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ယာယီ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး အာဆင်နယ် ကတော့ ရှုူံးပွဲမရှိ ပုံစံကောင်း တစ်ခု ရပ်တန့်သွားခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပွဲစခင် ကတည်းက အများကြီး မျှော်လင့်မထားခဲ့ကြလို့လားတော့ မသိ။ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ပရိသတ်တွေ အနေနဲ့ နည်းပြ အာတေးတားနဲ့ ကစားသမားတွေကို ကြီးကြီးမားမား ဝေဖန်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ ၄-၀ ဆိုတဲ့ ရလဒ်ဟာ အသင်းကြီး နှစ်သင်းကြားမှာ ဂုဏ်သိက္ခာ ထိခိုက်တဲ့ အထိ သက်ရောက်မှု ရှိတယ်လို့ ဆိုနိုင်ပေမယ့် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေဆဲ အကြမ်းထည် အသင်း တစ်သင်း ဖြစ်လို့ အာဆင်နယ်ရဲ့ ရှုံးနိမ့်မှုက လက်ခံပေးလို့ ရနေပါတယ်။ နည်းစနစ်ပိုင်း အရ အခုရှုံးပွဲ ကနေ ဂန်းနားတွေ သင်ခန်းစာယူတတ်ရင် အရမ်းကို အကျိုးရှိပါတယ်။ စာရေးသူ ကတော့ ဒီနေ့ပွဲမှာ ဘယ်နောက်ခံလူ တာဗာရက်စ် အမှားတွေ လုပ်ခဲ့တာကို လက်ခံပေမယ့် ကွင်းလယ်က လိုကွန်ညာရဲ့ ခြေစွမ်းကို ပိုပြီး စိတ်ပျက်မိခဲ့ပါတယ်။ နောက်တစ်ဦး ကတော့ တိုက်စစ်မှူး အော်ဘာမီယန်း ဖြစ်ပြီး ဒီကစားသမားရဲ့ ယုံကြည်ချက် ပျောက်ဆုံးနေမှုက အသင်းကို ဦးဆောင်ဖို့တောင် မထိုက်တန်တော့ဘူးလို့ ဆိုရပါမယ်။ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အထောင် တိုက်စစ်မှူး တစ်ဦးနဲ့ ကွင်းလယ် ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူနိုင်မှပဲ ရာသီအကုန်မှာ အဆင့် ၄ နေရာ အတွင်း ဝင်ဖို့ မျှော်လင့်လို့ ရနိုင်မယ် ထင်ပါတယ်။

တစ်ဆက်တည်း မှာပဲ အခုပွဲ အပြီး ထွက်ပေါ်ခဲ့တဲ့ မှတ်တမ်းတချို့ကို ဖော်ပြရမယ် ဆိုရင် လီဗာပူးရဲ့ တိုက်စစ်မှူး ၃ ဦး ဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဂျိုတာ တို့ရဲ့ ၃ ဦးပေါင်း သွင်းဂိုးဟာ ၂၃ ဂိုး ရှိလာခဲ့ပြီး ချဲလ်ဆီးမပါ ကျန် ပရီးမီးယားလိဂ် ၁၈ သင်းရဲ့ တစ်သင်းလုံး သွင်းဂိုး အရည်အတွက်ထက် ပိုပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ လစ်ဗာပူးလ် ဂိုးဧရိယာထဲမှာ ဘောလုံး ၅ ကြိမ်သာ ထိခဲ့ရတာလည်း ဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ရဲ့ ဒီတစ်ပွဲတည်း ပေးခဲ့ရတဲ့ ဂိုးဟာ သူ့ရှေ့ပွဲ ၉ ပွဲပေါင်းနဲ့ အတူတူ ဖြစ်ခဲ့ရပါတယ်။ လစ်ဗာပူးလ်ဟာ အန်ဖီးလ်မှာ အာဆင်နယ်ကို နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ရာသီမှာ အာနိုးလ်ဟာ ပံ့ပိုးမှု ၃၈ ကြိမ် လုပ်ထားနိုင်ပြီး နောက်ပိုင်း ကာလမှာ အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ် ကတော့ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး အာဆင်နယ် ကတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်