နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို စိတ်ရှည်ကြဖို့ တိုက်တွန်းလိုက်တဲ့ အန်ဂျီ | ပရီးမီးယားလိဂ်

ပရိသတ်တွေ အနေနဲ့ အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို စိတ်ရှည်ကြဖို့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်း နည်းပြ အန်ဂျီ ပိုစတီကိုဂလူးက တိုက်တွန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် စပါးဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ မျက်နှာသစ် ကစားသမား နှစ်ဦးသာ ခေါ်ယူထားရသေးတဲ့ အသင်း ဖြစ်ပါတယ်။ ပထမတစ်ဦးက အာချီ ဂရေး ဖြစ်ပြီး လိဒ်စ်ယူနိုက်တက် ကနေ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ တစ်ယောက် ကတော့ လူးကပ်စ် ဘာ့ဂျ်ဗဲလ်ကို ဂျာဂါးဒန်းစ် ကနေ ခေါ်ယူထားခဲ့တာပါ။ စပါးဟာ အသက် ၁၈ နှစ် အရွယ် ကစားသမား နှစ်ဦးနဲ့ တီမီု ဗာနာ ကိုတော့ အငှားနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဂျာမန် ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာတော့ ပရီးမီးယားလိဂ် ကလပ်ကို စတင်ရောက်ရှိလာခဲ့ပြီးနောက် အံ့အားသင့်ဖွယ် ကောင်းတဲ့ စတင်မှုနဲ့ အတူ ၂ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားက ရာသီကုန်ခါနီးမှာ ဒဏ်ရာကြောင့် အနားယူခဲ့ရပါတယ်။

စပါး ပရိသတ်တွေ အနေနဲ့ သူတို့ရဲ့ အသင်းကို ပိုမို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ နည်းပြ ပိုစတီကိုဂလူးက အသင်းရဲ့ လူစာရင်းကို ဖြည့်တင်းဖို့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သတ်လို့ ယုံကြည်မှုရှိဖို့ အခုလိုပဲ တောင်းဆိုလာခဲ့ပါတယ်။

 
ဂျာမန် ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာတော့ ပရီးမီးယားလိဂ် ကလပ်ကို စတင်ရောက်ရှိလာခဲ့ပြီးနောက် အံ့အားသင့်ဖွယ် ကောင်းတဲ့ စတင်မှုနဲ့ အတူ ၂ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ခြေစမ်းပွဲ ၃ ပွဲ ကစားပြီး ရာသီကြို ဖလား တစ်လုံးရထားတဲ့ စပါး

ပိုစတီကိုဂလူးက “ကစားသမားတွေ ခေါ်ယူဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။ ဒါက တခါတရံ စိတ်ရှည်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ အစီအစဉ် ရှိသေးပြီး စည်းကမ်း အတိုင်း ဆက်လုပ်ဖို့ လိုပါတယ်။ တစ်ခါတလေမှာ အချိန်တွေက အဆင်မပြေဘူး၊ လိုချင်သလောက် မြန်မြန်ဆန်ဆန် ဖြစ်မလာဘူး၊ သူတို့ (ကစားသမား)တွေကို မှန်ကန်တဲ့ အချိန်မှာ မခေါ်နိုင်ပါဘူး။ ဒါပေမယ့် စည်းမျဉ်း စည်းကမ်းတွေ အတိုင်း ဆက်လုပ်နိုင်ဖို့ လိုအပ်သလို သွေဖယ်မသွားဖို့လည်း လိုအပ်ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ နွေရာသီအစက စီစဉ်ထားတဲ့ အတိုင်း ရှိနေဆဲပါပဲ။ ကျွန်တော်တို့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကို မဖော်ပြချင်ပါဘူး။ အဲ့လို လုပ်လိုက်ရင် စီစဉ်ထားတဲ့ အတိုင်း မဖြစ်မှာ ဆိုးပါတယ်။ ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အခု လက်တလောမှာ လုပ်စရာ ရှိတာတွေ ဆက်လုပ်ဖို့ ရှိနေပါသေးတယ်။ မကြာခင်မှာ ကျွန်တော်တို့ လုပ်နေတာကို ချပြသွားမှာပါ။” ဆိုပြီး ပိုစတီကိုဂလူးက ပြောကြားသွားခဲ့ပါတယ်။

စပါးဟာ လက်ရှိ ရာသီကြို ခြေစမ်းပွဲ ကာလမှာ ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီးတော့ ၃ ပွဲစလုံး အနိုင်ရကာ ပုံစံကောင်း ပြသနေတာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူးရဲ့ အသင်းက စကော့တလန် ကလပ် ဟတ်စ် အသင်းကို လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့ အတူ ၁-၅ ရလဒ်နဲ့ အနိုင်ရခဲ့သလို ကျူပီအာ ကိုတော့ ဘစ်ဆူးမား၊ စကားလတ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ ဂျပန် ထိပ်သီး ဗစ်ဆယ် ကိုဘေးနဲ့ ပွဲမှာတော့ အပြန်အလှန် ဂိုးတွေ သွင်းပြီး ပေါ်ရို၊ ဆွန်၊ မော တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးက ဘောလုံးရာသီသစ် မတိုင်ခင် ချစ်ကြည်ရေး ဆုဖလား တစ်လုံး ရရှိခဲ့သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်