နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၀-၃ မန်ချက်စတာစီးတီး (ပရီးမီးယားလိဂ်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၀-၃ မန်ချက်စတာစီးတီး

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာတော့ ဧည့်သည် မန်စီးတီးက ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မန်စီးတီးတို့ ဝုဗ်ကို တစ်ပွဲလုံး အတိုင်းအတာနဲ့ အသာစီးနဲ့ ကစားပြီး ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို ယာယီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် ဝုဗ် ဘက်က တိုက်စစ်မှူးသစ် ၂ ဦး ဖြစ်တဲ့ ကာလက်ဂျစ်နဲ့ ဒီယေဂို ကော်စတာ အပြင် ရာအူးလ် ဂျင်မီနက်ဇ်လည်း ပါဝင်လာနိုင်ခြင်း မရှိပဲ ဂီဒက်စ်၊ ပိုဒန့်စ်၊ နီတို နဲ့ပဲ ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ နီဗက်စ်၊ မော်တင်ဟို၊ နူနက်စ်၊ ကေးလ်မန်း၊ ကောလင်းန်၊ နျူရီ၊ ဂျွန်နီ၊ ဆား တို့ လူစုံတက်စုံ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီး ကလည်း ထုံးစံ အတိုင်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ဝုဗ်ကို ရင်ဆိုင်ခဲ့ပြီး အာလင်း ဟာလန်း၊ ဂရီးလစ်ရှ်၊ ဖိုဒန် တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဆေးလ်ဗား၊ ဒီးရာ့စ်၊ အာကန်ဂျီ၊ ကန်ဆယ်လို၊ စတုန်းစ်၊ အီဒါဆင် တို့ပဲ ပါဝင်လာခဲ့ပါတယ်။

ဒီပွဲ အပြီးမှာ ဝုဗ်တို့ ရမှတ် ၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
အခုနှစ် ပရီးမီးယားလိဂ်မှာ ၃ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဝုဗ်

ပွဲစကတည်းက မန်စီးတီး တို့ High Pressing ကို ပီပီပြင်ပြင် ကစားပြီး မာကျောပါတယ် ဆိုတဲ့ ဝုဗ်ရဲ့ ခံစစ်ကို အပြတ်အသတ် ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲအစ ၁ မိနစ် မှာတင်ပဲ မန်စီးတီးတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဖိုဒန် နောက်ပေါက်နဲ့ ချပေးလိုက်တာကို ဒီဘရိုင်းနား ဂိုးရှေ့ ဖြတ်တင်ပေးရာ ကနေ ဂရီးလစ်ရှ်က ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် စီးတီး တို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၁၆ မိနစ် မှာ ဟာလန်းက ၁၈ ကိုက်စည်းထိပ် ကနေ အမှတ်မထင် ကန်သွင်းသွားခဲ့လို့ ဧည့်သည် အသင်း ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ အဲ့နောက် ၃၃ မိနစ်မှာ ဂရီးလစ်ရှ် ရင်ဝကို ကန်ခဲ့တဲ့ ကောလင်းန် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ခံခဲ့ရလို့ ဝုဗ်တို့ ပိုပြီး အားနည်းသွားခဲ့ပါတယ်။ ဝုဗ်တို့ ခံစစ် အထိုင် ကစားလိုက်ချိန် မှာတော့ မန်စီးတီးတို့ ဂိုးရဖို့ ခက်ခဲသွားခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း စီးတီး တို့ပဲ ပွဲကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ပြီး ဝုဗ် ကတော့ တစ်ယောက် လျော့သွားလို့ ဂိုးထပ် မပေးရဖို့ပဲ ဦးတည် ကစားခဲ့ပါတယ်။ အဲ့ဒီနောက် ၆၉ မိနစ်မှာ ဟာလန်း ခင်းပေးလိုက်တာကို ဒီဘရိုင်းနား ပြန်ချိုးပေးရာ ကနေ ဖိုဒန်က ကန်သွင်း အဆုံးသတ်ပေးခဲ့လို့ မန်စီးတီးတို့ တတိယဂိုး ရရှိခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ မန်စီးတီးတို့ ကစားသမား ၅ ဦး အထိ အပြောင်းအလဲ လုပ်ကာ အနိုင်ရလဒ်ကို ထိန်းခဲ့လို့ ၀-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

ဒီနေ့ပွဲမှာ မန်စီးတီးတို့ ဘောလုံး ပိုင်ဆိုင်မှု အရမ်းကြီး အသာစီးမရခဲ့ဘူး ဆိုပေမယ့် ဝုဗ် ဂိုးပေါက် ကိုတော့ အားရစရာ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ မန်စီးတီးတို့ ဂိုးပေါက် ကန်ချက် ၁၆ ကြိမ်မှာ ဂိုးပေါက် တည့်မှု ၇ ကြိမ် အထိ ရှိခဲ့သလို ဝေဖန်ခံနေရတဲ့ ဂရီးလစ်ရှ်လည်း ခြေစွမ်းပြပြီး ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။ ဟာလန်း ကတော့ မန်စီးတီး ရောက်ကတည်းက ပွဲတိုင်းနီးပါး ဂိုးသွင်းနိုင်တဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ ၁၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံမှာ ဆိုရင်တော့ ၁၄ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာပါ။ အသင်းလိုက် ကစားပုံရော၊ တစ်ဦးချင်း ကစားပုံပါ ပြောစရာ မရှိလောက်အောင် ကောင်းမွန်နေတဲ့ မန်စီးတီးတို့ ဒီအတိုင်း ဆိုရင် ပရီးမီးယားလိဂ် သရဖူကို ဆက်ထိန်းထားနိုင်ဖို့ ရာခိုင်နှုန်း တော်တော်လေး များနေပြီလို့တောင် ပြောလို့ ရပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 အဲဗာတန် @ 2.84
ဂိုးပေါ် 2.50 @ 2.08
ဂိုးပေါင်း 0-1 @ 3.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနှစ် ပရီးမီးယားလိဂ်မှာ ခြေစွမ်း တောက်လျောက် ကျဆင်းနေတဲ့ ဝုဗ် ကတော့ မန်စီးတီးရဲ့ ဘယ်လိုမှ မယှဉ်နိုင်ခြင်းနဲ့ အတူ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ တစ်ယောက် မလျော့ခဲ့ရင်တောင် ဝုဗ်တို့ ဒီထက် ပိုပြီး ဂိုးပြတ် ရှုံးနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။ ကောလင်းန် မရှိတဲ့နောက် ခံစစ် လုံးဝ ပိတ်ပြီး ကစားခဲ့လို့သာ ၃ ဂိုးတည်းနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ အပြီးမှာ ဝုဗ်တို့ ရမှတ် ၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
လာမယ့် ပွဲစဉ်များ

လာမယ့် တစ်ပတ်မှာ နိုင်ငံတကာ ပွဲတွေ ကစားဖို့ ရှိနေလို့ ပရီးမီးယားလိဂ် အပါအဝင် လိဂ် ပွဲတွေ ရပ်နားထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝုဗ်တို့ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှ ဝက်စ်ဟမ်းနဲ့ ပြန်လည် ကစားရဖို့ ရှိပြီး မန်စီးတီး ကတော့ အောက်တိုဘာ ၂ မှာ မန်ချက်စတာဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်