နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် ချန်ပီယံလိဂ် ဝင်ခွင့် ရတာ ဆုဖလား ရသလိုပါပဲ ဆိုတဲ့ မူစတာဖီ၊ ဗီလာတို့ ဥရောပဝင်ခွင့် ရနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ နည်းပြ အမ်မရီ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အာဆင်နယ် ချန်ပီယံလိဂ် ဝင်ခွင့် ရတာ ဆုဖလား ရသလိုပါပဲ ဆိုတဲ့ မူစတာဖီ၊ ဗီလာတို့ ဥရောပဝင်ခွင့် ရနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ နည်းပြ အမ်မရီ အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၃၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အာဆင်နယ် ချန်ပီယံလိဂ် ဝင်ခွင့် ရတာ ဆုဖလား ရသလိုပါပဲ ဆိုတဲ့ မူစတာဖီ

အာဆင်နယ် နောက်ခံလူဟောင်း ရှာဒိုခန် မူစတာဖီက အသင်းဟောင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို မရခဲ့လည်း ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိခဲ့တာက ဆုဖလား ရသလိုပါပဲလို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးကို ၈ မှတ် အသာရနေရာ ကနေ လက်ရှိ မှာတော့ ၂ ပွဲပို ကစားပြီးချိန်မှာ ၂ မှတ်သာ ကွာဟတော့လို့ အမှတ်ပေးဖလား အတွက် မျှော်လင့်ချက်က နည်းပါးနေခဲ့ပါပြီ။ 

“ အာစင်ဝင်းဂါး ထွက်ခွာသွား ကတည်းက အာဆင်နယ်က ချန်ပီယံလိဂ်မှာ မကစားရတော့တာပါ၊ ကျနော့် အမြင်မှာတော့ အသင်းက အာတေတာ လက်အောက်မှာ အများကြီး တိုးတက်လာခဲ့ပြီး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်၊ တကြိမ်တည်းနဲ့ လက်စတာတို့ ၂၀၁၆ မှာ ချန်ပီယံ ဖြစ်ခဲ့ပြီး မတည်ဆောက်နိုင်ခဲ့တာထက် အခုလို တည်ဆောက်ထားတာက ပိုအရေးကြီးပါတယ်”

“ သူတို့တွေ နောက်နှစ်မှာ ချန်ပီယံလိဂ် ဝင်ကစားရမှာက အမှတ်ပေးဖလားကို ဆွတ်ခူးသလိုပါပဲ၊ ဘာလို့လဲ ဆိုတော့ အသင်းက အဲဒီနေရာမှာ ရှိနေရမှာမို့လို့ပါပဲ” လို့ မူစတာဖီက ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ၇ နှစ်ကြာ အပြီးမှာမှ ချန်ပီယံလိဂ်ကို ပြန်လည် ဝင်ရောက်ကစားခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။ 


ဗီလာတို့ ဥရောပဝင်ခွင့် ရနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ နည်းပြ အမ်မရီ

အက်စတွန်ဗီလာကို ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာ ကနေ အဆင့် ၆ အထိ ပို့ဆောင် ပေးထားတဲ့ နည်းပြ အူနိုင်း အမ်မရီက သူ့အသင်းဟာ ဥရောပ ဝင်ခွင့် တနေရာ ရယူနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အက်စတွန်ဗီလာကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ အမ်မရီ

အက်စတွန်ဗီလာကို ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာ ကနေ အဆင့် ၆ အထိ ပို့ဆောင် ပေးထားတဲ့ နည်းပြ အူနိုင်း အမ်မရီက သူ့အသင်းဟာ ဥရောပ ဝင်ခွင့် တနေရာ ရယူနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဗီလာကို ကိုင်တွယ်ပေးပြီးနောက် ရလဒ်ကောင်းတွေကို အံ့အားသင့်ဖွယ်ရာ ယူဆောင်ပေးနိုင်ခဲ့ အပြီးမှာ အမ်မရီက အခုလိုပြောခဲ့တာပါ။ 

“ ကျနော် တို့ရဲ့ နောက်ဆုံး ခြေလှမ်းက ဥရောပ ဝင်ခွင့် တစ်နေရာ အတွက်ပါ၊ တန်းဆင်းဇုန် ကနေ ကျနော်တို့ လွတ်မြောက်ခဲ့ပြီးပြီ၊ ထိပ်ဆုံး ၁၀ သင်းနေရာကို ရခဲ့ပြီး အခု ကတော့ ဥရောပ ဝင်ခွင့် အတွက်ပါပဲ၊ ဒါပေမယ့် ပိုပြီး ခက်ခဲပါလိမ့်မယ်၊ ၅ ပွဲ ကစားဖို့ ကျန်နေသေးပြီး လစ်ဗာပူးလ်၊ ဘရိုက်တန်၊ ယူနိုက်တက် တို့နဲ့ ကစားရဖို့ ရှိပါတယ်၊ ဒီအခွင့်အရေးကို ခံစားပြီးတော့ ယူနိုက်တက်ကို ရင်ဆိုင်မှာပါ”

“ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ်တွေကို ကစားရနိုင်ပါတယ်၊ ချန်ပီယံလိဂ် ကတော့ အရမ်း ခက်ခဲပါတယ်၊ မဖြစ်နိုင်ပါဘူး၊ ကျန်တဲ့ လိဂ်နှစ်ခု ဖြစ်နိုင်ပေမယ့်လည်း လွယ်လွယ်နဲ့တော့ ဘယ်ရနိုင်ပါ့မလဲဗျာ” လို့ အမ်မရီက ဆိုပါတယ်။ ဗီလာဟာ ဒီနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပြီး အနိုင်ရခဲ့မယ် ဆိုရင် ယူရိုပါလိဂ် မျှော်လင့်ချက်တွေ ပိုမို အားကောင်းလာမှာပါ။ 


ရော်နယ်ဒိုကို တန်ဟက်ဂျ် အလဲထိုးခဲ့တာ မအံ့ဩမိဘူး ဆိုတဲ့ ဟော်လန်သား နည်းပြ

ဟော်လန် နည်းပြ တဦးဖြစ်တဲ့ ဖရက်ဒ် ရူတန်က မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒို တို့ကြား အားပြိုင်မှုမှာ တန်ဟက်ဂ် အနိုင်ရခဲ့တာကို သူ မအံ့ဩဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ တန်ဟက်ဂ် လက်အောက်မှာ ပုံမှန်ကစားခွင့် မရခဲ့တဲ့နောက် အသင်းနဲ့ ပြသနာတွေ တက်ခဲ့ပြီး ဆော်ဒီကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ 

တန်ဟက်ဂ်နဲ့ ရော်နယ်ဒိုကြား မှာတော့ လူသိရှင်ကြား ပြသနာတက်ခဲ့တာမျိုးတော့ မရှိခဲ့ပေမယ့်လည်း ရော်နယ်ဒို ထွက်ခွာခဲ့ရမှုမှာ တန်ဟက်ဂ် ဘက်က သွေးအေးအေးနဲ့ လုပ်ဆောင်ခဲ့တာမျိုးတွေ ရှိတယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။ ဟော်လန် ကလပ် တွမ်တီး အသင်းမှာ တန်ဟက်ဂ်နဲ့ လက်တွဲခဲ့ဖူးတဲ့ ရူတန် ကတော့ အခုလိုပဲ ပြောသွားခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
အဲဗာတန်
1X2 လက်စတာ စီးတီး @ 2.06
လက်စတာ စီးတီး အာရှ ဟန်းဒီးကပ် -0.50 @ 2.06
ဂိုးပေါ် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ တန်ဟက်ဂ်က အနိုင်ရသူတဦးပါ၊ သူ့ကို နည်းပြ တဦး အဖြစ်နဲ့ ကျနော် အမြဲတမ်း တွေ့ခဲ့တယ်၊ သူ ယူနိုက်တက် နည်းပြ မဖြစ်ခင် သူနဲ့ စကားပြောခဲ့တုန်းက မင်း ကြယ်ပွင့် ကစားသမားတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ မေးဖြစ်ခဲ့တယ်၊ သူ့မှာ အစီအစဉ် တစ်ခု ရှိနေခဲ့ပြီး အဲဒါကို အကောင်အထည် ဖော်လို့ အဆင်မပြေရင် သူက ကြားဝင်ပြီး လုပ်တော့တာပဲ”  

“ ဒါကြောင့် သူက ကစားသမားတွေကို ချက်ချင်းတွေ့ဆုံတာမျိုးတွေ လုပ်ပစ်တယ်၊ ရော်နယ်ဒိုနဲ့ တိုက်ပွဲမှာ သူက အောင်မြင်ခဲ့တာကို ကျနော် မအံ့ဩပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ တန်ဟက်ဂ်ဟာ ရော်နယ်ဒိုထက် ရက်ရှ်ဖို့ဒ် ကိုသာ သူ့ရဲ့ ဦးစားပေး တိုက်စစ်မှူး အဖြစ် အသုံးပြုချင်ခဲ့တာ ဖြစ်ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်