နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရည်မှန်းချက် ကိုယ်စီနဲ့ အကြိတ်အနယ် ရှိလာဦးမယ့် မာဆေးလ်ဆိုက်ဒ်ဒါဘီ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် – လစ်ဗာပူးလ်

ဒီတစ်ပတ် ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ပွဲကျန် အဖြစ် လစ်ဗာပူးလ်က အဲဗာတန်ရဲ့ ဂွတ်ဒီဆင်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ တန်းဆင်းဇုန်နား ရောက်နေပြီး ရုန်းကန်နေရပေမယ့် မာဆေးလ်ဆိုက်ဒ် ဒါဘီ ဖြစ်နေတာကြောင့်တော့ လစ်ဗာပူးလ်တို့ ခက်ခက်ခဲခဲ ကစားရဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အဲဗာတန်ဟာ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး အတွက် ရုန်းကန်ပြနေပြီး ပြီးခဲ့တဲ့ ပွဲမှာလည်း နော့တင်ဟမ်ဖောရက်စ်ကို ၂-၀ နဲ့ အနိုင်ရထားပါတယ်။ ဒီနိုင်ပွဲကြောင့် အဲဗာတန်က အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပေမယ့် တန်းဆင်းဇုန်ထဲက အသင်းတွေထက် ပွဲလျော့ ကစားပြီး ၅ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ ရာသီက ဂွတ်ဒီဆင်ပါ့ခ်မှာ လစ်ဗာပူးလ်ကို ဂိုးမရှိ သရေ ကစားနိုင်ခဲ့ပြီး ဒီတစ်ကြိမ် မှာရော ဒုက္ခပေးနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထဲမှာ ဆက်ရှိနေရေး အတွက် အစွမ်းကုန် အားစိုက်နေပြီး နောက်ဆုံး ပွဲမှာလည်း ဖူလ်ဟမ်ကို ၁-၃ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ်က အဆင့် ၂ နေရာမှာ ရှိနေပြီး အာဆင်နယ်နဲ့ ရမှတ်တူ၊ မန်စီးတီး ကိုတော့ တစ်ပွဲပိုကစား တစ်မှတ် အသာ ဦးဆောင်ထားပါတယ်။ လစ်ဗာပူးလ်ဟာ ယူရိုပါလိဂ် ကနေလည်း ထွက်ခွာလာရပြီ ဖြစ်တာကြောင့် မန်စီးတီး၊ အာဆင်နယ် နည်းတူ ပရီးမီးယားလိဂ် ကို အာရုံစိုက်နေပြီး နိုင်ပွဲ ဆက်လက် ရှာဖွေသွားနိုင်မလား စိတ်ဝင်စားစရာပါ။


နှစ်ဖက်အသင်း သတင်းများ

လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထဲမှာ ဆက်ရှိနေရေး အတွက် အစွမ်းကုန် အားစိုက်နေပြီး နောက်ဆုံး ပွဲမှာလည်း ဖူလ်ဟမ်ကို ၁-၃ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက် မရှုံးခဲ့တဲ့ လစ်ဗာပူးလ်

အခုပွဲကိုတော့ အဲဗာတန် ဘက်မှာ ကိုးလ်မန်း၊ ဘီတို၊ ဒေါ့ဘင်နဲ့ ဒယ်လီ အလီတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် မှာတော့ သီယာဂို၊ မက်တစ်ပ်၊ ဘရက်ဒ်လီ၊ ဒိုအက်ခ်တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ယန်း၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ မိုင်ကိုလန်ကို၊ ဟာရစ်ဆင်၊ အိုနာနာ၊ ဂီရီ၊ မက်နေးလ်၊ ဒူကိုရေး၊ ကဲလ်ဗတ်-လီဝင်း

လစ်ဗာပူးလ် – အလီဆွန်၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဆဘို့ဇ်လိုင်း၊ အန်ဒို၊ မက်အယ်လစ္စတာ၊ ဆာလာ၊ နူညက်ဇ်၊ ဒီးယက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက အကြိမ် ၃၀ တွေ့ဆုံခဲ့ရာမှာ အဲဗာတန်က ၂ ကြိမ်နိုင်၊ ၁၃ ကြိမ် သရေကျပြီး လစ်ဗာပူးလ်က ၁၅ ကြိမ် အနိုင်ရခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက် မရှုံးခဲ့ပဲ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ အဲဗာတန်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး လစ်ဗာပူးလ် ကတော့ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အဲဗာတန် နိုင်ရင် ၅.၈ ဆ၊ လစ်ဗာပူးလ် နိုင်ရင်တော့ ၁.၄၂ ဆ၊ သရေ ဆိုရင်တော့ ၄.၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ၊ တစ်လုံး အရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ထားပါတယ်။ အဲဗာတန်က တန်းဆင်းဇုန် ရုန်းအားကောင်းနေပြီး လစ်ဗာပူးလ် ကတော့ ချန်ပီယံဆု အတွက် အမှားမခံစတမ်း ကစားနေပါတယ်။ ရည်မှန်းချက် ကိုယ်စီ အတွက် အားစိုက် ကစားလာဖို့ ရှိနေပြီး အဘက်ဘက်မှာ ပိုသာနေတဲ့ လစ်ဗာပူးလ်တို့ ကပ်နိုင်သွားဖို့ ရှိပါတယ်။ အပြန်အလှန် သွင်းဂိုး‌တွေလည်း မြင်တွေ့ရဦးမှာပါ။


ခန့်မှန်းရလဒ်

အဲဗာတန် ၁-၂ လစ်ဗာပူးလ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်