နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်လ နီးပါး အနားယူရတော့မယ့် မာရင်နို | ပရီးမီးယားလိဂ်

လက်ရှိနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ရီးရဲလ်ဆိုစီဒက် ကနေ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ မီခဲလ် မာရင်နို ကတော့ ဒဏ်ရာကြောင့် ၂ လလောက် အနားယူရတော့မယ်လို့ သိရပါတယ်။ စပိန် ကွင်းလယ်ကစားသမား မီခယ်လ် မော်ရီနိုဟာ အသင်းကို ရောက်ရောက်ချင်းမှာ ဂါဘီနဲ့ ထိခိုက်မိပြီး ပုခုံးဒဏ်ရာရရှိခဲ့တာကြောင့် ၂ လကြာ အနားယူသွားရတော့မှာ ဖြစ်ကြောင်း Daily Mail ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ ဒီနွေရာသီမှာ ခံစစ်ပိုင်း အတွက် အီတလီ ခံစစ်မှူး ရီကာဒို ကာလာဖီအိုရီကို ဘိုလော့ဂ်နာ ကနေ ခေါ်ယူခဲ့သလို ကွင်းလယ်ပိုင်း အတွက်လည်း နယူးကာဆယ်မှာ ကစားခဲ့ခဲ့ဖူးတဲ့ စပိန် ကွင်းလယ်လူ မီခဲလ် မာရင်နိုကို ယူရို ၃၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် စပိန် လက်ရွေးစင် ကွင်းလယ်လူ မာရင်နိုဟာ အာဆင်နယ် အတွက် လိုအပ်နေတဲ့ ကွင်းလယ်ပိုင်း အကောင်းဆုံး ခေါ်ယူမှု တစ်ခု ဖြစ်ခဲ့ပေမယ့် အသင်းနဲ့ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတင်ပဲ ပခုံးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဘရိုက်တန်နဲ့ ပွဲကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ မာရင်နိုက သူ့ရဲ့ ဒဏ်ရာ အခြေအနေကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရနိုင်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မာရင်နိုက အဲဒီဒဏ်ရာကြောင့်ပဲ ၂ လခန့် အထိ အနားယူသွားရချေ ရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ သူတိုရဲ့ ကစားသမားသစ် မီခဲလ် မာရင်နိုကို အောက်တိုဘာလ အလယ်လောက် အထိ အနားပေးရဖို့ ရှိလာခဲ့ပါတယ်။ ဒါကြောင့် မာရင်နိုကို အာဆင်နယ်က နိုင်ငံတကာ ပွဲစဉ် ရက်သတ္တပတ် အပြီးမှပဲ အသင်း အတွက် စတင် အသုံးပြုနိုင်တော့မှာလည်း ဖြစ်ပါတယ်။ မာရင်နိုဟာ အာဆင်နယ်ရဲ့ ကစားရမယ့် အဓိက ပွဲစဉ်တွေ ဖြစ်တဲ့ မြို့ခံ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်မှာ ဖြစ်သလို မန်စီးတီးနဲ့ ပွဲစဉ် ကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အတ္တလန္တာ၊ မန်စီးတီး တို့နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေ ကိုလည်း သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မာရင်နို အနေနဲ့ အနီးစပ်ဆုံး ဘုန်းမောက်နဲ့ ပွဲမှသာ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဘရိုက်တန်နဲ့ ပွဲမှာ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဒီကလန် ရိုက်စ်က အနီကတ်ထိခဲ့တာကြောင့် ပွဲပယ် ပြစ်ဒဏ်ကျခံရဖို့ ရှိနေပြီးတော့ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက အာဆင်နယ်မှာ ဒီကလန် ရိုက်စ်နဲ့ မာရင်နိုတို့ မကစားနိုင်ပေမယ့်လည်း မာတင် အိုဒီဂတ်၊ သောမတ်စ် ပါတေးနဲ့ ဂျော်ဂျင်ဟို တို့လို ကစားသမားတွေ ရှိနေသလို လိုအပ်ရင် တင်ဘာ၊ ဇင်ချန်ကို တို့ကို ကွင်းလယ်ပိုင်း မှာပါ ထားပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မာရင်နိုရဲ့ ဒဏ်ရာ ပြသာနာက အာဆင်နယ် အတွက် စိုးရိမ်ရတဲ့ အခက်အခဲ တစ်ခုတော့ မဟုတ်ပေမယ့် လာမယ့် စပါးနဲ့ ပွဲကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်