ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ လက်ရှိ ဂိုးသမား အန်ဒရေ အိုနာနာနဲ့ ဘိုင်နဒီရာ တို့ရဲ့ လက်စွမ်းကို စိတ်မချတာကြောင့် ဂိုးသမားသစ် တစ်ဦး ရှာဖွေနေပြီလို့ သိရပါတယ်။ ဒါကြောင့် အိုနာနာနဲ့ ဘိုင်နင်ဒီရာ တို့ဟာ မကြာခင်မှု ပုံမှန် ပွဲထွက်ခွင့်တွေ ရရှိဖို့ မသေချာတော့ပဲ သူတို့ရဲ့ အနာဂတ် အတွက် တိုက်ပွဲဝင်ရတော့မှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။
အန်ဒရေ အိုနာနာဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ အေဂျက်စ် ကနေ ပေါင် ၄၇.၂ သန်းနဲ့ ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့လာခဲ့ပြီး ရောက်ရောက်ချင်းမှာပဲ ယူနိုက်တက်ရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်ခဲ့သူပါ။ အိုနာနာဟာ ယူနိုက်တက် အတွက် ပွဲစဉ် တချို့မှာ ထူးခြား ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ အကြိမ်ကြိမ် ပြသနိုင်ခဲ့ပေမယ့် တစ်ဖက် မှာလည်း အမှား များစွာ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ မလုပ်သင့်တဲ့ အမှားတွေက ယူနိုက်တက် အတွက် တချို့သော ပွဲတွေမှာ သက်ရောက်မှု ကြီးမားခဲ့ပြီး ရလဒ်ပိုင်း ကိုပါ ထိခိုက်နေစေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အိုနာနာက နည်းပြသစ် ရူဘင် အမော်ရင် ရောက်ရှိလာပြီး နောက်ပိုင်း တစ်ဦးချင်း အမှားအယွင်း များစွာ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
ကင်မရွန်း လက်ရွေးစင် ဂိုးသမားရဲ့ နောက်မှာ ပွဲထွက်ခွင့်ရနေတဲ့ ဘိုင်နင်ဒီရာ ကလည်း ပွဲထွက်ခွင့် ရရှိချိန်မှာ အထင်ကြီးစရာ လက်စွမ်းမျိုး မပြသနိုင်ပဲ အမှားတွေ များနေခဲ့တာ ဖြစ်ပါတယ်။ ဘိုင်နင်ဒီရာဟာ ပြီးခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အမှားများစွာ ပြုလုပ်ခဲ့ပြီး ယူနိုက်တက် ကလည်း တော့တင်ဟမ်ဟော့စပါးကို ၄-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
Telegraphရဲ့ ဖော်ပြချက်အရ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဂိုးသမားသစ် ရှာဖွေမှု အတွက် အင်တိုက် အားတိုက် လုပ်ဆောင်နေပြီး ဘယ်ဂျီယံ ကလပ် ရွိုင်ရယ် အန့်တ်ဝပ်က အသက် ၂၂ နှစ် အရွယ် ဂိုးသမား ဆန်နေး လမ်မန်းစ် ကို ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လမ်မန်းစ်ဟာ ဥရောပရဲ့ ထိပ်တန်း အဆင့် ရှိတဲ့ ဂိုးသမား အဖြစ် သတ်မှတ်ခံထားရပြီး ဒေါ့မန် ကလည်း သူ့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
တချို့သော သတင်းတွေ မှာတော့ ယူနိုက်တက်က ဂိုးသမားသစ် တစ်ဦးကို ချက်ခြင်း ခေါ်ယူသွားမှာ မဟုတ်ပေမယ့်လည်း ဘယ်နောက်ခံလူ နေရာ အတွက်တော့ ပီအက်စ်ဂျီက နူနို မန်းဒက်စ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘိုင်နင်ဒီရာ ဟာ အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကယ်၍ ဘိုင်နင်ဒီရာ အသင်း ကနေ ထွက်ခွာခဲ့ရင်လည်း ပရီးမီးယားလိဂ် ကလပ်က ဂိုးသမားသစ် တစ်ဦး အလျင်စလို ခေါ်ယူသွားမှာ မဟုတ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အသက် ၃၈ နှစ် အရွယ် တွမ် ဟီတန် ကိုပဲ ဒုတိယဂိုးသမား အဖြစ် ဆက်လက် အသုံးပြုသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.