နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်တီဟတ်မှာ ဝုဗ်ကို ရှုံးကြွေးပြန်ဆပ်ရမယ့် မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

မန်စီးတီး ကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို အက်တီဟတ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံဆု အတွက် အမှားမခံစတမ်း ကစားဦးမယ့် မန်စီးတီးကို ဝုဗ်တို့ ပထမအကျော့တုန်းကလို ခက်ခဲစေနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။

ပပ်ဂွာဒီယိုလာရဲ့ အသင်းက ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၄ ပွဲ ကစားရဦးမှာ ဖြစ်ပြီး အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားပါတယ်။ ဒါ့အပြင် မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ်ဆက် ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး အများစုက လက်ကျန် ၄ ပွဲစလုံး မန်စီးတီးတို့ အနိုင်ကန်မယ်လို့ သုံးသပ်နေကြပါတယ်။ မန်စီးတီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ဖောရက်စ်နဲ့ ပွဲမှာတော့ ခြေစွမ်းပိုင်း အနည်းငယ် အားနည်းချက်တွေ ရှိခဲ့ပြီး ဖောရက်စ်တို့ အဆုံးသတ် ညံ့ခဲ့လို့သာ ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ ပထမအကျော့တုန်းက ဝုဗ်ကို မိုလီနက်စ်မှာ ရှုံးနိမ့်ထားတာကြောင့်လည်း အခုပွဲကို ပေါ့ဆလို့ မရပါဘူး။

ဂယ်ရီ အိုနီးလ်ရဲ့ ဝုဗ် ကတော့ တောက်လျောက် ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် လူတန်နဲ့ အတွေ့ မှာတော့ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ အဓိက ကစားသမား တချို့ ပြန်လည် ပါဝင်လာနိုင်ခြင်းနဲ့ အတူ ဝုဗ်ရဲ့ ကစားပုံလည်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်ဟာ လက်တလော ပရီးမီးယားလိဂ် ဇယား အလယ်မှာ ရှိနေပြီး အထက်လည်း မရောက် အောက်လည်း မရောက်တဲ့ အခြေအနေပါ။ ဒါပေမယ့်လည်း ရမှတ် မလိုသည့်တိုင်အောင် ဝုဗ်ဟာ သူတို့ရဲ့ ထုံးစံ အတိုင်း မန်စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားလာဦးမှာတော့ သေချာပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို မန်စီးတီး ဘက်က အီဒါဆင်နဲ့ အတူ ဖျားနာနေတဲ့ ဖိုဒန်နဲ့ ဒီးရာ့စ် တို့လည်း လွဲချော်ဖို့ ရှိနေပါတယ်။ ဝုဗ် ဘက်မှာတော့ ဒေါ်ဆန်၊ ဘယ်လီဂါဒီ၊ လီမီနာ၊ နီတို၊ နူရီနဲ့ ဗျူနိုတို့ လွဲချော်ဦးမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – အော်တီဂါ၊ ဝေါလ်ကာ၊ အေခီ၊ စတုန်းစ်၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရွန်းနား၊ ဖိုဒန်၊ ဂရီးလစ်ရှ်၊ ဟာလန်း

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ဆား၊ ဆီမီဒို၊ ကေးလ်မန်း၊ တော့တီ၊ ဒိုဟာတီ၊ လီမီနာ၊ ဂိုးမက်စ်၊ ထရာအိုရေး၊ နူရီ၊ ကွန်ဟာ၊ ဟွမ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက ၁၂ ကြိမ်နိုင်၊ ၁ ကြိမ် သရေ၊ ဝုဗ်က ၅ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ မန်စီးတီးက ၄ ကြိမ် နိုင်ပြီး ဝုဗ်က ၁ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ်မှာလည်း မန်စီးတီးပဲ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁ ဆ ကျော်ကျော်လေးပဲ ရမှာ ဖြစ်ပြီး ဝုဗ် နိုင်ရင်တော့ ၁၄ ဆခွဲ ရမှာ ဖြစ်ပြီး သရေ ဆိုရင်တော့ ၄ ဆ နီးပါး ရမှာပါ။ အာရှဟန်းဒီးကပ်မှာ မန်စီးတီးက ၂ လုံး အရှုံး၊ နှစ်လုံး တစ်ဝက်ရှုံး၊ ၃ လုံး အရှုံးလောက်ထိ ကြေးပေါက်နေပြီး ဂိုးပေါင်း ကလည်း ကြေးပြင်းပါတယ်။ ဘွတ်ကီတွေ အနေနဲ့ မန်စီးတီး ကျိန်းသေပေါက် ဂိုးပြတ် နိုင်မယ်လို့ တွက်ဆတာကြောင့် ဒီကြေးမျိုး ဖွင့်ထားတယ်လို့ ယူဆရပါမယ်။ တကယ်တမ်းလည်း မန်စီးတီး သေချာအာရုံစိုက်ရင် ဂိုးပြတ်နိုင်ဖို့ မခက်ပါဘူး။ ခြေချော်ခံမှာ မဟုတ်တဲ့ မန်စီးတီး ဘက်မှာ ရပ်တည်ရင်း ဂိုးပေါ်ကို ရွေးချယ်ထားရအောင်ပါ။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်