နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲနဲ့ အတူ ဖလား ယူမယ့် မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – ဝက်စ်ဟမ်း

မန်စီးတီး ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မှာ ဝက်စ်ဟမ်း ယူနိုက်တက်ကို အိမ်ကွင်း ဖြစ်တဲ့ အက်တီဟတ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေတဲ့ မန်စီးတီးတို့ ရာသီပိတ် အိမ်ကွင်း နိုင်ပွဲနဲ့ အတူ ချန်ပီယံဆုကို ၄ နှစ်ဆက် သိမ်းပိုက်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ သူတို့ အတွက် အခက်ခဲဆုံး ဖြစ်မယ့် တော့တင်ဟမ်ဟော့စပါးနဲ့ အဝေးကွင်း ပွဲစဉ်မှာ အမှားအယွင်း မရှိ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ်ဆက် ကိုင်မြှောက်နိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမယ့် အခုပွဲမှာ ဝက်စ်ဟမ်းကို သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့ပြီး တစ်ဖက်က အာဆင်နယ်က အဲဗာတန်ကို အနိုင်ရခဲ့မယ် ဆိုရင်တော့ မန်စီးတီးရဲ့ မျှော်လင့်ချက်တွေ ပြောင်းပြန် ဖြစ်သွားမှာပါ။ ဒါပေမယ့် ပပ် ဂွာဒီယိုလာရဲ့ အသင်းက အမှားခံမှာ မဟုတ်ပါဘူး။ အရေးကြီးတဲ့ အချိန်တွေမှာ ခြေချော်တယ် ဆိုတာ မန်စီးတီးရဲ့ အစဉ်အလာ မဟုတ်ပါဘူး။ နောက်ပြီး ဝက်စ်ဟမ်းဟာ သူတို့ အတွက် ခက်ခဲတဲ့ ပြိုင်ဘက်လည်း မဟုတ်ပါဘူး။

ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်း ကတော့ ဒီရာသီမှာ ခြေစွမ်းကျဆင်းသွားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေပါတယ်။ ဥရောပဝင်ခွင့်လည်း မရတော့သလို အမှတ်လည်း မလိုအပ်တော့တဲ့ အသင်းပါ။ တိုက်စစ်မှူး အန်တိုနီယို ကတော့ မန်စီးတီးကို ဒုက္ခပေးမယ်လို့ ကြုံးဝါးထားပေမယ့် တကယ့်လက်တွေ့မှာ ဝက်စ်ဟမ်း အနေနဲ့ မန်စီးတီးကို ဘယ်လိုမှ ယှဉ်နိုင်ဖို့တော့ မရှိပါဘူး။ အက်တီဟတ် ကွင်းမှာ ဝက်စ်ဟမ်း‌ မျှော်လင့်နိုင်စရာက ကံကောင်းရင် သရေ တစ်မှတ်ပါပဲ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို မန်စီးတီး ဘက်က ဂိုးသမား အီဒါဆင် မိုရေးစ် လွဲချော်ဖို့ ရှိပြီး ကီဗင် ဒီဘရွန်းနား ကတော့ ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ဝက်စ်ဟမ်း ဘက်မှာတော့ ကယ်ဗင်ဖီးလစ် အပြင် အဓိက ကစားသမားတွေ ဖြစ်တဲ့ အမ်ဗရိုပါးနို့စ်နဲ့ အဂတ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်း ကတော့ ဒီရာသီမှာ ခြေစွမ်းကျဆင်းသွားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ လူတန်တောင်းကို အနိုင်ရထားတဲ့ ဝက်စ်ဟမ်း

မန်ချက်စတာစီးတီး – အော်တီဂါ၊ ဝေါလ်ကာ၊ အာကန်ဂျီ၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ ကိုဗာချစ်၊ ဘာနာဒို၊ ဒီဘရွန်းနား၊ ဖိုဒန်၊ ဟာလန်း

ဝက်စ်ဟမ်း – အာရီယိုလာ၊ ကူဖယ်၊ ဇူးမား၊ အော့ဂ်ဘွန်နာ၊ အီမာဆင်၊ ဆိုချက်ခ်၊ အဲလ်ဗာရက်ဇ်၊ ဘိုဝင်၊ ကူဒု့စ်၊ ပက်ကေးတား၊ အန်တိုနီယို

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁ ဆ ကျော်ကျော်လေးပဲ ရမှာ ဖြစ်ပြီး ဝက်စ်ဟမ်း နိုင်ရင်တော့ ၁၄ ဆ ရမှာ ဖြစ်ပြီး သရေ ဆိုရင်တော့ ၉ ဆ ရမှာပါ။ အာရှဟန်းဒီးကပ်မှာ မန်စီးတီးက ၃ လုံးသွင်းမှ အပြည့်ရမယ့် ကြေးမျိုးပေးထားပြီး ဂိုးပေါင်း ကလည်း ကြေးပြင်းပါတယ်။ ဘွတ်ကီတွေ အနေနဲ့ မန်စီးတီး ကျိန်းသေပေါက် ဂိုးပြတ် အနိုင်လို့ တွက်ဆထားကြပုံပါပဲ။ တကယ်တမ်းလည်း မန်စီးတီး သေချာ အာရုံစိုက်ရင် ဂိုးပြတ် နိုင်ဖို့ မခက်ပါဘူး။ ကျွန်တော် ကတော့ ပိုပြီး စိတ်ချရတဲ့ အကျိုးအမြတ်လည်း များများ ရမယ့် အာရှဟန်းဒီးကပ် မန်စီးတီး -၂.၅၀နဲ့ ဂိုးပေါ် ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

 

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၁ ဝက်စ်ဟမ်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်