ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာစီးတီး ကတော့ အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်တဲ့ အီဒါဆင် နေရာမှာ အစားထိုးဖို့ အတွက် ဂိုးသမား တစ်ဦး ရှာဖွေနေပြီလို့ သိရပါတယ်။ ဒါကြောင့် မန်စီးတီးဟာ ဂျူဗင်တပ်စ်က အီတလီ ဂိုးသမား မစ်ချယ်လီ ဒီ ဂရီဂိုရီယိုကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း အီတလီ အခြေစိုက် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။
လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆင်က ၂၀၁၇ ခုနှစ် ကတည်းက ဘင်ဖီကာ ကနေ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အီဒါဆင်ဟာ မန်ချက်စတာစီးတီးနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို တစ်ဦးချင် ဆုတံဆိပ်တွေလည်း ရရှိထားခဲ့ပါတယ်။ အီဒါဆင်က မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၃ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ်၊ စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်စီ ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးရဲ့ မရှိမဖြစ် ဂိုးသမား တစ်ဦး ဖြစ်ခဲ့တဲ့ ဘရာဇီးလ်သားက The Best FIFA Goalkeeper ဆုနဲ့ ပရီးမီးယားလိဂ် ရွေလက်အိတ်ဆုလည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ အီဒါဆင်ဟာ လက်ရှိ မှာတော့ လက်စွမ်းပိုင်း ကျဆင်းနေပြီး အရန် ဂိုးသမား ဖြစ်တဲ့ အော်တီဂါနဲ့ပါ ပွဲထွက်ခွင့်လုနေရတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ မန်စီးတီး ဘက်က အီဒါဆင်ကို အသင်း ကနေ ရောင်းထုတ်ဖို့ အထိ စီစဉ်လာခဲ့ပြီးတော့ အီဒါဆင်ရဲ့ နေရာမှာ အရည်အသွေးမြင့် ဂိုးသမား တစ်ဦး ခေါ်ယူသွားဖို့လည်း ချိန်ရွယ်လာခဲ့ပါတယ်။ မန်စီးတီးက ပေါ်တိုရဲ့ ပေါ်တူဂီ ဂိုးသမား ဒီယိုဂို ကော်စတာကို ဦးစားပေး ပစ်မှတ်ထားနေပေမယ့် ကော်စတာရဲ့ တန်ကြေးက မြင့်မြင့်မားနေတာကြောင့် ဂျူဗင်တပ်စ် ဂိုးသမား ဒီ ဂရီဂိုရီယို ကိုသာ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် အီတလီ ဂိုးသမား ဒီဂရီဂိုရီယိုဟာ အင်တာမီလန် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့သူ ဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ်မှာ မွန်ဇာ အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။
လက်ရှိ နွေရာသီ မှာတော့ ဂျုဗင်တပ်စ်က ဂိုးသမား ရှက်ဇီနီကို လက်လွှတ်ခဲ့ရပြီးနောက် ဒီဂရီဂိုရီယိုကို မွန်ဇာက နေ အငှား+အပြီးသတ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီဂရီဂိုရီယို ကတော့ မနှစ်က ဘောလုံးရာသီ စီးရီးအေရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့သူ ဖြစ်ပြီးတော့ လက်ရှိ တူရင် ကလပ်ရဲ့ အဓိက ဂိုးသမား နေရာ ရရှိထားသူပါ။ ဒီဂရီဂိုရီယိုဟာ လက်ရှိ ရာသီ စီးရီးအေ မှာလည်း ၁၂ ပွဲ ကစားရာမှာ ပေးဂိုး မရှိ ပွဲစဉ် ၇ ပွဲ ရရှိအောင် စွမ်းဆောင်ပေးထားပြီး ပြိုင်ပွဲစုံ မှာတော့ ပေးဂိုး မရှိ ၁၀ ပွဲ ရယူထားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.