နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝုဗ်ကို အိမ်ကွင်းမှာ ရှုံကြွေးပြန်ဆပ်ပြီး ချန်ပီယံဆုဆီ ခြေတစ်လှမ်း ထပ်လှမ်းလိုက်တဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၅-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် မန်ချက်စတာစီးတီးနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ အက်တီဟတ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာတော့ မန်စီးတီးက ဝုဗ်ကို ဟာလန်းရဲ့ သွင်းဂိုး ၄ ဂိုး အပါအဝင် ၅-၁ ရလဒ်နဲ့ ဂိုးပြတ် ချေမှုန်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ပထမအကျော့ ဝုဗ် အိမ်ကွင်း မိုလီနက်စ်မှာ ရှုံးနိမ့်ခဲ့မှု ကိုလည်း လှလှပပ လက်စားပြန်ချေနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး အီဒါဆင်၊ အာကန်ဂျီ၊ အေခီ၊ ဝေါလ်ကာ၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ ကိုဗာချစ်၊ ဒီဘရွန်းနား၊ ဆေးလ်ဗား၊ ဖိုဒန်၊ ဟာလန်း တို့ ပါဝင်ကစားသွားခဲ့ပါတယ်။ ဝုဗ် ကတော့ ကွန်ဟာနဲ့ ဟွမ်ကို တိုက်စစ်မှာ အထောင်ထားခဲ့ပြီး ဗျူနို၊ ထရာအိုရေး၊ လီမီနာ၊ ဂိုးမက်စ်၊ နူရီ၊ ခံစစ် မှာ‌ောတ့ ဂိုးမက်စ်၊ ကေးလ်မန်း၊ ဆီမီဒို၊ ဆား တို့နဲ့ မန်စီးတီး ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။

မန်စီးတီးလို အသင်းကို သူတင်ကိုယ်တင် ယှဉ်မတိုက်နိုင်မှန်း သိတဲ့ ဝုဗ်ဟာ MidBlock၊ LowBlock တွေနဲ့ ကစားပြီး တန်ပြန် တိုက်စစ်နဲ့ ဂိုးပြန်ယူဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အမှားမခံစတမ်း ကစားဖို့ ပြင်ဆင်လာတဲ့ မန်စီးတီးရဲ့ ထိုးဖောက်မှုတွေကိုတော့ အလူးအလဲ ခံခဲ့ရပါတယ်။ မန်စီးတီးရဲ့ အသက်ရှူခွင့်မပေးပဲ ဖိအားပေးမှုတွေကြောင့် ဝုဗ် နောက်တန်းလည်း အချိန် ကြာလာလေ အမှားတွေ လုပ်မိလေ ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၁၂ မိနစ် မှာပဲ ဟာလန်းက ပင်နယ်တီက တဆင့် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး အဲ့နောက် ၃၅ မိနစ်၊ ၄၅+၃ မိနစ် (ပင်နယ်တီ) တွေမှာ ဟာလန်း ကပဲ ဂိုးတွေ ထပ်သွင်းပေးခဲ့လို့ မန်စီးတီးတို့ ပထမပိုင်း အပြီးမှာတင်ပဲ ၃-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

အဲ့နောက် ဒုတိယပိုင်း ၅၃ မိနစ် မှာတော့ ဟီချန်ဟွမ်က ဝုဗ် အတွက် ချေပဂိုး သွင်းပေးခဲ့ပေမယ့် တစ်မိနစ် မကြာခင်မှာပဲ ဟာလန်းက သူ့အတွက်ရော၊ အသင်း အတွက်ပါ စတုတ္ထဂိုး ဖြစ်စေမယ့် ဂိုးကို သွင်းယူပေးခဲ့လို့ ဝုဗ်တို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ လက်ကျန် မိနစ်တွေ ဝုဗ်တို့ တတ်နိုင်သမျှ အားစိုက်ခဲ့ပေမယ့် ခံစစ်သာ ဦးစားပေးခဲ့ရပါတယ်။ ၈၅ မိနစ် မှာတော့ လူစားဝင် ကစားသမား အယ်လ်ဗာရက်ဇ်က မန်စီးတီး အတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူပေးခဲ့လို့ ၅-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် အမှတ်ပေးဇယား ထိပ်က အာဆင်နယ်က အမှားအယွင်းမရှိ ကစားရင်း ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရလိုက်တာကြောင့် မန်စီးတီးတို့ ပိုပြီး အားထည့်သွားခဲ့တာ ဖြစ်ပါတယ်။ ရာသီကုန်ခါနီးလေ ပိုတည်ငြိမ်လာလေ ဆိုတဲ့ ပုံစံကောင်း တစ်ခုကို ပပ်ဂွာဒီယိုလာနဲ့ မန်စီးတီး အသင်းသားတွေ ဆက်ထိန်းနိုင်ခဲ့ပြီး ပြီးပြည့်စုံတဲ့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အာလင်း ဟာလန်း ကလည်း ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၅ ဂိုး အထိ ရှိလာခဲ့ပြီး ဒုတိယနေရာက အိဆက်ခ်ထက် ၅ ဂိုးသာ သွားတာကြောင့်‌ ရွှေဖိနပ်ဆု ရရှိဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးက ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားပြီး ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့လည်း အကောင်းဆုံး အနေအထားမှာ ရှိနေပြီး လာမယ့် ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်းနဲ့ ၃ ပွဲမှာ ရလဒ်ကောင်းဖို့တော့ လိုအပ်နေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်