နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အူဂါတီနဲ့ Here We Go သွားတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ မန်ဝဲလ် အူဂါတီကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီး Here We Go သွားခဲ့ပြီလို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဒီကစားသမားကို ခေါ်ယူဖို့ ဇူလိုင်လ ကတည်းက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ ဂျာဆီကိုင်ပြီး ဓာတ်ပုံရိုက်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ 

   ယူနိုက်တက်ဟာ အူဂါတီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ + အပိုဆုကြေး ယူရို (၁၀)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ဒီကနေ့မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ တစ်ဖက် မှာတော့ နာပိုလီက ယူနိုက်တက် ကွင်းလယ်လူ စကော့တ် မက်တော်မီနေးကို ယူရို သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပြီး ဒီနေ့ပဲ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာကတည်းက စကော့တ် မက်တော်မီနေး ကိုသာ နာပိုလီ အသင်းထံ အပြီးသတ် ရောင်းချနိုင်ခဲ့မယ် ဆိုရင် ယူနိုက်တက်ဟာ မန်ဝဲလ် အူဂါတီ အတွက် ပီအက်စ်ဂျီ လိုချင်တဲ့ကြေးကို ပေးပြီး ခေါ်ယူသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အူဂါတီကို ခေါ်ယူဖို့ အတွက် ရက်သတ္တပတ်ပေါင်း များစွာ ကြိုးပမ်းခဲ့ရပြီး လီနီ ယိုရို၊ ဂျော်ရွှာ ဇီယက်ခ်ဇီး၊ မက်သိုင်းယက်စ် ဒီလစ်ဂျ်နဲ့ နူဆာ မက်ဇရာရီ တို့ပြီးနောက် အိုးထရက်ဖို့ဒ်ဆီ အရ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီကစားသမား ၅ ဦး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀၀ ဝန်းကျင် အသုံးပြုထားခဲ့ပြီး ကစားသမား ရောင်းချရမှု ကနေတော့ ယူရို သန်း ၁၀၀ ဝန်းကျင် ပြန်လည် ရရှိထားပါတယ်။

တစ်ဖက် မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ မက်တော်မီနေး အတွက် ဖူလ်ဟမ်ရဲ့ ပေါင်သန်း ၂၀နဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့တာ ဖြစ်ပြီး အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့်လည်း စီးရီးအေ ကလပ် နာပိုလီရဲ့ ပိုကောင်းတဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိချိန်မှာတော့ စကော့တလန် လက်ရွေးစင်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ နာပိုလီ အနေနဲ့ ဒီနွေရာသီမှာ ဘရိုက်တန် ကွင်းလယ်လူ ဘီလီ ဂေးလ်မောနဲ့ ချဲလ်ဆီး တိုက်စစ်မှူး ရိုမယ်လူ လူကာကူ တို့ကို ခေါ်ယူဖို့ အတွက်လည်း ကြိုးပမ်းနေပေမယ့်လည်း ဒီကစားသမားတွေကို မခေါ်ယူခင် ဗစ်တာ အိုဆင်မ်ဟန်ကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နာပိုလီဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၄ ဦးသာ ခေါ်ယူထားပြီး စပင်နက်ဇိုလာကို အလွတ်၊ ရာဖာ မာရင်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေး၊ ဘူရွန်ဂီရော်နိုကို ယူရို ၃၅ သန်း၊ ဒေးဗစ် နီရက်စ်ကို ယူရို ၂၈ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ကစားသမား အထွက် အနေနဲ့ ကတော့ ၁၆ ဦးလောက်အထိ ရှိထားပြီး အဲဒီအထဲ မှာတော့ အော့စတီဂတ်၊ လင်းစတောမ်၊ ဇီလင်းစကီး တို့လို ကစားသမားတွေလည်း ပါဝင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်