လစ်ဗာပူးလ် ကတော့ အခု တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီး မှာတော့ ဒုတိယနေရာက မန်စီးတီးကို ၅ မှတ် အထိ ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးက ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ချိန် လစ်ဗာပူးလ်က အက်စတွန်ဗီလာကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ရမှတ် ကွာဟချက် များပြားလာခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ လစ်ဗာပူးလ် ကွင်းလယ်လူ မာ့ခ် အယ်လစ္စတာက သူတို့ အသင်း အနေနဲ့ မန်စီးတီး ၅ မှတ် ဖြတ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းနိုင်ပြီ ဖြစ်ကြောင်း ကြုူံဝါးလာခဲ့တာ ဖြစ်ပါတယ်။ မာ့ခ် အယ်လစ္စတာက “ဒီရာသီမစခင်မှာ ကျွန်တော့်ကို လာမေးခဲ့ရင်တော့ ကျွန်တော်တို့ ချန်ပီယံလောင်းလျာ အသင်း မဟုတ်ဘူးလို့ပဲ ကျွန်တော် ဖြေခဲ့မှာပါ။ ဒါပေမယ့် အခု ကတော့ ချန်ပီယံလောင်းလျာတွေလို ဖြစ်လာပါပြီ။ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၅ မှတ် ဖြတ် ရပ်တည်နိုင်ခဲ့တာက အဓိပ္ပာယ် ရှိလာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ဆင့်ချင်း ရှေ့ဆက်သွားရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပြီး ဂွါဒီယိုလာရဲ့ နည်းပြ သက်တမ်း တလျှောက် ပုံမှန် ပွဲကစားချိန် အတွင်း ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ကလည်း ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
တစ်ဖက်မှာ လစ်ဗာပူးလ် ကတော့ နည်းပြ အာနေး ဆလော့တ် လက်ထက်မှာ ရလဒ်ကောင်းတွေ ရရှိနေပြီးတော့ ပြိုင်ပွဲစုံ ၄ ပွဲဆက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ အတွင်း နော့တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပြိုင်ပွဲစုံ ၁၃ ပွဲ ယှဉ်ပြိုင် ကစားရာမှာ ၁၂ ပွဲ အနိုင်ရရှိခဲ့ပြီး ၁ ပွဲသာ သရေကျထားခဲ့ပါတယ်။ ဒါကြောင့် အာနေး ဆလော့တ်ရဲ့ အသင်းက ချန်ပီယံလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သလို၊ ပရီးမီးယားလိဂ် မှာလည်း ဒုတိယနေရာက မန်စီးတီးကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ အာနေး ဆလော့တ် ကတော့ အခုလို အမှတ်ကွာဟမှုဟာ မကြီးမားသေးကြောင်းနဲ့ စိန်ခေါ်မှုတွေ များစွာ ကိုလည်း ရင်ဆိုင်ရဦးမှာ ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ အာနေး ဆလော့တ်က “ခက်ခဲတဲ့ ခရီးကြမ်းကို ဖြတ်သန်းခဲ့ရပေမယ့် ကျွန်တော် တို့ရဲ့ ကစားသမား အများစုက ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ အတွက် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ ဒီရာသီက ခက်ခဲတဲ့ ရာသီ တစ်ခု ဖြစ်လာမှာပါ။ အမှတ်ကွာဟမှုတွေက နည်းပါးပါတယ်။ ကျွန်တော်တို့ အမှတ်ဖြတ်ထားနိုင်ပေမယ့် နည်းနည်းလေးပါ။ ကျွန်တော်တို့ အတွက် စိန်ခေါ်မှုတွေ ရောက်လာဦးမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ကလော့ပ် လက်ထက် ၂၀၁၉-၂၀ ရာသီမှာ ပွဲစဉ် ၁၁ အပြီး ၃၁ မှတ် ရယူနိုင်ခဲ့ခြင်းဟာ အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ရာသီ အစ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဒီရာသီ ၂၈ မှတ် ရယူထားနိုင်ခဲ့ခြင်း ကလည်း ဒုတိယ အကောင်းဆုံး ရာသီ အစလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ အာနေး ဆလော့ ကတော့ ပရီးမီးယားလိဂ် ပွဲဦးထွက် ၁၁ ပွဲမှာ ၂၈ မှတ် ရယူနိုင်ခဲ့တဲ့ အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက် ၁၁ ပွဲမှာ အမှတ် အများဆုံး ရယူနိုင်တဲ့ နည်းပြ အဖြစ် စံချိန်တင်ထားတဲ့ ချဲလ်ဆီး နည်းပြဟောင်း ဂူဟစ်ဒင့်ရဲ့ စံချိန် ကိုလည်း လိုက်မီခဲ့ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.