နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲပြန်ရခဲ့တဲ့ ဝုဗ်နဲ့ တန်းမဆင်းရဖို့ ဆက်လက် ရုန်းကန်ရတော့မယ့် လူတန် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၂-၁ လူတန်တောင်း

ပရီးမီးယားလိဂ် ပရီးမီးယားလိဂ်မှာ ဆက်တိုက် နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ ဂယ်ရီ အိုနီးလ်ရဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ကတော့ လူတန်တောင်းနဲ့ အတွေ့မှာ နိုင်ပွဲ ပြန်လည် ရှာတွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်ဟာ တန်ဆင်းဇုန် ရုန်းအား အပြည့်နဲ့ ကစားလာတဲ့ လူတန်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပထမပိုင်း ဂိုးတွေနဲ့ပဲ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဝုဗ်က ၄-၁-၄-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဆား၊ ကေးလ်မန်း၊ ဂိုးမက်စ်၊ ဆီမီဒို၊ ဒိုဟာတေး၊ ထရာအိုရေး၊ ဂိုးမက်စ်၊ ဟွမ်၊ လီမီနာ၊ နူရီ၊ ကွန်ဟာ တို့ကို ပွဲထုတ်ခဲ့ပါတယ်။ လူတန် ကတော့ ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ ကြားက တတ်နိုင်သမျှ အကောင်းဆုံး လူစာရင်းနဲ့ ဝုဗ်ကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ လူတန်ရဲ့ လူစာရင်းမှာတော့ ကာမင်းစကီး၊ ဘာကီ၊ မန်ဂီ၊ အိုရှို၊ ဘာကလေ၊ လိုကွန်ဂါ၊ ဟာရှီရိုကာ၊ ဒေါ့တီ၊ ကလော့ခ်၊ ချောင်၊ မောရစ်တို့ ပါဝင်ခဲ့ပါတယ်။

မားသီးယက်စ် ကွန်ဟာ ပါဝင်လာခဲ့တဲ့ ဝုဗ်ရဲ့ တိုက်စစ်က ပြီးခဲ့တဲ့ ပွဲတွေ ကထက် သိသိသာသာ ပိုကောင်းခဲ့တာ တွေ့ရပြီး တောင်ပံ နှစ်ဖက် ကလည်း အတက်အဆင်း မှန်မှန်နဲ့ ပုံစံကောင်း ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း လူတန်ဟာ ဝုဗ်ကို အပြန်အလှန် ကစားသွားနိုင်ခဲ့ပြီး ဘာကလေရဲ့ ကန်ချက် တစ်ကြိမ်ကို ဂျိုဆေးဆား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ဦးဆောင်ဂိုး မပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ အိမ်ရှင် အသင်းက ကစားကွက် ပိုမိလာခဲ့ပြီး ၃၉ မိနစ် မှာတော့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဝုဗ်ပဲ ပွဲကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့ပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုး ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ လီမီနာရဲ့ တိကျတဲ့ ကန်တင်ပေးပို့မှုကို ဂိုးမက်စ်က ဒိုင်ဗင်ပစ် ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဝုဗ်ဟာ လျင်မြန်တဲ့ တောင်ပံတွေနဲ့ အတူ လူတန်ကို ထပ်မံ အသာရဖို့ ကြိုးစားခဲ့ပေမယ့် ကာမင်းစကီးရဲ့ ကာကွယ်မှုကြောင့် ဂိုးမရခဲ့ပါဘူး။ လူတန် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ တိုက်စစ်မှူး မောရစ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဝုဗ်ဟာ နိုင်ပွဲနဲ့ အတူ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရှုံးပွဲ တွေ့ခဲ့ရတဲ့ လူတန် ကတော့ ရမှတ် ၂၅ မှတ်နဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်ရှိနေခဲ့ပြီး အဆင့် ၁၇ နေရာက ဖောရက်စ်ထက် တစ်ပွဲ ပိုကစားပြီး ၁ မှတ် ကွာဟနေခဲ့ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး အတွက် လက်ကျန် ၃ ပွဲမှာ ဖောရက်စ်၊ လူတန်နဲ့ ဘန်လေတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖောရက်စ်က ၃၄ ပွဲကစား ၂၆ မှတ်၊ လူတန်က ၃၅ ပွဲ ကစား ၂၅ မှတ်နဲ့ ဘန်လေ ကတော့ ၃၆ ပွဲ ကစား ၂၄ မှတ်နဲ့ အမှတ်ပေးဇယားမှာ အစဉ်လိုက် ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း ဒီညမှာ ဖောရက်စ်က မန်စီးတီးနဲ့ ကစားရမှာ ဖြစ်လို့ အမှတ်မရဖို့ သေချာသလောက် ရှိနေပြီး လက်ကျန် ၃ ပွဲက ဒီ ၃ သင်း အတွက် အဆုံးအဖြတ် ဖြစ်လာတော့မှာပါ။ ဝုဗ်ဟာ လာမယ့် မတ်လ ၄ ရက်နေ့မှာ မန်ချက်စတာစီးတီးနဲ့ ကစားရဖို့ ရှိပြီး လူတန် ကတော့ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်