နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖာဘင်ဟိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ တက်ဖ်မောမှာ အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘန်လေ ၀-၁ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာစီးတီးကို ဆက်လက် ဖိအားပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ လစ်ဗာပူးလ် ကတော့ မနေ့ညက ပွဲစဉ် မှာတော့ ဘန်လေကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရသွားခဲ့ပါတယ်။ အိမ်ကွင်း ကစားပုံကောင်းတဲ့ ဘန်လေကြောင့် လစ်ဗာပူးလ်တို့ ရုန်းကန်ခဲ့ရပြီး ဖာဘင်ဟိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ ကလော့ပ် အသင်းရဲ့ လူစာရင်းမှာ လူစုံနီးပါး ပြန်လည် ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ ဖေမီနို၊ မိုဟာမက်ဆာလာ၊ ဆာဒီယိုမာနေး၊ ကွင်းလယ်မှာ နာဘီကေတာ၊ ဖာဘင်ဟို၊ ဟန်ဒါဆင်၊ ခံစစ်မှာ ရော်ဘတ်ဆန်၊ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ ထရန့်အာနိုးလ်၊ ဂိုး မှာတော့ အလီဆွန်ပဲ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် ဘန်လေ ဘက်မှာတော့ ဝတ် ဝက်ဂ်ဟော့တ်စ်၊ ဂျေးရိုဒရီဂတ်ဇ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ အာရွန် လန်နွန်၊ ဝက်စ်ဝုဒ်၊ ဘရောင်းဟေးလ်၊ ကောနတ်၊ ရောဘတ်၊ တာကောစကီး၊ ဘန်မီး၊ အဲရစ်ခ် ပီတာ၊ နစ်ခ်ပုပ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

စီးရီးအေ
ဂျူဗင်တပ်စ်
တိုရီနို
ပထမပိုင်း 1X2 ဂျူဗင်တပ်စ် @ 2.36
တိုရီနို အာရှ ဟန်းဒီးကပ် +0.75 @ 2.12
ဂိုးပေါင်း 0-1 @ 3.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘန်လေ ကတော့ တန်းဆင်းဇုန်ထဲက အသင်းပီပီ ရုန်းအားကောင်းကောင်းနဲ့ လစ်ဗာပူးလ်ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ပွဲချိန်ပြည့်နီးပါး ပြိုင်ဘက်ကို အကောင်းဆုံး ဒုက္ခပေး ကစားသွားနိုင်ခဲ့ပါတယ်။ တန်ပြန် တိုက်စစ်နဲ့ Set Piece တွေကနေ ဘန်လေတို့ ဂိုးရဖို့ အဓိကထား ကြိုးပမ်းလာခဲ့ပေမယ့် ဘရောင်းဟေးလ်ရဲ့ ကန်ချက် အပါအဝင် ဂျေးရိုဒရီဂတ်ဇ်နဲ့ ဝက်ဂ်ဟော့တ်စ် တို့ရဲ့ အပိုင် ပိတ်သွင်းမှု တွေကို အာနိုးလ်နဲ့ အလီဆွန် ဘေကာတို့ ကာကွယ်သွားနိုင်ခဲ့လို့ ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ လစ်ဗာပူးလ် ဘက်ကလည်း နာဘီ ကေတာရဲ့ ကန်ချက် အားပါ ထိရောက်ခဲ့ပေမယ့် နစ်ခ်ပုပ် ကာကွယ်သွားနိုင်ခဲ့သလို မာနေးရဲ့ အပိုင် ကန်သွင်းတဲ့ ဘောလုံးကိုလည်း နစ်ခ်ပုပ်ပဲ ထပ်မံ ကာကွယ်သွားခဲ့လို့ ပွဲချိန် မိနစ် ၃၀ ကျော်အထိ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

အဲ့နောက် အပြန်အလှန် ထိုးဖောက်ရင်း ကနေ ပွဲချိန် မိနစ် ၄၀ မှာတော့ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ထရန့်အာနိုးလ်ရဲ့ ထောင့်ကန်ဘော ကနေ နာဘီ ကေတာ ခေါင်းတိုက် ပြန်ချပေးတဲ့ ဘောလုံးကို ဘန်လေ နောက်တန်းက ဖျက်ထုတ်ပုံ မသေသပ်ခဲ့လို့ ဖာဘင်ဟိုက ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ နှစ်သင်းလုံး အခွင့်အရေး ကိုယ်စီရခဲ့ကြပေမယ့် အဆုံးသတ်ပိုင်း လွဲချော်မှုတွေကြောင့် သွင်းဂိုးတွေ ထပ်မမြင်ခဲ့ရပဲ ၀-၁ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပွဲအပြီးမှာ ဘန်လေတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အဆင့် ၂၀ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဒီပုံ အတိုင်း ဆိုရင်တော့ ရာသီကုန်မှာ တန်းဆင်းရဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံး နေရာမှာ ရောက်ရှိနေတဲ့ ဘန်လေ

လစ်ဗာပူးလ်တို့ လူအင်အားအပြည့်နဲ့ ပွဲထွက်လာခဲ့ပေမယ့် အိမ်ကွင်း ကစားပုံ မာကျောတဲ့ ဘန်လေကြောင့် နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဘန်လေရဲ့ တန်ပြန် တိုက်စစ် ကစားပုံ တော်တော်လေး ထိရောက်ခဲ့ပေမယ့် တိုက်စစ်မှူး တွေရဲ့ အဆုံးသတ်ချက် အားနည်းမှုက နိုင်ပွဲနဲ့ ဝေးစေခဲ့တဲ့ အပြင် ရှုံးပွဲနဲ့ပါ ကြုံသွားစေခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အသင်း ကတော့ ထုံးစံ အတိုင်းပဲ အခက်အခဲတွေ ကြားက အနိုင် ၃ မှတ်ကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပြီး ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ အလုံအလောက် ရှိနေခြင်းက အသင်းကို ကယ်တင်သွားခဲ့တယ်လို့ ဆိုရပါမယ်။

ပွဲအပြီးမှာ ဘန်လေတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အဆင့် ၂၀ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဒီပုံ အတိုင်း ဆိုရင်တော့ ရာသီကုန်မှာ တန်းဆင်းရဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရရှိမှုနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာစီးတီးကို တစ်ပွဲလျော့ ၉ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ဆဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘန်လေတို့ လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ၁၇ ရက်နေ့မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်