ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ အသင်းရဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ နေရာမှာ အစားထိုးဖို့ အတွက် ဖရန့်ဖတ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ချိန်ရွယ်နေတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ ဂျာမနီ အခြေစိုက် Sky Germany သတင်းမီဒီယာ ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ် အနေနဲ့ ဆာလာ နေရာ မှာ ရေရှည်အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေတာ တော်တော်လေးတော့ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီဂျစ် လက်ရွေးစင် တောင်ပံ ကစားသမား ဆာလာ အနေနဲ့ လစ်ဗာပူးလ်ကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဆာလာ အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ကို စတင် ရောက်ရှိချိန် ကတည်း လက်ရှိအချိန်ထိ အသင်း အတွက် အားထားရတဲ့ တိုက်စစ် ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့တာပါ။ ဆာလာဟာ လစ်ဗာပူးလ် အတွက် ၈ ရာသီ အတွင်း ပွဲပေါင်း ၃၆၂ ပွဲ ကစားပြီးတော့ ၂၁၉ ဂိုး အထိ သွင်းယူပေးထားပါတယ်။
ဒါပေမယ့်လည်း ဆာလာဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းက အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ မိုဟာမက် ဆာလာ၊ ဗန်ဒိုက်ခ်နဲ့ အာနိုးလ် တို့ (၃) ဦးစလုံး ဒီရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ဒီ ကစားသမား ၃ ဦးစလုံးကို စာချုပ် သက်တမ်းတိုးဖို့ မလွယ်ကူနိုင်တာကြောင့် ဆာလာကို သက်တမ်းမတိုးနိုင်ဘူး ဆိုရင်တော့ လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် လစ်ဗာပူးလ်က ဆာလာ ကိုသာ လက်လွတ်ရမယ် ဆိုရင် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် တောင်ပံ ကစားသမား အများအပြားကို ချိန်ရွယ်ထားပြီး လစ်ဗာပူးလ်ရဲ့ ပစ်မှတ် စာရင်းထဲ မှာတော့ ဆာလာနဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ဖရန့်ဖတ် တိုက်စစ်မှူး မာမွတ်ရှ်လည်း ပါဝင်နေတာ ဖြစ်တယ်။
မာမွတ်ရှ်ဟာ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၂၅ နှစ် အရွယ်သာ ရှိသေးပြီးတော့ အထောင် တိုက်စစ် အပြင် ဘယ်ညာ တောင်ပံ၊ ဘယ်ခြမ်း ကွင်းလယ်နဲ့ ကွင်းလယ် တိုက်စစ် နေရာစုံမှာ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဝုဖ်ဘတ်၊ စိန့်ပေါ်လီ၊ စတုဂတ် တို့လို ဘွန်ဒက်စ်လီဂါ ကလပ်တွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးတော့ ဖရန့်ဖတ် မှာတော့ ၅၃ ပွဲ ကစားကာ ၂၇ ဂိုး သွင်းယူထားပါတယ်။
အိုမာ မာမွတ်ရှ်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ၁၂ ပွဲ ကစားပြီး ၁၀ ဂိုးသွင်းကာ ခြေစွမ်းပြနေတာကြောင့် ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားရဲ့ လက်ရှိ ဈေးကွက် တန်ကြေးက ယူရို ၂၅ သန်း ဝန်းကျင်သာ ရှိနေတာကြောင့် လစ်ဗာပူးလ် အတွက် အခက်အခဲ မရှိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.