နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ဒုက္ခပေးမှုကြောင့် အဆင့် ၂ နေရာကို ဆင်းခဲ့ရတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၂-၂ လစ်ဗာပူးလ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အင်္ဂလန်ဒါဘီ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ တစ်ဖက် နှစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ခွင့်နဲ့လည်း လွဲချော်သွားခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး အိုနာနာ၊ ကမ်ဘွယ်လာ၊ မက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာခါ၊ ဒါးလော့တ်၊ ကတ်စ်မဲရိုး၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ ဟွိုက်ဂျ်လန်းတို့ ပါဝင်ကစားခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်မှာတော့ ခယ်လာဟာ၊ ဗန်ဒိုက်ခ်၊ ကွမ်ဆာ၊ ဘရက်ဒ်လီ၊ ရော်ဘတ်ဆန်၊ အန်ဒို၊ မက်အယ်လစ္စတာ၊ ဆဘို့ဇ်လိုင်း၊ ဆာလာ၊ ဒီးယက်ဇ်၊ နူညက်ဇ်တို့ ပါဝင်ခဲ့ပါတယ်။

ပထမပိုင်း တစ်ပိုင်းလုံးဟာ ဧည့်သည် လစ်ဗာပူးလ် အသင်း အတွက်လို့ ပြောလို့ ရပြီး ယူနိုက်တက် ဘက်ကို တစ်ဖက်သတ် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၃ မိနစ်မှာတင်ပဲ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ဒါဝင်နူညက်ဇ်ရဲ့ ဖန်တီးပေးမှု ကနေ လူးဝစ် ဒီးယက်ဇ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း လစ်ဗာပူးလ် တို့ပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်လောက် ကနေ မထင်မှတ်ပဲ ကန်သွင်းခဲ့တဲ့ သွင်းဂိုးကြောင့် လစ်ဗာပူးလ်တို့ တိုင်ပတ်သွားခဲ့ပါတယ်။ ဒီဂိုး ကလည်း လစ်ဗာပူးလ် နောက်ခံလူ ကွမ်ဆာရဲ့ အမှားကြောင့် ပေးခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။ အဲ့နောက် ယူနိုက်တက်က တဖန် ပြန်လည် ဖိအားပေးနိုင်ခဲ့ပြီး ၆၇ မိနစ်မှာ ကိုဘီ မိန်းနူးက ဦးဆောင်ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် လစ်ဗာပူးလ်တို့ ပွဲကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပြီး ပွဲရဲ့ ချိန်ခွင်လျှာက လစ်ဗာပူးလ် ဘက် ပြန်ရောက်သွားခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ် မှာတော့ ဝမ်ဘစ်ဆာခါကြောင့် လစ်ဗာပူးလ်တို့ ပင်နယ်တီ ရခဲ့ပြီး မိုဟာမက် ဆာလာက အမှားအယွင်း မရှိ သွင်းယူသွားနိုင်ခဲ့ပါတယ်။ အမှန်တကယ် အခြေအနေကို ပြန်ကြည့်ရင် ဘစ်ဆာခါ အနေနဲ့ အဲလီယော့တ်ကို လုံးဝ ထိမိခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ လစ်ဗာပူးလ် တို့ပဲ ပွဲကို ဆက်လက် စိုးမိုးနိုင်ခဲ့ပေမယ့် ၂-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး သရေ တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

လစ်ဗာပူးလ် အတွက် စိတ်ပျက်စရာပွဲ တစ်ပွဲလို့ ပြောလို့ ရပါတယ်။ ယူနိုက်တက်မှာ ခံစစ်သမားတွေ အစုံအလင် မပါသလို ခြေစွမ်းအရလည်း သူတို့ထက် အားနည်းတယ်လို့ ယူဆခံထားရချိန်မှာ သရေကျသွားခဲ့တာပါ။ အာဆင်နယ်နဲ့ မန်စီးတီး အတွက်တော့ လစ်ဗာပူးလ် သရေကျခဲ့တာက ပျော်ရွှင်စရာပါပဲ။

ယူနိုက်တက်တော့ မဟာပြိုင်ဘက်ကြီးကို အိမ်ကွင်းမှာ အရှုံးမခံစတမ်း ကစားသွားခဲ့ပြီး အနိုင်ရလုနီးပါးတောင် ဖြစ်ခဲ့တာ့ပါ။ ဘစ်ဆာခါရဲ့ ပင်နယ်တီဂိုးသာ မပေးခဲ့ရရင် သူတို့ အနိုင်ရလောက်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ခါးသီးပြိုင်ဘက်ကို အနှောင့်အယှက်ပေးနိုင်တာမို့ သူတို့ အတွက် ကျေနပ်စရာ ဖြစ်ခဲ့မှာပါ။

ကလော့ပ် ကတော့ ကွင်းဘေးမှာ သရေရလဒ်အတွက် စိတ်ပျက်လက်ပျက်ကို ဖြစ်နေခဲ့ပါတယ်။ တဖက်အသင်းက အားနည်းချက်တွေရှိနေခဲ့တာတောင် သူ့ကစားသမားတွေက အသာစီးရအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပွဲအပြီး အင်တာဗျူးမှာ ကလော့ပ်က ယူနိုက်တက်တို့ အာဆင်နယ်နဲ့ အတွေ့မှာ ဒီလို ပုံစံနဲ့သာ ကစားရင် ရှုံးမှာပဲ ဆိုပြီးတော့လည်း ပြောသွားခဲ့ပါသေးတယ်။

လစ်ဗာပူးလ်ဟာ အခု သရေပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာကို ဆင်းပေးခဲ့ရပြီး အာဆင်နယ်ကို ရမှတ်တူနဲ့ ဆက်လက် ဖိအားပေးနေခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ ယူနိုက်တက် ကတော့ အမှတ်ပေးဇယား ၆ နေရာမှာ ဆက်ရှိနေခဲ့ပေမယ့် စပါး၊ ဗီလာ တို့နဲ့ ၁၁ မှတ် အထိ ပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ဧပြီ ၁၃ ရက်နေ့မှာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ၁၂ ရက်နေ့မှာ အတ္တလန္တာနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်