နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါးကို ဂိုးပြတ် အန်ဖီးလ်မှာ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၄-၂ တော့တင်ဟမ်ဟော့စပါး

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် မနေ့ညက လစ်ဗာပူးလ်နဲ့ စပါးတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံး ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမယ့် လစ်ဗာပူးလ်က အားရစရာ ခြေစွမ်းနဲ့ စပါးကို ဂိုးပြတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ အသင်းက ဒီနေ့ပွဲမှာ ၄-၃-၃ အခင်းအကျင်းနဲ့ အတူ အလီဆွန်၊ ကွမ်ဆာ၊ ဗန်ဒိုက်ခ်၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ အန်ဒို၊ မက်အယ်လစ္စတာ၊ အဲလီယော့တ်၊ ဂက်ခ်ပို၊ ဆာလာ၊ ဒီးယက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ စပါး ကလည်း ၄-၃-၃ နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ဗီကာရီယို၊ ဗန်ဒီဗန်၊ ရိုမဲယို၊ ပေါ်ရို၊ ရိုင်ရယ်၊ ဘစ်ဆူးမား၊ ဘန်တန်ကာ၊ ဆား၊ ဆွန်၊ ကူလူဆက်ဗ်စကီး၊ ဂျွန်ဆင် တို့နဲ့ တောင့်တင်းခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ ဒီနေ့ပွဲမှာ စပါးကို ပွဲစကတည်းက အသက်ရှူခွင့်တောင် မပေးပဲ တိုက်စစ်ဆင်ခဲ့ပြီး ဂိုးတွေလည်း လွယ်လွယ်ကူကူပဲ ရခဲ့ပါတယ်။ စပါးခံစစ်ရဲ့ အမှားတွေကို ထပ်မံ မြင်တွေ့ခဲ့ရပြီး လစ်ဗာပူးလ်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ခဲ့ခြင်းလည်း မရှိပါဘူး။ ဒါကြောင့် ပွဲချိန် ၁၆ မိနစ်မှာပဲ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး ဂက်ခ်ပိုရဲ့ ဖန်တီးပေးမှု ကနေ ဆာလာက ချိန်သားကိုက် ခေါင်းတိုက်ကာ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် စပါး ခံစစ် လျော့ရဲနေမှုကို လစ်ဗာပူးလ်တို့ အခွင့်ကောင်းယူနိုင်ခဲ့ပြီး ရော်ဘတ်ဆန်က ဒုတိယဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ အဲ့နောက် အီမာဆင်ရဲ့ အမှားကနေ အယ်လီယော့တ် ဖြတ်ယူသွားပြီး ဖန်တီးပေးတာကို ဂက်ခ်ပိုက ခေါင်းတိုက် အဆုံးသတ်ခဲ့လို့ ပထမပိုင်း အပြီးမှာ ၃-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာလည်း စပါးတို့ ပြန်မလာနိုင်သေးလို့ လစ်ဗာပူးလ်တို့ စတုတ္ထမြောက် သွင်းဂိုး ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပွဲစဉ် တစ်လျှောက်လုံး ခြေစွမ်းပြနေတဲ့ အယ်လီယော့တ် က အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ၄ ဂိုးပြတ် အနိုင်ရနေချိန်မှာတော့ လစ်ဗာပူးလ်တို့ ကစားအား သိသိသာသာချလိုက်တာကြောင့် စပါးတို့ အခွင့်အရေးတွေ ပြန်ရလာခဲ့ပြီး သွင်းဂိုးလည်း ၂ ဂိုး ပြန်ရခဲ့ပါတယ်။ ချေပဂိုးတွေ ကိုတော့ ရစ်ချာလီဆင်နဲ့ ဆွန်ဟောင်မင် တို့က သွင်းယူပေးခဲ့ပြီး လက်ကျန် မိနစ်တွေမှာ လစ်ဗာပူးလ်က အနိုင်ရလဒ်ကို ထိန်းသွားခဲ့လို့ ၄-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

တစ်ဖက်မှာ ဗီလာက ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကို စပါး အနေနဲ့ အခွင့်ကောင်းယူရမှာ ဖြစ်ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ စပါးဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး အကြိမ် ၄ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး အနေနဲ့လည်း သူ့ အသင်း ဘာတွေမှားနေလဲ ဆိုတာ ပြန်လည် သုံးသပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ စပါးဟာ အဲ့ဒီ ၄ ပွဲစလုံးကို ခြေရည်တူ ကစားပြီး ရှုံးနိမ့်တာမျိုး မဟုတ်ပဲ ပြိုင်ဘက်တွေထက် အဆင့် တစ်ဆင့် နိမ့်တဲ့ ခြေစွမ်းနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီခြေစွမ်းနဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ဒုက္ခပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် ကြားထဲက အာဆင်နယ် ပရိသတ်တွေတောင် သက်ပြင်းချနေရပြီ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် ၇၈ မှတ်နဲ့ အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် ကတော့ ခပ်ရေးရေး၊ ခပ်သေးသေး ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဗီလာရဲ့ ရှုံးပွဲကို အခွင့်ကောင်း မယူနိုင်ခဲ့တဲ့ စပါး ကတော့ အဆင့် ၅ နေရာမှာပဲ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗီလာ ထက် တစ်ပွဲ လျော့ကစားထားသလို ၇ မှတ်ပဲ ကွာဟတာကြောင့် ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းနေရာ ဝင်ရေးက သင်္ချာနည်းအရတော့ ဖြစ်နိုင်ချေ ရှိနေသေးတယ်လို့ပဲ ဆိုရမှာပါ။လစ်ဗာပူးလ်ဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ကစားရဖို့ ရှိပြီးတော့ စပါး ကတော့ ၁၁ ရက်နေ့မှာ ဘန်လေနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်