နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်မှူး ၃ ဦးစလုံးရဲ့ သွင်းဂိုးတွေနဲ့ နော့ဝှစ်ချ်ကို အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၃ – ၁ နော့ဝှစ်ချ်စီးတီး

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ တန်းဆင်းဇုန်ထဲက နော့ဝှစ်ချ်စီးတီးကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ပွဲအပြီးမှာတော့ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ လစ်ဗာပူးလ် တိုက်စစ်မှူး ၃ ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ပြီး မာနေးနဲ့ ဆာလာတို့ နှစ်ဦးလုံး ဂိုးသွင်းနိုင်တဲ့ ပွဲ ၃၀ မြောက်လည်း ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ကလော့ပ်ရဲ့ အသင်းက ၄-၃-၃ နဲ့ပဲ ပွဲထွက်ခဲ့ပေမယ့် အဓိက ပွဲထွက် ကစားသမားတွေ ကိုတော့ အပြောင်းအလဲ တော်တော်များများ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှာ ဆာဒီယိုမာနေး၊ မိုဟာမက်ဆာလာ တို့နဲ့ အတူ လူးဝစ် ဒီးရာ့ဇ်ကို ပွဲထုတ်ခဲ့ပြီး အာနိုးလ် နေရာမှာ ဂျိုးဂိုးမက်ဇ်နဲ့ ရော်ဘတ်ဆန် နေရာမှာတော့ ဆီမီကတ်စ်ကို သုံးလာခဲ့ပါတယ်။ ဒင်းန်စမစ်ရဲ့ အသင်း ကတော့ ၄-၃-၃ အစား ၄-၃-၂-၁ နဲ့ ပြောင်းလဲ ပွဲထွက်လာခဲ့ပြီး လူစာရင်း မှာတော့ ပွတ်ကီ၊ ရက်ရှီကာ၊ နော်မန်၊ ဂေးလ်မော၊ ဘရန်ဒန် ဝီလီယမ်စ်၊ ဟန်လီ၊ အာရွန်တို့ ပါဝင်လာခဲ့ပါတယ်။

ပွဲစကတည်းက ဧည့်သည် နော့ဝှစ်ချ်ရဲ့ Aggressive ဆန်ဆန် ကစားပုံကြောင့် လစ်ဗာပူးလ်တို့ ပွဲကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီး ဆားဂျန့်၊ ရက်ရှီကာ၊ ပွတ်ကီ တို့ရဲ့ လျင်မြန်တဲ့ တိုက်စစ် တွဲလုံးတွေကို သတိထား တားဆီးခဲ့ရပါတယ်။ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်လာခဲ့တာကြောင့်လည်း လစ်ဗာပူးလ်တို့ ခံစစ် တည်ငြိမ်မှု မရှိခဲ့တာ ဖြစ်ပြီး တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ လူးဝစ် ဒီးရာ့ဇ် တို့ အနေနဲ့လည်း အသင်းနဲ့ ချိတ်ဆက် ကစားမှု အပိုင်းမှာ အားနည်းခဲ့လို့ လစ်ဗာပူးလ်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း လစ်ဗာပူးလ်တို့ အခွင့်အရေးတွေ ရခဲ့ပြီး ဆီမီကတ်စ်နဲ့ ဗန်ဒိုက်ချ်ရဲ့ ကန်ချက်၊ ဆာလာရဲ့ ခေါင်းတိုက်ချက်တွေ ကောင်းခဲ့ပေမယ့် သွင်းဂိုးတော့ မဖြစ်ခဲ့ပါဘူး။

ပွဲအပြီးမှာတော့ နော့ဝှစ်ချ်စီးတီး တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ ကို ပြန်ဆင်းသွားခဲ့ရပြီး ဒီပုံ အတိုင်းသာ ဆိုရင် တန်းဆင်းဇုန် တိုက်ပွဲဟာ လာမယ့် ပွဲစဉ်တွေမှာ ပိုပြီး ပြင်းထန်လာတော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ နေရာကို ဆင်းခဲ့ရတဲ့ နော့ဝှစ်ချ်စီးတီး

ဒုတိယပိုင်း ပွဲအစ မှာတော့ နော့ဝှစ်ချ်စီးတီးတို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရသွားခဲ့လို့ လစ်ဗာပူးလ်တို့ နောက်က လိုက်ကစားခဲ့ရပါတယ်။ အခြေအနေ မဟန်မှန်းသိသွားတဲ့ ကလော့ပ် အနေနဲ့ သီယာဂို၊ အိုရီဂီတို့ ထည့်ပြီး ၄-၄-၂ ပုံစံကို ပြောင်းကစားခဲ့လို့ လစ်ဗာပူးလ်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ၆၄ မိနစ် မှာတော့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဆီမီကတ်စ်ရဲ့ ပြန်ချပေးမှု ကနေ မာနေးက Overhead ကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၃ မိနစ် အကြာမှာလည်း လစ်ဗာပူးလ်တို့ပဲ ဂိုးထပ်ရသွားခဲ့ပြီး အလီဆွန် တင်ပေးလိုက်တဲ့ ဘောလုံးကို နော့ဝှစ်ချ် ခံစစ်ကို ဖောက်ထွက်နိုင်ခဲ့တဲ့ မိုဆာလာက တစ်ချက်လှည့်ပြီး အသာအယာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ် သွင်းနိုင်ခဲ့တဲ့ နောက်မှာတော့ လစ်ဗာပူးလ်တို့ ကစားကွက် ပိုမိခဲ့ပြီး နော့ဝှစ်ချ် ကတော့ တန်ပြန် တိုက်စစ်နဲ့ပဲ လစ်ဗာပူးလ်ကို တုန့်ပြန်နေခဲ့ရပါတယ်။ ၈၁ မိနစ် မှာလည်း လစ်ဗာပူးလ်တို့ တတိယဂိုး ထပ်မံ သွင်းယူ နိုင်ခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ ကွင်းလယ် ကနေ ဟန်ဒါဆင်ရဲ့ အကွက်မြင်မြင် မျှောပေးလိုက်တဲ့ ဘောလုံးကို လူးဝစ် ဒီးရာ့ဇ် က အမှားအယွင်း မရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီအခြေအနေ လစ်ဗာပူးလ် ကတော့ လစ်ဗာပူးလ်ပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲ မှာလည်း ကလော့ပ်ရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ မှန်ကန်ခဲ့ပြီး ခက်ခဲနေတဲ့ အချိန် မှာတောင် နိုင်ပွဲ ရအောင် ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးတို့ ခြေချော်မှုကို အခွင့်ကောင်းယူ နိုင်ခဲ့တာကြောင့်လည်း ဒီနိုင်ပွဲဟာ လစ်ဗာပူးလ် အတွက် တော်တော်လေး အဖိုးတန်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်တိုင်း ဘယ်တုန်းကမှ ရှိန်မနေတတ်တဲ့ နော့ဝှစ်ချ်စီးတီးတို့ အခုပွဲမှာလည်း အားထုတ်မှု အပြည့်နဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား အင်အား ကွာခြားချက်က ပွဲကို အဖြေထုတ်ပေးသွားခဲ့ပြီး ဦးဆောင်ဂိုးကို မထိန်းနိုင်တဲ့ အပြင် ဂိုးပြတ်ပါ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ နော့ဝှစ်ချ်စီးတီး တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ ကို ပြန်ဆင်းသွားခဲ့ရပြီး ဒီပုံ အတိုင်းသာ ဆိုရင် တန်းဆင်းဇုန် တိုက်ပွဲဟာ လာမယ့် ပွဲစဉ်တွေမှာ ပိုပြီး ပြင်းထန်လာတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး နော့ဝှစ်ချ်စီးတီး ကတော့ ၂၆ ရက်နေ့မှာ ဆောက်သမ်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်