နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘုန်းမောက်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ကီပါ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ဂိုးသမား ကီပါ အရစ်ဇာဘာလာဂါကို ဘုန်းမောက်ထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို အငှားနဲ့ သွားရောက် ကစားပြီးနောက် ချဲလ်ဆီးကို ပြန်ရောက်လာတဲ့ ကီပါဟာ အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေသူ ဖြစ်ပါတယ်။

စပိန်သားဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ပွဲပေါင်း ၂၀ ကစားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ကျောရိုး အရွတ် ဒဏ်ရာရရှိခဲ့တဲ့ သီဘောက် ကော့တွာစ် နေရာမှာ အစားထိုးဖို့ ကီပါကို ရည်ရွယ်ခေါ်ယူခဲ့ပေမယ့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာတော့ တတိယ ဂိုးသမား အန်ဒရီ လူနင်ကို အန်ဆယ်လော့တီက ပိုမို အသုံးပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ လာလီဂါ ကလပ် ဘီလ်ဘာအို ကနေ ချဲလ်ဆီး အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂.၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကီပါဟာ လက်ရှိ စျေးအကြီးဆုံး ဂိုးသမား အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ချဲလ်ဆီး ဘက်ကတော့ ကီပါ အတွက် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ရဲ့ ကမ်းလှမ်းမှု ကိုတော့ ပယ်ချထားခဲ့ပါတယ်။ လက်ရှိမှာ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကီပါဟာ ရီးရဲလ်မက်ဒရစ်ကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ချင်နေပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ ကီပါထက် အန်ဒရီ လူနင် ကိုသာ အသင်းမှာ ဆက်လက်ထားရှိဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက်က ကီပါကို ခေါ်ယူဖို့ အမှန်တယက် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆိုရင် ချဲလ်ဆီးနဲ့ ဘုန်းမောက် တို့ဟာ ကီပါကို တစ်နှစ် အငှားနဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိဖို့ ရှိနေတယ်လို့ သိရပါတယ်။

သတင်းတွေ အရ ဆိုရင် ကီပါဟာ ဘယ်အသင်းကို ပြောင်းရွှေ့ဖြစ်ပါစေ လာမယ့် နွေရာသီမှာ ကုန်ဆုံးမယ့် သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ တစ်နှစ် သက်တမ်းတိုး စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရှိနေတယ်လို့ သိရပါတယ်။ ကီပါဟာ ဒီနွေရာသီမှာ ချဲလ်ဆီး ကနေ မဖြစ်မနေ ထွက်ခွာရဖို့ ရှိနေတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီးတော့ အပြီးသတ် မဟုတ်ရင်တောင် အငှားနဲ့ ထွက်ခွာရဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီမှာလည်း ကစားသမားပေါင်း မြောက်မြားစွာကို တောသားချဲပေါက် ခေါ်ယူထားခဲ့ပြီးတော့ FFP စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိစေဖို့ အတွက်တော့ အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးရဲ့ လူစာရင်း အင်အားကို ကြည့်မယ် ဆိုရင်တော့ ဂိုးသမား ချည်းပဲ ၆ ဦး ရှိနေပြီးတော့ နောက်ခံလူ ၁၁ ဦး၊ ကွင်းလယ်လူ ၈ ဦး၊ တိုက်စစ်မှူး ၁၅ ဦး အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ တစ်ဖက်မှာလည်း အသင်းရဲ့ ဂိုးသမား တစ်ဦး ဖြစ်တဲ့ ဂျော်ဂျီ ပီထရိုဗစ် ကို အမြဲတမ်း သို့မဟုတ် အငှားစာချုပ်နဲ့ ထွက်ခွာခွင့်ပေးဖို့ အသင်းသစ် ရှာဖွေပေးလျက် ရှိနေပါတယ်။ သတင်းတွေအရတော့ ပီထရိုဗစ်ကို ချဲလ်ဆီးဟာ သူတို့ရဲ့ ညီအမ ကလပ် စထရက်စ်ဘော့ဂ်ထံ ပြောင်းရွှေ့ခွင့်ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်