နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အူဂါတီကို ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ဖို့ ကြိုးပမ်းပေးနေတဲ့ ဂျော့ဂျ် မန်းဒက်စ် | ပရီးမီးယားလိဂ်

နာမည်ကျော် အေးဂျင့် ဂျော့ဂျ် မန်းဒက်စ် ကတော့ သူ့ရဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ မန်ဝဲလ် အူဂါတီကို ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ဖို့ အတွက် အသေအချာ ကြိုးပမ်းပေးနေတယ်လို့ သိရပါတယ်။ မန်းဒက်စ်ဟာ ချဲလ်ဆီးနဲ့ ယာအို ဖီးလစ်ရဲ့ အပြောင်းအရွှေ့ကိစ္စ အတွက် အင်္ဂလန် နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေစဉ် အတွင်း ယူနိုက်တက်နဲ့ အူဂါတီရဲ့ အပြောင်းအရွှေ့ ကိုပါ တပြိုင်နက်တည်း အဆင်ပြေစေဖို့ လုပ်ဆောင်ပေးလျက် ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဂျော်ရွှာ ဇီယက်ခ်ဇီး၊ လီနီ ယိုရို၊ မားသီးယက်စ် ဒီလစ်ဂျ်၊ နူဆာ မက်ဇရာရီ တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒီကစားသမား ၄ ဦး အတွက် ယူနိုက်တက်က ယူရို သန်း ၁၅၀ ဝန်းကျင် အသုံးပြုထားပေမယ့် ကွင်းလယ်ပိုင်း အတွက် ကိုတော့ အင်အား မဖြည့်တင်းရသေးပါဘူး။ ဒါ့အပြင် ယူနိုက်တက်က သူတို့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား အူဂါတီနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားသည်း တိုင်အောင် ပြောင်းရွှေ့ကြေး အပိုင်းမှာ ပီအက်စ်ဂျီနဲ့ သဘောတူညီမှု မရရှိသေးပါဘူး။ ဒါကြောင့် အခုလို ကြန့်ကြာနေတဲ့ အပြောင်းအရွှေ့ ကိစ္စကို အဆင်ပြေစေဖို့ ဂျော့ဂျ် မန်းဒက်စ်က ပုံစံ မျိုးစုံနဲ့ ညှိနှိုင်းပေးလျက် ရှိပြီး ဒီအေးဂျင့်သာ သေချာကြိုးစားပေးရင်တော့ ဥရုဂွေး ကွင်းလယ်လူ အနေနဲ့ ယူနိုက်တက်ကို ရောက်ရှိဖို့ များပါတယ်။ 

ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ မန်ဝဲလ် အူဂါတီဟာ ပြီးခဲ့တဲ့ ရာသီ ကမှ ပေါ်တူဂီ ကလပ် စပိုတင်းလစ္စဘွန်း ကနေ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အူဂါတီဟာ အသင်းနဲ့ တစ်ရာသီသာ ဖြတ်သန်းရပြီးချိန်မှာပဲ ပီအက်စ်ဂျီက အူဂါတီကို ရောင်းထုတ်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပြီး အူဂါတီ ကိုယ်တိုင် ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ချင်စိတ် ပြင်းပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်ယူနိုက်တက်က ခေါ်ယူဖို ကြိုးပမ်းလာချိန် မှာတော့ အူဂါတီက ချက်ချင်းပဲ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ ဘက်ကတော့ အူဂါတီ အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏက တော်တော်လေး မြင့်မားနေတာကြောင့် ယူနိုက်တက်က အူဂါတီထက် တခြားသော ကွင်းလယ် ကစားသမားတွေကိုသာ ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဒီနွေရာသီမှာ ယူနိုက်တက် အမှန်တကယ် ခေါ်ယူချင်နေတဲ့ ကွင်းလယ်လူက မန်ဝဲလ် အူဂါတီသာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒီအခြေအနေကို သိတဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်က အင်္ဂလန်ကို ရောက်ရှိနေတုန်းမှာ အူဂါတီ၊ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီ တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စကို အဆုံးသတ်နိုင်ဖို့ အတွက် သေသေချာချာ ဆွေးနွေး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ တချို့သော သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် အူဂါတီ အနေနဲ့ ယူနိုက်တက်တို့ ချန်ပီယံလိဂ် ဝင်ခွင့် မရထားသည့် တိုင်အောင် အိုးထရက်ဖို့ဒ် ကိုသာ ပြောင်းရွှေ့ချင်နေတဲ့ အတွက် ပီအက်စ်ဂျီ တာဝန်ရှိသူတွေထံ တွန်းအားပေးထားတယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်