နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွာဒီယိုလာကြောင့် မန်စီးတီး ကနေ ထွက်ခဲ့တာပါ ဆိုတဲ့ ဂျေဇုစ် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၇ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂွာဒီယိုလာကြောင့် မန်စီးတီး ကနေ ထွက်ခဲ့တာပါ ဆိုတဲ့ ဂျေဇုစ်

အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်က မန်ချက်စတာစီးတီး ကနေ သူ ဘာလို့ ထွက်ခွာခဲ့ရလဲ ဆိုတာကို ပထမဆုံး အကြိမ် ဖွင့်ဟလိုက်ပါတယ်။ ဂျေဇုစ်ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်နဲ့ အတူ ခြေစွမ်းပြသနိုင်ခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်။

ဂျေဇုစ်က “ PSG နဲ့ ချန်ပီယံလိဂ် ပွဲမှာ သူက False 9 နေရာမှာ ကျနော့် အစား ဇင်ချန်ကိုကို အသုံးပြုခဲ့တယ်၊ ကျနော် အံ့အားသင့်ခဲ့ရပြီးတော့ စားတောင် မစားနိုင်ခဲ့တဲ့ အထိပဲ၊ အမေ့ဆီ ဖုန်းဆက်ခဲ့ပြီး ဒီအသင်း ကနေ ထွက်ချင်တယ်လို့ ပြောခဲ့လိုက်တယ်၊ အဲဒီပွဲမှာ ကျနော် လူစားဝင်ခဲ့ပြီး ၁ ဂိုး သွင်း၊ ၁ ကြိမ် ဖန်တီးပေးခဲ့လို့ အသင်း အနိုင်ရခဲ့တာပါ”

“ နောက်ပွဲကို ကျနော် ကစားခွင့်ရပြီလို့ ထင်ခဲ့ပေမယ့် မကစားခဲ့ရပါဘူး၊ ငါ ဆက်နေလို့ မဖြစ်တော့ဘူး၊ ထွက်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ နည်းစနစ်ပိုင်း အဆန်းထွင်မှုတွေမှာ ဂျေဇုစ် တစ်ယောက် အာဆင်နယ်ကို ရောက်ဖို့ အထိ ဖြစ်ခဲ့တာပါပဲ။

ပရီးမီးယား လိဂ်
အဲဗာတန်
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 3.00
ဂိုး‌အောက် အာရှ အကျောပေး -0.25 @ 1.90
ဂိုး‌အောက် 2.50 @ 1.85
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက် တာဝန်ရှိသူတွေကို လှောင်ပြောင်ခဲ့တဲ့ ဒဟဲယား

မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်လို့ အသင်း လက်မဲ့ ဖြစ်နေတဲ့ ဂိုးသမား ဒဟဲယား ကတော့ သူ့ရဲ့ တွစ်တာမှာ ဆပ်ကပ် လူရွှင်တော် အီမိုဂျီလေးကို တင်ခဲ့ပါတယ်။ ဒါဟာ သူ့ကို စာချုပ်သစ်ချုပ်မှာလား၊ မချုပ်ဘူးလား ဆိုတာကို ကွဲကွဲပြားပြား မလုပ်နိုင်သေးတဲ့ ယူနိုက်တက် တာဝန်ရှိသူတွေကို လှောင်ပြောင်ခဲ့တာပါ။

အလုပ်ကို လူရွှင်တော်တွေလိုမျိုး လုပ်နေတယ်လို့ ဒဟဲယားက ရည်ရွယ်ခဲ့ဟန် ရှိပါတယ်။ ဒီမတိုင်ခင်မှာလည်း သူက သမ်းနေတဲ့ အီမိုဂျီပါတဲ့ ပို့စ် တခုကို တင်ခဲ့ပြီး သူ စောင့်နေရတာ ပျင်းလာပြီလို့ အရိပ်အမြွက် ဆိုခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ အင်တာမီလန် ဂိုးသမား အိုနာနာကို ချိတ်ဆက်နေပြီး အဲဒီဘက် အဆင်မပြေမှသာ ဒဟဲယားကို စာချုပ်သစ်ချုပ်ဖို့ ယတိပြတ် ဆုံးဖြတ်ချင်ဟန် ရှိပါတယ်။

ဒီလို အနေအထားက ဒဟဲယား အတွက် ခံပြင်းချင်စရာ ကောင်းပါတယ်။ ဆယ်စုနှစ် တစ်ခုကျော် ကစားပေးခဲ့တဲ့ အသင်းက သူ့ကို ဟိုလိုလိုဒီလိုလို လုပ်နေပြီး ဂိုးသမား မခေါ်နိုင်မှသာ သူ့ကို စာချုပ်သစ် ချုပ်မယ် ဆိုတာမျိုးက တွေးကြည့်ရင် ဒေါသထွက်ချင်စရာပါပဲ။


အိုနာနာ အတွက် ယူနိုက်တက် ဆီက ရသလောက် ယူဦးမယ့် အင်တာ

ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်နဲ့ အိုနာနာက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရပြီးသားပါ။
အိုနာနာ အတွက် ယူနိုက်တက်ဆီက ပြောင်းရွှေ့ကြေး ပိုလိုချင်နေတဲ့ အင်တာမီလန်

မန်ချက်စတာယူနိုက်တက်က အင်တာမီလန် ဂိုးသမား အိုနာနာကို ယူရို ၄၅ သန်းနဲ့ အပိုဆုကြေး ၅ သန်း ဆိုပြီးတော့ မနေ့က ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမယ့် အင်တာမီလန်က အဲဒါကို ငြင်းဆန်ခဲ့ပြီး ယူရို ၅၅ သန်းရမှ ရောင်းမယ် ဆိုပြီးတော့ ပြောလိုက်ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်နဲ့ အိုနာနာက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရပြီးသားပါ။ ပြောင်းရွှေ့ကြေး သဘောတူပြီ ဆိုရင် အိုနာနာကို သူတို့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

တကယ်ဆိုရင် အိုနာနာကို အင်တာမီလန်က အလွတ်နဲ့ ရခဲ့တာပါ။ အေဂျက်ဇ် ကနေ ထွက်လာချိန်မှာ သူတို့က ဖရီးနဲ့ ခေါ်ခဲ့ပြီး အခုပြန်ရောင်းမယ့် အချိန်မှာ ယူရို ၅၅ သန်း အထိ တောင်းဆိုနေတာပါ။ ယူနိုက်တက်ရဲ့ ဂိုးသမား လိုအပ်ချက် မြင့်မားနေတာကို သိနေလို့ ရသလောက် တောင်းနေတဲ့ သဘောပါပဲ။

တဖက်မှာ ဒဟဲယားနဲ့ စာချုပ်သစ် မချုပ်ထားတဲ့ ယူနိုက်တက်က အိုနာနာကို တကယ် ခေါ်ယူချင်တယ် ဆိုရင် အင်တာမီလန် တောင်းတဲ့ စျေးကို ပေးရမယ့် အနေအထား ဖြစ်နေပါတယ်။ ယူနိုက်တက်တို့ ကစားသမားသစ် ခေါ်ပြီဆိုရင် ဒီလိုတွေချည်းပဲ ကြုံနေရတော့တာပါ။ သူတို့ဆီက ရသလောက်ယူမယ် ဆိုတဲ့ အနေအထားကိုပဲ ရင်ဆိုင်နေရပြီး လိုအပ်တာထက် ပိုတဲ့ စျေးတွေကို ပေးချေနေရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်