နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွါဒီယိုလာရဲ့ ၄ နှစ်ဆက် ချန်ပီယံ အိပ်မက် ပျက်သုဉ်းစပြုလာခဲ့ပြီလား | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာက စဉ်းစားရခက်ပါတယ်။ သူတို့က စာရွက်ပေါ်က လူစာရင်းအရ ဘယ်ပြိုင်ဘက်ကိုမဆို အသာလေး နောက်ကောက်ချနိုင်တဲ့ အသင်း တစ်သင်းပါ။ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ ချန်ပီယံလိဂ် ဆုဖလားသုံးလုံးနဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ အစောပိုင်း တိတိပပ ပြောရရင် အခုလပိုင်းလောက်မှာ ဆက်တိုက်ဆိုသလို ခြေချော်နေတာ မြင်တွေ့ရတာ တကယ်ကို စိတ်မသက်သာစရာပါပဲ။ အသင်းရဲ့ အဓိက ကွင်းလယ် မောင်းနှင်အား ဒီဘရိုင်းနား မပါနိုင်တာကို ပရိသတ်တွေလည်း အဲ့ဒီလောက် တမ်းတမနေပါဘူး။ 

တကယ်တမ်း ကစားပုံအရလည်း ဒါက လွမ်းလောက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲအထိ နိုင်ပွဲ ပျောက်ခဲ့တာ၊ အိမ်ကွင်းတွေမှာ ဆက်တိုက် အမှတ်တွေ ဆုံးရှုံးခဲ့တာက ဂွါဒီယိုလာ အတွက် မန်စီးတီး အတွက် လုပ်စရာတွေ ပြီးဆုံးသွားလို့လား ဆိုပြီး မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ ဒီတစ်ပတ် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာလည်း ဒီအတိုင်းပါပဲ။ အိမ်ကွင်း မှာပဲ ကစားရတယ်၊ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားရတယ်။ ဒါပေမယ့် လက်ကျန် (၁၄) မိနစ် အတွင်းမှာ (၂) ဂိုး ပေးလိုက်ရပြီး သရေ တစ်မှတ်နဲ့ ကျေနပ်လိုက်ရပါတယ်။ ဒါက ဂွါဒီယိုလာ အတွက် မယုံနိုင်စရာ ကောင်းတဲ့ အဖြစ်အပျက် တစ်ခုပါပဲ။ 

အမှတ်ကွာဟချက်သာ မလျှော့နိုင်ရင် သူတို့ရဲ့ ၄ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက်ပါ ပျက်သုဉ်းသွားနိုင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်ရှိနေတဲ့ မန်စီးတီး

ဒီအသင်းက အမြင့်ဆုံး အထိ ပျံသန်းပြီးမှ ပြန်ထိုးကျချိန် ရောက်လာသလား ဆိုတာကို ဆက်ပြီး စောင့်ကြည့်ရတော့မှာပါ။ ခဲလုံးတစ်လုံးကို လေထဲ ပစ်တင်လိုက်တဲ့အခါ ဒီခဲလုံးက အမြင့်ဆုံးကို ရောက်ပြီးတဲ့နောက် အောက်ကို စိုက်စိုက်မတ်မတ် ပြန်ဆင်းလာပါတယ်။ အခု မန်စီးတီး ဖြစ်ပျက်နေတာက အဲ့ဒါပါပဲ။ ကစားသမားတွေက သူတို့အနေနဲ့ ဒီရာသီမှာ ဘာမှမျှော်လင့်စရာ မရှိသလိုမျိုး ကစားနေတာ ပြဿနာပါ။ Treble ကို နှစ်ရာသီဆက် ယူနိုင်တဲ့ အသင်း တစ်သင်း ဖြစ်လာဖို့ ဂွါဒီယိုလာက ပစ်မှတ်ထားကောင်း ထားပါလိမ့်မယ်။ 

ဒါပေမယ့် မရခဲ့လို့လည်း မန်စီးတီးနဲ့ သူတို့ရဲ့ ကမ္ဘာကြီး မပြိုလဲသွားပါဘူး။ ဖာဂူဆန်ရဲ့ ယူနိုက်တက် နောက်ပိုင်း အင်္ဂလန် ကလပ်တွေထဲမှာ ဒါမျိုး စွမ်းဆောင်နိုင်တဲ့ အသင်းက သူတို့ပဲရှိတယ်၊ ဥရောပ ထိပ်တန်းလိဂ်တွေ ထဲမှာ လက်ချိုးရေနိုင်တဲ့ အသင်းတွေလောက်ပဲ ဒါမျိုး Treble ကို ရယူနိုင်ခဲ့ကြတယ်။ ဒီတော့ မန်စီးတီး တိုက်စစ်ပိုင်းက ဂိုးတွေ သွင်းသလောက် ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်ပြီး ခံစစ်က ဂိုးတွေ ဆက်တိုက် ပေးနေရပါတယ်။ တစ်ပွဲ၊ နှစ်ပွဲ ခြေချော်တာက သူတို့ အတွက် ပြဿနာမဟုတ်ပေမယ့် ဆက်တိုက်ကြီး ခြေချော်နေတာ၊ ခံစစ်ပိုင်းက ဂိုးတွေကို လွယ်လွယ်ကူကူနဲ့ ခွင့်ပြုနေရတာက သူတို့ရဲ့ ကစားပုံ အပြင် စိတ်ဓာတ်ပိုင်း မှာပါ ပြဿနာ ရှိနေပါတယ်။ ဒီပုံစံ ကတော့ အာဆင်နယ်၊ လစ်ဗာပူးလ်တို့ အတွက် ပျော်စရာ ဖြစ်နေမှာ အသေအချာပါပဲ။

လက်ရှိမှာ မန်စီးတီးက အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ်ပြတ်သွားခဲ့သလို လစ်ဗာပူးလ်၊ ဗီလာ တို့နဲ့လည်း ၄ မှတ် ပြတ်တောက်သွားခဲ့ပါပြီ။ ကလပ် ကမ္ဘာ့ဖလားပွဲ ကစားရဖို့ ရှိပြီး ကြားထဲမှာ လိဂ်ပွဲတွေ ကစားရမှာ မဟုတ်လို့ အမှတ် ကွာဟချက်က ကြီးမားလာဦးမှာပါ။ ဒါကိုလိုက်မီဖို့ အတွက် သူတို့တွေ မနည်း ပြန်လုပ်ရပါဦးမယ်။ ဂွါဒီယိုလာ အတွက် တကယ့် ခရီးကြမ်းပါပဲ။ သူ အသင်းကို ပြန်ဆွဲတင်နိုင်မယ် ဆိုတာ ကတော့ သေချာပါတယ်။ ဒါပေမယ့် ထိပ်ဆုံးက အသင်းတွေကို လိုက်မီမလား၊ မမီဘူးလား ဆိုတာကတော့ မသေချာပါဘူး။ အမှတ်ကွာဟချက်သာ မလျှော့နိုင်ရင် သူတို့ရဲ့ ၄ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက်ပါ ပျက်သုဉ်းသွားနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်