နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီဘရွန်းနား အသင်းမှာပဲ ဆက်ရှိနေမယ်လို့ အခိုင်အမာ ပြောကြားလာတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းရဲ့ ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနား ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း သတင်းတွေ ထွက်နေသူပါ။ ဒါပေမယ့်လည်း သူ့ရဲ့ နည်းပြ ဖြစ်တဲ့ ပက်ပ် ဂွာဒီယိုလာ ကတော့ ကီဗင် ဒီဘရွန်းနား အနေနဲ့ လက်ရှိ နွေရာသီ ဈေးကွက်မှာ အသင်း ကနေ ထွက်ခွာသွားမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။

အသက် ၃၃ နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ဒီဘရွန်းနားက နောက်ပိုင်း နှစ်တွေမှာ မကြာခဏ ဆိုသလို ဒဏ်ရာတွေရပြီး ကြံခိုင်မှု မပြည့်ဝတာကြောင့် ပွဲထွက်ကစားဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက ပွဲထွက်ခွင့်ရချိန်မှာ မန်စီးတီး အတွက် အဓိက အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒီဘရွန်းနားဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲ ရောက်ရှိလာချိန် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုရက်ပိုင်း အတွင်းမှာပဲ ဒီဘရွန်းနား အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ် အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အတွက် သဘောတူညီလိုက်တယ် ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒီဘရွန်းနားဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ဘောလုံးရာသီ ၉ ရာသီ ဖြတ်သန်းထားခဲ့ပြီး ဂိုးဖန်တီးမှုပေါင်း ၁၁၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
မန်စီးတီးနဲ့ အတူ ၉ ရာသီ ဖြတ်သန်းထားတဲ့ ဒီဘရွန်းနား

ဒီဘရွန်းနားဟာ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၅ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ချန်ပီယံလိဂ် ချန်ပီယံ ၁ ကြိမ်၊ ဒုတိယ ၁ ကြိမ် ရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပါးနပ်ပြီး တိကျတဲ့ ဖန်တီးပေးပို့မှုတွေနဲ့ အသင်း အတွက် လိုအပ်နေချိန်တိုင်း အရေးပါတဲ့ ဂိုးတွေ သွင်းယူပေးတတ်တဲ့ ဒီဘရွန်းနားဟာ မန်စီးတီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့သူပါ။

ဒီဘရွန်းနားဟာ ၂၀၁၅ ခုနှစ် မှာ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးကို ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ သူက အသင်း အတွက် ပွဲကြီး ကစားသမား တစ်ဦး ဖြစ်ခဲ့သလို မန်စီးတီး အတွက်လည်း ပြိုင်ပွဲစုံ ပွဲပေါင်း ၃၈၀ အထိ ကစားပေးခဲ့ရာမှာ သွင်းဂိုး ကလည်း ၁၀၂ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားချက် ကတော့ ဒီဘရွန်းနားက မန်စီးတီး အတွက် ဂိုးပါဝင်ပတ်သတ်မှု အကြိမ် ၁၇၀ အထိ ရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒီလို အသင်း အတွက် မရှိမဖြစ် အရေးပါနေဆဲ ကစားသမား ဖြစ်တဲ့ ဒီဘရွန်းနားကို ကောလာဟလတွေ ထွက်ပေါ်နေသည့်တိုင်အောင် နည်းပြ ပပ်ဂွာဒီယိုလာ ကတော့ လုံးဝ လက်လွှတ်လိုခြင်း မရှိပဲ အခုလို ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဘရွန်းနားဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ဘောလုံးရာသီ ၉ ရာသီ ဖြတ်သန်းထားခဲ့ပြီး ဂိုးဖန်တီးမှုပေါင်း ၁၁၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီကစားသမားက ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် ဒုတိယမြောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်ထားနိုင်ပါတယ်။ အခုလက်ရှိ မှာတော့ ပပ်ဂွာဒီယိုလာရဲ့ ပြောစကားအရ ဒီဘရွန်းနား ကိုတော့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းမှာပဲ ဆက်မြင်ရဖို့ ရှိပြီး သူ့ရဲ့ ရင်သပ်ရှုမောဖွယ် ဖန်တီးမှုတွေ ကိုလည်း ဆက်လက် မြင်တွေ့ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်